Tuesday, June 17, 2014

လူတွေက မလိုအပ်တဲ့ကိစ္စတွေမှာ အာရုံစိုက်မှု ပိုကောင်းကြတယ် ။

လူတွေက မလိုအပ်တဲ့ကိစ္စတွေမှာ အာရုံစိုက်မှု ပိုကောင်းကြတယ် ။
ကိုယ့်အိမ်ခန်းကိုတော့ သန့်ရှင်းဖို့ မစဉ်းစားဘူး ။
အိပ်ယာထချိန်ကို နှိုးစက်ပေးတတ်ပေမဲ့
အိပ်ရာဝင်ချိန်အတွက်တော့ အလေးမထားကြဘူး။
...
အမြဲပဲ အကျိုးမဲ့ ကုန်လွန်သွားတဲ့ အချိန်တွေ အတွက် နောင်တရတတ်ပေမဲ့
လက်ရှိ အချိန်တွေကိုတော့ စံနစ်တကျ အသုံးမချကြဘူး ။
သေလွန်ပြီးသူတွေ အတွက် ပူဆွေးတတ်ကြပေမဲ့
လက်ရှိ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုတော့ တန်ဘိုးထားဖို့ မေ့နေတတ်တယ် ။
ဖြစ်မှ ဖြစ်ပါ့မလားလို့ အမြဲတွေးနေတတ်ပေမဲ့
ဘယ်လို စတင်ရမလဲလို့တော့ မစဉ်းစားတတ်ဘူး ။
အချိန်ပြည့် အောင်မြင်သူတွေ အကြောင်းကို အားကျနေကြပေမဲ့
သူတို့ ဘယ်လိုနည်းနဲ့ အောင်မြင်ကြတာလဲ ဆိုတာ မတွေးဘူး ။
တန်ခိုးရှင်တွေကို ကိုးကွယ် တန်ဘိုးထားသူတွေက
ကျေးဇူးရှင် မိဘတွေကိုတော့ မေ့နေတတ်တယ် ။
ကြီးကြီးကျယ်ကျယ် မစဉ်းစားချင်နေပါ
မြင့်မြင့်မားမား စိတ်မထားချင်နေလိုက်ပါ
သင့်ရဲ့ အနီးဆုံးက လိုအပ်နေသူကို ကူညီလိုက်ပါ ၊
ဒါဟာ သင့်ဘဝရဲ့ ပီတိ ၊ မေတ္တာ ၊ စေတနာ ၊
သင်အတတ်နိုင်ဆုံးသော အရာပါ ။
Credit to ရဲသူရိန်မင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ