Thursday, June 12, 2014

နိုင်ငံရေးပါတီများနှင့် ခေါင်းဆောင်မှု အဂါင်္ရပ်

နိုင်ငံရေးပါတီများနှင့် ခေါင်းဆောင်မှု အဂါင်္ရပ်

နိုင်ငံရေးပါတီသည် လူထု၏အစိတ်အပိုင်းတစ်ပိုင်း သာဖြစ်၍ လူထုသည် ပါတီဝင်ဖြစ်ချင်မှဖြစ်မည်။ ပါတီ ၀င်သည် လူထုထဲကလူများဖြစ်၍ ပါတီသည် လူထုနှင့် အနီးစပ်ဆုးံရှိနေသည်။ပါတီဝင်မှသည် အဆင့် ဆင့်သောခေါင်းဆောင်၊ထိုမှတစ်ဆင့် ပါတီထိပ် ပိုင်းခေါင်းဆောင် တို့သည် လူထု၏ ထောက်ခံမှုရရှိ ဖို့လိုသည်။လူထုထဲတွင်ဥာဏ်ရည် အဆင့်၊ပညာ အဆင့်၊ဆင်ခြင်တုံတရား အနိမ့်အ မြင့်ကွာခြားနေ မည် ဖြစ်သော်လည်း ပါတီဝင်မှသည် ပါတီထိပ် ပိုင်းခေါင်းဆောင်အထိ အရည်အချင်း များစွာရှိုဖို့ အထူးလိုအပ်လှသည်။ သာမန် နိုင်ငံသူ နိုင်ငံသားများ သည်ပင် နိုင်ငံတော်ကိုတန်ဖိုးထားလေးစားခြင်း၊ အများ အကျိုးအ တွက် စိတ်ရော ၊ကိုယ်ပါလုပ်ကိုင်ဆောင် ရွက်ခြင်း၊ တရားဥပဒေ ၊စည်းမျဉ်း စည်းကမ်းများကိုလေး စား လိုက်နာဆောင်ရွက်ခြင်း၊ အသိဥာဏ် ပညာနှင့်ယှဉ် ၍ ရိုးသားဖြောင့်မတ်မှန်ကန်စွာ ဆန္ဒမဲပေးခြင်းစ သည့်ပြည်သူ့ တာဝန်များကိုသိရှိနားလည်ပြီး လိုက် နာဆောင်ရွက်ကြမည့်အပြင် နိုင်ငံတော်၏အကျိုးစီး ပွားကိုပျက်ပြားစေမည့် ပြည်တွင်းရန်သူ ၊ပြည်ပရန် သူများကိုကာကွယ်တိုက်ဖျက်ရမည်ဟူသောသဘော ထား၊နိုင်ငံတော်၏ ကာကွယ်ရေးနှင့်လုံခြူံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက်မိမိစွမ်းဆောင် နိုင်သည့် ဘက်မှ ပါဝင်ဆောင်ရွက်ရမည်ဟူသော သဘောထားရှိရ မည်ဖြစ်သည်။ တကယ်တော့နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်၏တာဝန်ကို ဝေပုံကျထမ်းဆောင်၍ ၀တ္တရား အလိုက်ခံစားထိုက်သော အခွင့်အရေးတို့ကို ခံစားပိုင် ခွင့်ရှိသောလူတစ်ယောက်ပင်ဖြစ်သည်။ထို့ ကြောင့်နိုင်ငံ သားအဖြစ်ခံယူထားသူမှန်သမျှ နိင်င့၏တာဝန်ကို ထမ်းဆောင်ရမည်။တဖန်နိုင်ငံတော် က ပေးစွမ်းနိုင်သော အခွင့်အရေးဟူသမျှကို ခံစားရမည့်တာဝန်ရှိသည်ဟု မှတ်ယူရပါမည်။အကယ်၍နိုင်ငံ သားတစ်ဦး တစ်ယောက်သည် ထိုတာဝန်များကို ပျက်ကွက်ခဲ့သော် တရားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရရှိနေစကာမူ နိုင်ငံ သားဖြစ်ထိုက်သော အရည်အချင်းမရှိဟု သတ်မှတ်ရ မည်ဖြစ်သည်။ သာမန်ပြည်သူတို့ပင်လျှင် ဤ၍ ဤမျှ တာဝန်ဝတ္တရားရှိနေကြပါလျှင် နိုင်ငံတော်နှင့် ပြည်သူ ကို ဦးဆောင်ဦးရွက်ပြုမည်ဟု ရည်မှန်းချက်ချထားသော နိုင်ငံရေးသမား(၀ါ) နိုင်ငံရေးတာဝန်ထမ်း ဆောင်သူများ ၏တာဝန်ဝတ္တရားများနှင့် အရည်အချင်းများကမည်မျှကြီး မားသည်ကို တွက်ဆကြည့် နိုင်ပါသည်။နိုင်ငံရေးပါတီ အဖွဲ့အစည်းတိုင်း၏ ခေါင်းဆောင်သည် စည်း ရုးံရေးခေါင်းဆောင်တစ်ဦးဖြစ် သလို အုပ်ချုပ်ရေးခေါင်ဆောင်တစ်ဦးလည်းဖြစ်နေသည်။ ထို့ကြောင့် ခေါင်းဆောင်တိုင်းသည် ခေါင်း ဆောင်မှုအဂါင်္ရပ်ကောင်းများနှင့် အစဉ်အမြဲညီညွတ်နေရန် အထူးလိုအပ်လှသည်။ “ခေါင်းဆောင်မှု” (leadership) ၏အဓိပ္ပာယ်ကို အကျဉ်း သင်္ခပနည်းဖြင့်ဖွင့်ပါက “ခေါင်း ဆောင်မှု ဆိုသည်မှာ သြဇာသက်ရောက်စေမှုပင်ဖြစ်သည်။ ထို့ထက်လည်း မပို၊ထို့ထက်လည်းလျော့ မသွားပေ။ တစ်နည်းဆို ရလျှင် မိမိ၏ရည်ရွယ်ချက်၊လိုလားချက်ပန်းတိုင်ကို လူအများက လိုက်နာပါဝင် ဆောင်ရွက်လာအောင် စွမ်းဆောင်နိုင်ခြင်း (၀ါ) လူအများကိုလွှမ်းမိုးနိုင်ခြင်းပင်ဖြစ်သည်ဟု ဖွင့်ဆို ထားသည်ကိုတွေ့ရသည်။ “ခေါင်းဆောင်မှု၏ အဓိပ္ပာယ် အနှစ်ချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Leadership is influencing people by proviting to accomplish the mission and improving the organization” ဟူ၍ ဖွင့်ဆိုထားသည်။ ခေါင်းဆောင်တစ်ဦး၏ ကိုယ်ကျင့် တရား စရိုက်လက္ခဏာ(Character)ကောင်း မွန်နေရန် မရှိမ ဖြစ်ပျိုးထောင်ထားရမည့် အရည်အသွေး(၃)ရပ်နှင့် အကျင့်စရိုက်တန်ဖိုး (၇)ချက်ရှိနေရမည်ဖြစ်သည်။ အကျင့် စရိုက်ဆိုင်ရာ တန်ဖိုး(၇)ချက်မှာ
(၁) သစ္စာရှိမှု (Loyalty)
(၂) တာဝန်ကျေပွန်မှု (Duty)
(၃) လေးစားတတ်မှု (Respect)
(၄) ကိုယ်ကျိုးစွန့် ထမ်းဆောင်မှု (Selfless Service) (၅) ဂုဏ်သိက္ခာရှိမှု (Honour)
(၆) ဖြောင့်မတ်မှု (Integrity)
(၇) ရဲစွမ်းသတ္တိနှင့်ပြည့်စုံမှု (Personal Courage)တို့ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးတွင် မရှိ မဖြစ်သော အရည်အသွေး(၃)ရပ်မှာ (၁) စိတ်ပိုင်း ဆိုင်ရာအရည်အသွေး (Mental)
(၂) ကာယပိုင်း(၀ါ) ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး (Physical)
(၃)စိတ်လှုပ်ရှားမှုဆိုင်ရာ အရည်အသွေး (Emotional) တို့ဖြစ်ကြသည်။ ခေါင်းဆောင်မှုဆိုသည်မှာ လူအများ လိုက်ပါလာအောင် သြဇာသက်ရောက်စေခြင်းဖြစ်ပြီး စီမံခန့်ခွဲမှု နည်းစနစ်များနှင့် လုပ်ငန်းစဉ်များတသမတ် တည်းရှိနေစေရေးကို ကွပ်ကဲကြီးကြပ်ဖို့ရာ အာရုံစိုက်ရ သည်။တာဝန် အဆင့်ဆင့် အထက်သို့ ပို၍မြင့်မား လာလေ ခေါင်းဆောင်မှု ပိုမိုလိုအပ် လေလေဖြစ်သည်။ သြဇာ အရှိန်အ၀ါပိုမိုကြီးပွားစေလိုပါကသြဇာ သက်ရောက်မှုလည်းပိုမိုလို အပ်လေ လေဖြစ် သည်။ ခေါင်းဆောင် မှု သည် ကြံ့ခိုင်သန်စွမ်းထက်မြက် သွက်လက်မှန်ကန်ပါက “ခေါင်းဆောင်ရည်” (Ability) လည်းပိုမိုမြင့်မားနေပါလိမ့်မည်။ခေါင်းဆောင်မှု စွမ်းရည် သည် လူတစ်ဦး တစ်ယောက်၏ ထိရောက်မှုအဆင့်ကို အဆုးံအဖြတ်ပေးသော စွမ်းဆောင်ရည်ပင်ဖြစ်သည်။ မည်သည့်အဖွဲ့ အစည်း၌ မဆို သြဇာသက်ရောက်မှု ရရှိရေးအတွက် ပင်ပန်းကြီးစွာ လေ့ကျင့် ကြိုးစားမှုရရှိရန် လိုအပ်သကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာ နိုင်ရေးအတွက် ရိုးသားနိုးကြားစွာ ကြိုးစားရယူရမည်ဖြစ် သည်။ ရေရှည်တည်တံသော ခေါင်းဆောင်မှုဘ၀ကို ဖြတ် လမ်းနည်းဖြင့် လုးံဝ မရရှိနိုင်ပါ။ထိုက်တန်သောအရင်း အနှီး များစွာ စိုက်ထုတ်ကြိုးစားယူရ၏။ ခါတော်မီ ခေါင်း ဆောင်ဆိုသည်ကား တဒင်္ဂတခဏမျှ သာ ရပ်တည်နိုင်မည်ဖြစ်သည်။နေလာလျှင် နှင်းပျောက် သကဲ့ သို့ ကြာရှည်မခံပဲ လူထုအမြင်မှ အလိုလိုပျောက် ကွယ်သွားမည်သာဖြစ်သည်၊ ခေါင်းဆောင်မှုဆိုသည် လူအများစု (၀ါ) လူထု၏အစိတ်အပိုင်း တစ်ခုအား လူပါလက်ခံလာနိုင်အောင် စည်းရုးံစုစည်းနိုင်ခြင်း ပင်ဖြစ်သည်။ နိုင်ငံရေးပါတီ တစ်ရပ်သည် “လူ” ရော “မူ” ပါကောင်းဖို့လိုသည်။သို့မှသာနိုင်ငံရေးယဉ်ကျေး မူတွင် သက်ဝင်ယုံကြည်သည့်ပြင် သူရရှိလာမည်ဖြစ် သည်။တစ်နည်းအားဖြင့် နိုင်ငံရေးစနစ်၊နိုင်ငံ ရေး မူဝါဒ ကို ပြည်သူက လက်ခံယုံကြည် သက်ဝင်လာအောင် စည်းရုံးစုစည်းနိုင်ရမည်။ထိုအဓိပ္ပာယ် ကို နိုင်ငံရေးသိပ္ပံပညာရေးဆိုင်ရာ အဓိပ္ပာယ်တွင် အင်္ဂလိပ်ဘာသာဖြင့် (Participant Political Culture= Citizens know that they are affected by the political system but also believe that they can influence it)ဖွင့်ဆိုထားသည်ကိုတွေ့ရှိရသည်။ နိုင်ငံရေးပါတီတစ်ရပ်တွင် “လူ” နှင့် “မူ” ခွဲခြား၍ မရနိုင်ပုံ ကို အမေရိကန်သမ္မတ “၀ုဒရိုးဝီလ်ဆင်” (Woodrow Wilson)က “ခေါင်းဆောင်မရှိလျှင် မူဝါဒမရှိနိုင်၊ မူဝါဒ မရှိလျှင် နိုင်ငံရေး ပါတီ မရှိနိုင်” (No Leaders, no principles, no principles, no parties) ဟု ထုတ်ဖော်ပြောကြားခဲ့ ဖူးသည်။ နိုင်ငံရေးလောက တွင်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ဦးဆောင်မူ သက်သက်ဖြင့် ဖွဲ့စည်း ထားသော နိုင်ငံရေးပါတီ (Pesonalized Leadership)နှင့် စုပေါင်းဦးဆောင်မှု (Collective Leadership) နှင့် အတူအဖွဲ့ အစည်း ပုံစံဖြင့်ဖွဲ့စည်းထားသောနိုင်ငံရေးပါတီ(Institutionlized  Leadership)ဟူ၍ရှိသည်။ တစ်နည်းအားဖြင့် “လူပုဂ္ဂိုလ် ၏ပုံရိပ်” (Personal Image)ကိုရှေ့တန်းတင်၍ ခိုလှုံ အားထားကာ ဖွဲ့စည်းထားရှိသော နိုင်ငံရေးပါတီနှင့် “ပါတီပုံရိပ်” (Party Image)ကိုရှေ့တန်းတင်ကာ မူဝါဒ နှင့် အညီစုပေါင်း ဦးဆောင်ကာ ဖွဲ့စည်းထားရှိသော နိုင်ငံရေးပါတီဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ ပုဂ္ဂလိကဓိဌာန်သဘောသက်သက်ဖြင့် “ပုဂ္ဂိုလ်ရေး ဆည်းကပ်မှု”(Personal Cuit)နှင့်အတူ ဖွဲ့စည်း ထားသော နိုင်ငံရေးပါတီသည် ထိုဦးဆောင်ပုဂ္ဂိုလ် တာဝန် မယူနိုင်သောအခါ သို့မဟုတ် ထိုဦး ဆောင် ပုဂ္ဂိုလ်တာဝန်မယူနိုင်သောအခါ သို့မဟုတ် ဦးဆောင် ပုဂ်္ဂိုလ် မရှိတော့သောအခါ ထိုပုဂ္ဂိုလ်ရေး အခြေပြု နိုင်ငံရေးပါတီသည်အလိုလို အသုးံချတတ်ကြသည်။ တကယ်တော့ပါတီစုံလာခြင်းထက် ၀ါဒ (Ism)စုံလာပြီး ၀ါဒမှတစ်ဆင့် ၀ါဒစွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂ္ဂိုလ်စွဲ (ပါတီခေါင်းဆောင်စွဲ) များဝင်လာ တတ်သည်။ကိုယ့်ဝါဒမှ မှန်သည်ဟု တစ်ယူသန်လာသည်။ဝါဒစွဲ မွှန်လာသည်။ ယင်းဝါဒဖြင့် အကောင် အထည်ဖော်ဆောင်ရန် ပြည်သူ့ ထံမှထောက်ခံဆန္ဒမဲ (၀ါ) အရွေးချယ်ခံရရန် (၀ါ) အာဏာရ ရှိရ န်မဖြစ် မနေပြုလုပ်ရမည်ဟု တစ်ဆင့် တက်လာပြန်လာသည်။ထိုမှတစ်ဆင့်အာဏာ လုပွဲဖြစ် လာသည်။အာ ဏာအတွက်ဆန့်ကျင်လာသည်။ ဥပဒေ ချိုးဖောက်လာမည်။ လက်နက်စွဲကိုင် ပုန်ကန်လာမည်။ ဤသို့ ဖြင့် နိုင်ငံအချို့၌ ပြည်တွင်းစစ်များဖြစ်လာသည်။ အနိမ့်ဆုးံအားဖြင့် ထိုနိုင်ငံ၌ မတည်မငြိမ်ဖြစ်ကာ နိုင် ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို မလုပ်သာပဲဖြစ် လာသည်။ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်များ ပျက်စီးဆုံးရှုံးကြရသည်။ မြန်မာနိုင်ငံရေးသမိုင်းစဉ်တွင် လွတ်လပ်ရေးရလုလု အချိန်မှ လွတ်လပ်ရေးရပြီးစအထိ ပါတီစုံ၊၀ါဒစုံ၊အစွဲစုံတို့ကြောင့်လက်နက်ကိုင်သောင်းကျန်း မှု များဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၄၀)ကျော် ကြာ ရှည် ခဲ့ သည်။မည်သည့်နိုင်ငံမျှ စာရေးသူ တို့၏မြန်မာ နိုင်ငံလောက် ရောင်စုံသောင်း ကျန်းသူပေါများလှသည့် နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိပါ။ ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ သမင်မွေးရင်း ကျားစားရင်း ၊ သဲထဲရေသွန်သကဲ့သို့ အနုတ် လက္ခဏာပြခဲ့ ရသည်။ အာဏာရဖဆပလ အဖွဲ့ချုပ်ကြီး အတွင်း၌ပါဝင် ခဲ့ကြ သည့်ကွန်မြူနစ်များ၊ဆိုရှယ်လစ်များ၊  ပြည်သူ့ ရဲဘော် များအကွဲအပြဲများပေါ်ပေါက်ခဲ့ခြင်းကြောင့်ရရှိပြီးသော   မြန်မာ့လွတ်လပ်ရေးနှင့်ပင် လုံညီညွတ်မှုဖြင့် တည်ဆောက်ခဲ့သော မြန်မာပြည်ထောင်စုကြီးပြိုကွဲ လုလုဖြစ်လာခဲ့သည်မှာ သမိုင်းသက်သေပင်။ တကယ်တော့ ဖဆပလသည် ဆုံးရှုံးသွားခဲ့ သည့် မြန်မာ့လွတ်လပ်ရေးကိုပြန်လည်ရ ရှိအောင် ထိုစဉ် က ဖဆပလခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်များက ဦးစီး ဦးကိုင်ပြုခဲ့သောကြောင့် တိုင်းရင်းသားပြည်သူများက ထောက်ခံအားပေးနေ သည့်ကြားမှပင် စလယ် ၀င်ဖင်မမည်းခင်က ကွဲခဲ့ကြ သည်။ဖဆပလကြီး နှစ်ခြမ်းကွဲသွားခဲ့သောအခါ ထိုစဉ်က စတုတ္ထမဏ္ဍင်မှ အမျိုးသားနိုင်ငံရေးအမြင်ရှိကြသော စာနယ်ဇင်းဆရာတို့သည် ဖဆပလကိုရင်ကြားစေ့ပေး သည့် အရေးအသားများဖြင့် အမျိုးသားရေးတာဝန်ကျေ ပွန်စွာ လှုံ့ဆော်တိုက်တွန်းရေးသားခဲ့ကြသည်။ ထိုစဉ် က ပြည်သူလူထုကလည်း အာဏာရ ဖဆပလ အဖွဲ့ ချုပ်ကြီးနှစ်ခြမ်းကွဲပြီးနောက် နောက်ဆက် တွဲဖြစ်ပေါ်လာ မည့် ဆိုးကျိုးအန္တရာယ်များကို စိုးရီမ်ပူပန်ခဲ့ကြရသည်။ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့နိုင်ငံရေးသည် အာဏာ နိုင်ငံရေး(PowerPolitics)အသွင်ကိုဖော်ဆောင် လာ ခဲ့သည်။ မိမိတို့ ယုံကြည်သက်ဝင်သောဝါဒလမ်းစဉ် ကို ကျင့်သုံးနိုင်ရန် အာဏာရမှ ဖြစ်မည်ဟုစွဲပိုက်လာ ခဲ့ကြသည်။အာဏာကိုလုပ်ပိုင်ခွင့်အဖြစ်ခံယူကာအာဏာ စွဲ၊ဂိုဏ်းဂဏာစွဲ၊၀ါဒစွဲ များကြောင့် ပြည်တွင်းစစ် ဟုခေါ်သော လက်နက်ကိုင်သောင်းကျန်းမှုကြီး နှစ်(၄၀) ကျော်ကြာမြင့်လာခဲ့ရခြင်းဖြစ်သည်။ဖွံ့ဖြိုးမှု ၌ နောက်အကျကြီးကျကျန်ရစ်ခဲ့ပြီး ပြည်သူတို့မှာမြေဇာပင် သဖွယ်ဖြစ်ခဲ့ကြ ရသည်။ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်၊စည်းရုးံခွင့် ၊ရွေးချယ်ခံပိုင်ခွင့်၊ ဆန္ဒမဲပေးခွင့်၊ ဆန္ဒပြုခွင့် ၊သပိတ်မှောက်ခွင့်များကို ဒီမို ကရေစီအခွင့်အရေးဟု ရည်ညွန်းဖော်ဆောင် လေ့ရှိကြ သည်။ထို အခွင့်အရေးများကို ရရှိလိုကြသော နိုင်ငံရေး ပါတီ အဖွဲ့အစည်းများ ၊နိုင်ငံရေးသမား (၀ါ)နိုင်ငံရေး တာဝန် ထမ်းဆောင်သူတိုင်း လိုက်နာကြရမည့် ဥပဒေ များ၊ နည်းဥပဒေများ ၊စည်းမျဉ်းစည်း ကမ်းကျင့်ဝတ်များကို လိုက်နာကြရန် တာဝန်ကိုယ်စီရှိနေကြသည်။လိုက်နာရန် ပျက်ကွက်ပြီးရယူလို ခြင်းသည်တရားမျှတမှုမရှိသော ပြု မူဆောင်ရွက် မှုများဖြစ်ကြသည်။ပါတီအကျိုးနှင့် လမ်းစဉ်မူဝါဒရေး ရာ ရှေ့တန်းတင်မှုသည် အမျိုး သားရေး အကျိုးစီးပွားကို ထိခိုက်နစ်နာစေပြီး နိုင်ငံတော် တည်ငြိမ်အေး ချမ်းသာယာရေးကို ပျက်ပြားစေ သည်။ နိုင်ငံရေးပါတီအချို့သည် အမျိုးသားရေး ကို ရှေ့ရှုလျက် ကပင် ဦးတည်ချက်ပျောက်ကာ ပုဂ္ဂိုလ်ရေး ၊အဖွဲ့ အစည်းရေး၊ အုပ်စုအရေးဘက်သို့ ယိမ်းယိုင်ပြီးသဘော ထားပြောင်းလဲသွားလျှင် နိုင်ငံရေးပြစ်မှုများဖြစ်လာတော့ သည်။တည်ဆဲဥပဒေ ၊နည်းပညာများကိုပါ ချိုးဖောက် လာတော့သည်။ထို့ကြောင့်နိုင်ငံရေးပါတီ အဖွဲ့အစည်း တိုင်းသည် နိုင်ငံတော်နှင့် ပြည်သူ အကျိုးစီးပွားအတွက် မမှိတ်မသုန် ရပ်တည်ကာ ပါတီစုံဒီမိုကရေစီနိုင်ငံရေး လမ်းခရီးစဉ်တစ်လျှောက် ၌ အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးကို မျှတစွာ ပေါင်းစပ်ဖော်ဆောင်သွား နိုင်ကြမှသာ ပြည်သူ့ ပါတီစစ်စ်ဖြစ်နိုင်မည်ဟု ဆိုလိုက်ပါ ရစေ။

                                     မောင်သမ္မာဒိဌိ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ