Monday, June 16, 2014

ရည်မှန်းချက် ခိုင်မာရမယ်

ရည်မှန်းချက် ခိုင်မာရမယ်။ 
ဘဝမှာ လဲကျဖူးတာဟာ ပြဿနာမရှိပါ။ ပြန်မထနိုင်တာကသာ ပြဿနာဖြစ်ပါတယ်။ လောကဓံကို ရင်ဆိုင်ဖို့ ကြံ့ကြံ့ခိုင်ခိုင် ရှိနေတဲ့ ဘဝမျိုးကသာ အသင့်တော်ဆုံးပါ။ လဲကျနေတဲ့ပုံစံနဲ့ ရင်ဆိုင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြန်ထဖို့ နှောင့်နှေးခြင်း မရှိသင့်ဘူး။ လဲကျတာဟာ နောက်တစ်ကြိမ်ပြန်ထဖို့ ခဏတာအနားယူခြင်းလို့ ခံယူတတ်ရမယ်။ ဒီနေရာမှာ မိမိရည်မှန်းချက်ဟာ ကြည်လင်ပြတ်သားစွာ ရှိနေမှ အဆင်ပြေပါလိမ့်မယ်။ ရည်မှန်းချက် မှုန်ဝါးတဲ့အခါ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေနဲ့ ကြုံကြရတဲ့သူတွေဟာ မရပ်တည်နိုင်ပဲ လှဲနေတတ်ကြပါတယ်။ ဘဝမှာ လဲနေတာထက် လှဲနေတာက လွန်စွာဆိုးပါတယ်။ လှဲနေတဲ့သူတွေ မဖြစ်ဖို့ ရည်မှန်းချက်ကို ခိုင်မာပြတ်သားစွာ ဆုပ်ကိုင်ထားရမှာပါ။

 Credit True Man

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ