Tuesday, June 24, 2014

စက်တင်ဘာတွင် ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ ကူညီမည်


အစ္စလာမ်ဘာသာကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကိုလာမည့်စက်တင်ဘာ တွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ်သည်များကိုNLDပါတီမှ  ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးကော်မတီမှ သတင်း ရရှိသည်။
ညီလာခံကို ပြည်ထောင်စုသားမွတ်စလင်လူမျိုးများ ပြည်လုံးကျွတ်ညီလာခံအမည်ဖြင့်ကျင်းပမည်ဖြစ်ပြီး 
 နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ခွင့်ပြုချက်နှင့်အညီ စီစဉ်သွား မည် ဖြစ်ကြောင်း၊ NLD ပါတီမှ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ညီလာခံကျင်းပစဉ်နှင့် ညစာစားပွဲကျင်းပစဉ် လိုအပ်သည်များ အခမဲ့ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ ဆက်သွယ်ရန် ပုဂ္ဂိုလ်အဖြစ် ဦးစိုးညွန့်ကိုတာဝန်ပေးထားကြောင်းညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောသည်။

‘‘အခုကျင်းပမယ့်ညီလာခံက မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားမွတ်စလင်လူမျိုးတိုင်းကိုကိုယ်စားပြုပါတယ်။
  နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရဖို့အတွက် တောင်းဆိုသွားမှာပါ။
လှုံ့ဆော်မှုတွေကနေအခြေခံတဲ့လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေလည်း နောက်ထပ်ထပ်မဖြစ်ချင်တော့ပါဘူး။ အကြမ်းဖက်မှုတွေ မရှိဘဲ စည်းစည်းလုံးလုံးနေသွားချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ကျွန်တော်တို့ ကြိုးပမ်းနေတာကို ထောက်ခံတယ်၊ လိုအပ်တာတွေကို တော်ဝင်နှင်းဆီ ဦးစိုးညွန့်ကတစ်ဆင့် ကူညီပေးမယ် လို့ ပြောပါတယ်။ လူနည်းစုတွေ၊ အားနည်းသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ်၊ ဒါကNLDပါတီရဲ့မူဝါဒပဲ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်’’ဟု ဒေါက်တာမြင့်သိန်း က ပြောသည်။

ယခုညီလာခံသည် ရခိုင်ညီလာခံကို တန်ပြန်ခြင်း မဟုတ်ဘဲ နိုင်ငံသား မွတ်ဆလင်များ၏ ရှေ့လမ်းစဉ်ကို ချမှတ်နိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ငွေကြေးကုန်ကျမှုများစွာကြီးမားသော်လည်း NLDပါတီဥက္ကဌ 
 ဒေါ်အောင်ဆန်းစုကြည်၏ ချိတ်ဆက်ပေးမှုဖြင့် OIC ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ပံ့ပိုးမှုများ များစွာ ပြုလုပ်ပေးကြောင်း၊ ညီလာခံဖြစ်မြောက်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း မိမိတို့ထက် အတွေ့အကြုံများစွာ ရှိသည့် NLD ပါတီခေါင်း ဆောင်များက ကူညီပံ့ပိုးပေးခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ပုဒ်မ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံကြောင်း ကြေညာချက်
တစ်စောင်ကို ဒီညီလာခံကြီးက ထုတ်ပြန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒါအပြင် နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေနဲ့ အညီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့ တိုက်တွန်းချက်တွေလည်း ပါမှာပါ’’ဟု ဦးအုန်းမောင်က ပြောသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း အကောင် အထည်ဖော်နေသည့် အပေါ် ၎င်းတို့အနေဖြင့် မှတ်ချက်မပေးလိုသေးကြောင်း ပြောကြားသည်။
credit to myanmar express

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ