အရွယ်ရောက်ပြီး အမျိုးသမီးများအဖို့ အချိန်တန်သော အခါသင့်ပြီဆိုပါက ဘ၀အိမ်ထောင်ကိုထူထောင်ကြရ စမြဲပါ။ လောကဓမ္မတာအရ အမျိုးသမီးများကလူသား တို့မျိုးဆက်တာဝန်ကိုမိခင်လောင်းအဖြစ်ကိုယ်ဝန်ဆောင်ပေး ကြရပါတယ်။ကိုယ်ဝန်ဆောင်ချိန်ကအမျိုးသမီးတွေအတွက် စိတ်လှုပ်ရှားဖွယ်ကောင်း သလို တစ်ပြိုင်တည်းမှာပဲ စိတ်ကြည်နူးခြင်း၊ ၀မ်းနည်းခြင်း ၊စိုးရိမ်အား ငယ်ခြင်း၊ အလိုလိုဒေါသထွက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ဓာတ်ကျခြင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံတွေ့ ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ခန္ဓ္ဓာကိုယ်ဇီဝ ကမ္မပြောင်းလဲသွားခြင်းကြောင့်ကိုယ်အလေးချိန်တိုးလာခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊မူးဝေခြင်း၊ငိုက်မြည်းခြင်း၊ ဟော်မုန်းပြောင်းလဲ၍အိပ်မပျော်ခြင်း၊ ဆံပင်ကျွတ်ခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာ ပြဿနာ တွေကိုလဲ မွေးဖွားခါနီးထိ ကြုံတွေ့ရတတ်ပါတယ်။ အောက်ပါနည်းလမ်း(၁၃)သွယ်က မိခင်လောင်းတွေစိတ်ရွှင်လန်းစေဖို့အတွက်အထောက် အပံ့ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
(၁)အချို့သောမိခင်လောင်းတွေဟာရင်သွေးကိုဝမ်းတွင်လွယ်ရသော ပထမသုံးလတာကာလ အတွင်း ပျို့အန်တဲ့ဝေဒနာကို ခံစားကြရပါတယ်။ ထိုဝေဒနာမှ ကင်းဝေးအောင် (က) လတ်လတ်ဆတ်ဆတ်ကျိုချက်ထားတဲ့ နွားနို့တစ်ခွက်ထဲကို ထန်းလျက်တစ်ခဲ(သို့မဟုတ်)နှစ်ခဲထုချေ၍ထည့်ဖျော်သောက်ပါ(ခ) ထမင်း စားဇွန်းတစ်ဇွန်းပမာဏရှိသော ဥသျှစ်သီးမှည့်နှင့် သကြားတို့ကိုဆတူရော၍ဆန်ဆေးရည်တစ်ခွက်ထဲသို့ ရော၍ ဆန်ဆေးရည်ထဲသို့ရော၍ဖျော်သောက်ပါ(ဂ)သဘောင်္သီးမှည့်ကိုနံနက်တိုင်းစားပေးပါ။
(၂)ထို့နည်းတူကိုယ်ဝန်ဆောင်ပထမသုံးလတာအတွင်း ဟော်မုန်းဆင့်မြင့်တက်လာတာကြောင့်လဲ စိတ်ပင်ပန်းနွမ်းနယ်လာပြီး ခေါင်းကိုက်ဝေဒနာခံစားရပါတယ်။ နားချိန်များများယူပေးပါ။
(၃)ကိုယ်ဝန်ရင့်လာလေခန္ဓ္ဓာကိုယ်တဖြည်းဖြည်းထွားလာတာကြောင့် သွေးထဲမှာ သကြားဓာတ်ပမာဏနည်းလာပြီးမူးဝေလာတတ်ပါတယ်။ ဒါကြောင့် သွေးအတွင်းသကြားဓာတ်ပုံမှန်ရရှိစေဖို့အတွက် နည်းနည်း နှင့်မကြာခဏဆိုသလိုအစာစားပါ။
(၄)စိတ်ဖိစီးမှုများခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကိုမိခင်လောင်း၏ ဦးနှောက်သွေးကြောတွေကို ရောင်ရမ်းစေတတ်လို့ ရေများများသောက်ပေးပါ။
(၅)၂၁ရာစုအမျိုးသမီးအများစုဟာ ကော်ဖီကိုပုံမှန်သောက်သုံးသူတွေဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ရတဲ့အခါကဖိန်းဓာတ်ရုတ်တရက်ဖြတ်လိုက်ခြင်းကြောင့် ခေါင်းကိုက်၍ စိတ်အနောက်ကျိလာတတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ကော်ဖီမသောက်သင့်သော်လဲ စိတ်ဖိစီးမှုပြေလျှော့စေဖို့အတွက်တဖြည်းဖြည်းချင်းကော်ဖီ လျှော့သောက်၍ ဖြတ်ပေးပါ။
(၆) များသောအားဖြင့် သားဦးကိုယ်ဝန်ဆောင်သူ မိခင်လောင်းတွေမှာစိတ်ထိခိုက်လွယ်ကြပါတယ်။အဲလိုမဖြစ်အောင် အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ။စိတ်ငြိမ်အောင်တရားမှတ်ပါ။ အဓိဌာန်ပုတီးစိပ်ပါ။ ပရိတ်တရားကြားနာပါ။ ရွတ်ဖတ်ပါ။
(၇)ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ခန္ဓ္ဓာကိုယ်အပူချိန်မြင့်တက်လာသောကြောင့် ရေမှန်မှန်ချိုးဖို့လိုအပ်ပါ တယ်။ပူအိုက်ပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ရေမချိုးဖြစ်ရင် မျက်နှာနဲ့နဖူးပေါ်မှာ ရေစိုအ၀တ်ကလေး ကပ်ပေးပါ။
(၈) တစ်နေ့ကို နာရီဝက်ခန့်လမ်းမှန်မှန်လျှောက်ပါ။ အဲဒီလိုလေ့ကျင့်ခန်းလုပ်ခြင်းကဦးနှောက်မှအန်ဒေါ်ဇင်ဟော်မုန်းကို ထုတ်ပေးတာကြောင့် သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်လာပြီး မွေးဖွာစဉ်နာကျင် ခြင်းဝေဒနာကို လျော့ပါးသက်သာစေပါတယ်။
(၉)ကိုယ်ဝန်ကိုလက်နဲ့အသာပွတ်၍ဘုရားစာဆိုပေးခြင်း၊ မိမိရင်သွေးကိုမည်မျှချစ်ခင် မျှော်လင့်နေကြောင်းအားပေး စကားပြောပေးခြင်းစသည်တို့ကိုမကြာခဏလုပ်ပေးပါ။ ဒီနည်းကစိတ်ဖိစီး စေတတ်သော ဟော်မုန်းထွက်ရှိမှုကို ပြေလျှော့စေတဲ့အပြင် မိခင်နှင့်ရင်သွေးငယ်တို့ ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေပါတယ်။
(၁၀) မီးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူများ၏ စကားများနှင့် ကျန်းမာရေးသုတစာများကို စကားများနှင့် ကျန်းမာရေးသုတစာများကိုနှိုင်းယှဉ်ဖတ်ရှုပြီးနောက် နားဝေတိမ်တောင် ဖြစ်သွားတတ်ပါတယ်။ ခေါင်းအေးအေးထားပါ။ မိမိကိုယ်ဝန်အပ်ထားသောဆရာဝန်၏ညွန်ကြားချက်အတိုင်းလိုက်နာပါ။
(၁၁) သားဦးကိုယ်ဝန်ဆောင်ရသူများအဖို့ မီးဖွားခြင်း အတွေ့အကြုံမရှိသေးတာကြောင့်လဲစိုးရိမ်ပူပန်မှုမရှိပါနှင့်။ခေတ်မီဆေးသိပ္ပံနည်းပညာများတိုးတက်ခေတ်မီနေသည့်အတွက်ယောကျားဖောင်စီး မိန်းမမီးနေဆိုတဲ့စကားကိုရာဇ၀င်ထဲမှာသာထားရစ်ခဲ့ပါတော့။
(၁၂)ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်တိုးလာခြင်းနှင့် ဗိုက်ကြောများပြတ်ခြင်းတို့ကြောင့်အလှပျက်မှာကိုတွေးမပူပါနှင့်။ ဒါယာယီသာဖြစ်ပြီးကလေးမွေးပြိးနောက်ကာလတစ်ခုအကြာမှာ ဗိုက်ကြော ပြတ်တာတွေက သူ့အလိုလိုပြေပျောက်သွား သလိုကိုယ်အလေးချိန်လျှော့ကျသွားအောင်လဲ ပြန်လည်ပြုပြင်လို့ ရပါတယ်။
(၁၃)အာထရာလ်ဆောင်းကြည့်၍ မွေးလာမည့်ကလေးကိုသားသား၊ မီးမီးကြိုတင်ခန့်မှန်းလေ့ရှိကြပါတယ်။သို့သော်အာထရာလ်ဆောင်းအဖြေက၁၀၀ရာခိုင်နှုန်းမမှန်တတ်တဲ့ သာဓကများရှိတာကိုသတိချပ်ပါ လေ။
ပေါက်ပေါက်

No comments:
Post a Comment