ရဟန်းသံဃာများ မဲပေးပိုင်ခွင့် ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လိုအပ်သည် ဟာ တောင်ငူမြို့နယ်တွင် ပြုလုပ်သည့်လူထု ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီးနောက် အဆိုပါ စကားမှာ သံဃာနှင့် ဓမ္မအတွက် အန္တရာယ် ရှိသည်ဟု ဝေဖန်လိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်သူလူထုနှင့်အမေးအဖြေပြုလုပ်ရာ၌သံဃာတော်တစ်ပါး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ၀ဲကြီးကျေးရွာမှ ဦးတိလောက ၏ မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရဟန်းသံဃာတော်များ မဲပေးခွင့် ဖယ်ထားသည့် ဥပဒေပုဒ်မကို ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများဆန္ဒအရ ပြောင်းလဲနိုင်ကြောင်း၊ပုဒ်မ၄၃၆ ပြင်ဆင်နိုင်လျှင် သံဃာတော်များမဲပေးခွင့်ရရှိလာစေမည် ဖြစ်ကြောင်း၊ပုဒ်မ၄၃၆ ပြင်ဆင်နိုင်ရန်အရေးကြီးကြောင်း ပြောကြားသည်။
“ဒါကတော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာကတည်းက ရဟန်းသံဃာတွေ နိုင်ငံရေးနဲ့ ကင်းရှင်းအောင်၊ သာသနာတော် တည်တံ့ပြန့်ပွား ရေးကိုပဲ ဇောက်ချလုပ်နိုင်အောင် ချမှတ်ခဲ့တာ လို့ ကျွန်တော် တော့ နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း ရဟန်းသံဃာတွေ ပါတီနိုင်ငံရေးကိစ္စတွေနဲ့ မရောထွေးဖို့ တိုင်းသိပြည်သိ ပြောကြားခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေ စိတ်ဝမ်းကွဲပြားပြီး ဟိုပါတီက ဘုန်းကြီး၊ ဒီပါတီက ဘုန်းကြီး ဒီလိုမျိုး အကွဲအပြဲတွေ ဖြစ်လာရင်ဗုဒ္ဓဘာသာဒုက္ခရောက်သွားမယ်ဆိုပြီးရှုမြင်ခဲ့တာပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘာသဘောနဲ့ ပြောသလဲဆိုတာတော့အသေအချာမသိဘူး။သံဃာတွေမဲပေးခွင့်ရအောင်လုပ်ပေးမယ်၊ဒီလိုလုပ်ဖို့ ၄၃၆ ပြင်ပေးဆိုတာကတော့သိပ်ပြီးအန္တရာယ်များတယ်လို့ထင်တယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
“သံဃာနဲ့ နိုင်ငံရေး၊ စည်းတားထားတာကို ဖယ်ရှားပစ်တော့မယ့် သဘောလား။ ဒါဆိုရင်တော့ ဘာသာ သာသနာအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်သလား ဆိုရင်တော့ အများကြီး စဉ်းစားဖို့ လိုတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက သံဃာနဲ့ ဓမ္မအတွက် အန္တရာယ် ရှိတယ် လို့ပဲ ပြောချင်တယ်။ နိုင်ငံရေး ကိစ္စတွေမှာ သံဃာတော်တွေ ပါဝင်သင့်သလား ဆိုတာကတော့ ၀ိနည်း၊ စည်းမျဉ်းတွေအရမပါဝင်သင့်ဘူးလို့ပဲဦးဇင်းကတော့ယူဆတယ်။ဆရာတော်ကြီးတွေသွားမေးကြည့်ရင်တော့ ပိုပြီးတိတိကျကျသိနိုင်မယ်ထင်တယ်။ဘာပဲ ပြောပြောဒီလိုစကားမျိုးက သေသေချာချာ လေ့လာသုံးသပ်ပြီးမှ
ပြောသင့်တဲ့ စကား ဆိုရင် မမှားဘူး” ဟု ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် ရွေးကောက်ပွဲများတွင် ရဟန်းသံဃာများ မဲပေးပိုင်ခွင့် ရရှိအောင် ပုဒ်မ၄၃၆ ပြင်ဆင်ရန်ဟူသောတိုက်တွန်းချက်နှင့်ပတ်သက်၍ရဟန်းသံဃာများအကြားအငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် ရွေးကောက်ပွဲများတွင် ရဟန်းသံဃာများ မဲပေးပိုင်ခွင့် ရရှိအောင် ပုဒ်မ၄၃၆ ပြင်ဆင်ရန်ဟူသောတိုက်တွန်းချက်နှင့်ပတ်သက်၍ရဟန်းသံဃာများအကြားအငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
myanmar express
No comments:
Post a Comment