Sunday, August 30, 2015

ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း အာရှလမ်းမကြီး ဒုသမ္မတတက်ရောက် ဖွင့်လှစ်

ခြိမ်းခြောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ဒုတိယ သမ္မတဦးဉာဏ်ထွန်းဦးဆောင်သည့် အစိုးရအဖွဲ့ နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့က အာရှလမ်း (မြ၀တီ-ကော့ကရိတ်လမ်း ပိုင်း) ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်သည်ဟု သတင်းရရှိသည်။


သြဂုတ် ၃၀ ရက် နံနက် ၉ နာရီတွင် မြ၀တီ-ကော့ကရိတ်ကြားရှိ သင်္ကန်းညီနောင်ဂိတ်အနီး ဖွင့်ပွဲကျင်းပ ခဲ့ပြီး လူအင်အား ၁၅၀ ပါဝင်သည့် ထိုင်းအစိုးရအဖွဲ့လည်း တက်ရောက်သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီကေဘီအေမှ ခွဲထွက်လက်နက်ကိုင်အဖွဲ့က အာရှလမ်းဖွင့်ပွဲနေ့တွင် တိုက်ခိုက်မှု များပြုလုပ်မည် ဖြစ်ကြောင်း ကြေညာထားပြီး သြဂုတ် ၂၉ ရက်က ယင်းလမ်းမပေါ်သို့ (၄၀-မမ) ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခံခဲ့ ရသောကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင်ဦးဆောင်ကာ လုံခြုံရေးပိုင်း တင်းတင်း ကျပ်ကျပ် လုပ်ဆောင်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အာရှလမ်းဖွင့်ပြီးနောက် မြန်မာ-ထိုင်း အမှတ်(၂) ချစ် ကြည်ရေးတံတား အုတ်မြစ်ချခြင်းကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အာရှလမ်းဖွင့်ပွဲကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတက်ရောက်ခဲ့ပြီး အစိုးရက အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ကရင်တိုင်းရင်းသားခေါင်းဆောင် အသိုင်းအ၀ိုင်းက ပြောသည်။ ယင်းလမ်းဖွင့်ပွဲကို မတက် ရောက်ရန် (KNU) ဥက္ကဋ္ဌထံသို့ နိုင်ငံတကာ ကရင်အမျိုးသားများ အစည်းအရုံး (International Karen Organization)က သြဂုတ် ၂၉ ရက်တွင် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့သည်ဟု သတင်းရရှိသည်။

အာရှလမ်းဖွင့်ပွဲသို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန် ကြီးဌာနမှ အဆင့်မြင့်အရာရှိများ နှင့် ၀န်ကြီးများအပါအ၀င် အစိုးရအဖွဲ့ဝင် ၁၇ ဦး လိုက်ပါလာခဲ့ပြီး ဖွင့်ပွဲသို့ ရဟတ်ယာဉ်ဖြင့် လာရောက်ခဲ့သော်လည်း အပြန်တွင်မူ ရာသီဥတုအခြေအနေကြောင့် ရဟတ်ယာဉ် တက်မရဘဲ ကားဖြင့်ပြန်ခဲ့ရသည်ဟု သတင်းရရှိသည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်းဦးနှင့်အတူ လိုက်ပါလာခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့သွားရောက်ပြီး ဆေးခန်းသို့အလှူငွေလှူဒါန်းကာတိုင်း ရင်းသားလက်နက်ကိုင်ခေါင်း ဆောင်အချို့နှင့် အစည်းအဝေး တစ်ခုပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ