တန်ဖိုးမဖြတ်နိုင်တဲ့မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာရှေးဟောင်းမြို့ကြီးများ
===================================
မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်
ရှေးမွေအဖြစ် ပျူမြို့ဟောင်း သုံးမြို့ကို သတ်မှတ်ခြင်းခံရတဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာအနေနဲ့
မြင့်မားပါတယ်။ မြန်မာနိုင်ငံက ယဉ်ကျေးမှုသည် အမျိုးသားအဆင့်မှာတောင် မဟုတ်ဘဲ ကမ္ဘာကတောင်
အသိအမှတ်ပြုရတဲ့ အဆင့် ရောက်တယ် ဆိုတဲ့ သဘောဖြစ်ပါသည်။
ဗိဿနိုး
ဗိဿနိုးမြို့ဟောင်း
ဗိဿနိုးမြို့သည် မကွေးမှ တောင်တွင်းကြီးသို့
သွားသောကားလမ်းပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း၂၂၀၀ခန့်က ပေါ်ထွန်းခဲ့သော ရှေးမြို့ဟောင်းဖြစ်သည်။ “ပန်ထွာပြည်၊ ပန်ထွာမြို့” ဟုပန်ထွာမင်းသမီးကိုအစွဲပြု၍ခေါ်တွင်ကြောင်းသိရသည်။
ဗိဿနိုးပျူတို့သည်လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်၍ ကူးသန်းရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးဝမ်း ကြောင်းပြုကြသည်။ အ၀တ်အစားများကို လက်ပံမှို့
ကို ကိုယ်တိုင်ဗိုင်းငင်၍ ရက်လုပ်သော အ၀တ်ကိုဝတ်ဆင် ကြသည်။ ရန်သူများမကြာခဏ လာရောက်တိုက်ခိုက်တတ်သောကြောင့်
ပျူတို့သည် စည်းစည်းလုံးလုံးဖြင့် မိမိတို့၏ အိုးအိမ် စည်းစိမ်ကိုကာကွယ်၍ အေးချမ်းစွာ
လုပ်ကိုင်စားသောက်ကြသည်။ ပျူတို့သည် ပိသုကာ အတတ်ကိုကျွမ်းကျင်ကြသည်။ အုတ်တိုက်နံရံများကို
အင်္ဂတေမွမ်းမံခြင်း၊ ထုံးသုတ်ခြင်းဆေးခြယ်ခြင်းတို့ ပြုလုပ်ကြသည်။
ဗိဿနိုးခေတ်တွင်
အသက်မွေးဝမ်းကျောင်းအနေနဲ့ လက်ယာလုပ်ငန်း၊ပန်းပဲ၊ရက်ကန်း လုပ်ကိုင်ပြီး အလှအပအဆင်တန်ဆာဖြစ်သော
ပုတီးလက်ကောက်လုပ်ငန်း နှင့်ရွှေငွေများကိုအသုံးပြု တတ်နေပြီ ဖြစ်သည်။ အဓိကစီးပွားရေးမှာ
လယ်ယာလုပ်ငန်းဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းတွင် အိန္ဒိယနှင့်တရုတ်ပါဝင်လာပြီးထိုခေတ်ကတည်းက မြန်မာနိုင်ငံအလယ်ပိုင်းသည် နိုင်ငံခြားကုန်သွယ်ရေးတွင် စခန်းကောင်း တခုဖြစ်ခဲ့သည်။
ဗိဿနိုးတို့သည်
လူမှုဆက်ဆံရေးတွင်လည်း ရိုသေထိုက်သူကို ရိုသေးလေးစားသည့် ဂါရ၀တရားလက်ကိုင်ထားကြသည်။အများစုမှာ
ဗုဒ္ဓ္ဓဘာသာကိုကိုးကွယ်သည်။ ဗိဿနိုးခေတ်တွင်စာပေထွန်း
ကားမှုမရှိပေ။ထိုခေတ်ကတည်းကနိုင်ငံတည်း ဟူသော လူနေမှုအဖွဲ့အစည်းရှိနေပြီဖြစ်သည်။
သရေခေတ္တရာ
ပျူမြို့ဟောင်း
ပျူမြို့တော်ဖြစ်ပြီး ယခုအခါတွင် ပြည်မြို့၏
အရှေ့တောင်ဘက် ငါးမိုင်ကွာတွင်ရှိသော မှော်ဇာရွာ အနီးတွင်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းသည်
အ၀ိုင်းပုံသဏ္ဍာန်ဖြစ်သည်။ မြို့အကျယ် တစ်ဆယ့်ရှစ် စတုန်းမိုင်ရှိသဖြင့် ပုဂံ၊ မန္တလေးစသော
နှောင်းမြို့တို့ထက် ကျယ်ဝန်းသည်။ ကျုံး၊ မြို့ရိုးတို့နှင့် အခိုင်အမာရှိ သည့်အပြင်
နန်းတော်ရာလဲရှိသည်။ ၀ိကြရမမင်းဆက်အုပ်စိုးသွားကြောင်း အရိုးစာများအရ သိရသည်။
ဟန်လင်း
ဟန်လင်းမြို့ဟောင်း
ဟန်လင်းမြို့သည် ရွှေဘိုခရိုင်ဝက်လက်မြို့နယ်အတွင်း၌
ရှိသည်။ ဟန်လင်းမြို့ဟောင်းသည် သရေခေတ္တရာထက်အရွယ်အစားငယ်သော်လည်းအရေးပါသောနေရာတွင်တည်ရှိသည်။တရုတ်နိုင်ငံ
အနောက်ပိုင်းယုန်ချန်မှအိန္ဒိယသို့သွားသောကုန်သွယ်လမ်းကြောင်းပေါ်တွင်တည်ရှိသည်။ပျုတို့ပိုင်နက်သည်
အရှေ့တွင် ကမ္ဘောဇဒွရာဝတီ၊ တောင်ဖက်တွင်ပင်လယ်၊အနောက်ဖက်တွင်အရှေ့အိန္ဒိယ၊ မြောက်ဖက်တွင်
နန်ကျောင်ဟုသိရသည်။ပျူလူမျိုးတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ခရစ်နှစ် (၃)ရာစုမှ
(၉)ရာစုအထိ ယာဉ်ကျေးမှုအဆင့်အတန်းမြင့်မားစွာဖြင့် ထွန်းကားခဲ့သူများဖြစ်သည်။
ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာမြို့ဟောင်း
သုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး
မြန်မာနိုင်ငံ၏ ရှေး အကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။‘‘အခုဆို ပျူမြို့ဟောင်းတွေ
ကမ္ဘာ့အမွေအနှစ်ဝင်သွားပါပြီ။ ကျွန်တော်တို့တွေ အားလုံး ပူးပေါင်း ပြီး ပျူယဉ်ကျေးမှု
အမွေအနှစ် တွေကိုလည်း ဆက်လက်ထိန်း သိမ်းစောင့်ရှောက်သွားရပါမယ်။ မြန်မာကို ကမ္ဘာ့က သိလာပြီး
နိုင်ငံအတွက်လည်း ဂုဏ်ရှိသလို ဒေသခံတွေအတွက်လည်း များစွာအကျိုးဖြစ်ထွန်း လာမယ်’’ဟု မျှော်လင့်မိပါတယ်။ဒါဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်ဆုံးသောဂုဏ်ယူစရာကောင်းသော အမွေအနှစ် ဖြစ်သလို၊
မြန်မာနိုင်ငံသားအား လုံးကလဲ အသိစိတ်ဓာတ်လေးတွေနဲ့
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် မြန်မာနိုင်ငံသားအားလုံး၏တာဝန်ပင်ဖြစ်ပါသည်။
credit to ပြည်ထောင်စုစိတ်ဓာတ်
post by အဖြူရောင်လေး
No comments:
Post a Comment