Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Wednesday, June 18, 2014
အလုံမြို့နယ်ရှိရပ်ကွက် ၁၁ ခုတွင် ရွေးကောက်ပွဲပညာပေးခြင်းနှင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်မည်
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်စာရင်း အစမ်းကောက်ယူမည့် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရပ်ကွက် ၁၁ ခုတွင် ယခုလအတွင်း ရွေးကောက်ပွဲပညာပေးခြင်းနှင့် ကွင်းဆင်းလေ့လာမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ သိရသည်။ အဆိုပါအဖွဲ့အနေဖြင့် အလုံမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ပညာပေးခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့အဖွဲ့အပြင် Volunteer အယောက် ၂၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ "ကျွန်မတို့အလုံမှာပဲ ပထမအခေါက်တုန်းက ကျွမ်းကျင်တဲ့ မြို့ခံတွေနဲ့ လေ့လာစောင့်ကြည့်ဖို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ခဲ့ပါတယ်။ အခုတစ်ခေါက်အတွက် ကျွန်မတို့အဖွဲ့အပြင် ပါဝင်မယ့် Volunteer တွေကိုလည်း လိုအပ်မယ့်သင်တန်းတွေ ပေးဖြစ်ပါတယ်။ သင်တန်းပြီးသွားရင်တော့ မဲဆန္ဒရှင်စာရင်း အစမ်းကောက်ယူမယ့် သုံးနေရာလုံးမှာ ကွင်းဆင်းလေ့လာသွားမှာပါ" ဟု အဖွဲ့၏ အကြံပေး ဒေါ်မြနန္ဒာလင်းက ပြောကြားသည်။ ရန်ကုန်တိုင်း အတွင်းရှိ မဲဆန္ဒရှင်စာရင်း အစမ်းကောက်ယူမည့် အလုံမြို့နယ်တွင် ရွေးကောက်ပွဲပညာပေးရေးနှင့်
လေ့လာစောင့်ကြည့်ရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့မှ ဦးဆောင်၍ရပ်ကွက်တစ်ခုလျှင် Volunteer နှစ်ယောက်နှုန်းဖြင့် ကော်မရှင်ရုံးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မဲထည့်ရာတွင် အဆင်ပြေမှု ရှိ၊ မရှိ လေ့လာခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment