Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Wednesday, June 18, 2014
ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တာ သမာသမတ် ကျရဲ့လား
ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်မှု စတင်နေပြီ ဖြစ်ပါတယ်။ အဲလိုလုပ်တဲ့ နေရာမှာ နိုင်ငံသားဖြစ်ခွင့် မရတဲ့ သူတစ်ချို့ကို နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးဖို့ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ ပါတယ်။ အစိုးရကတော့ မသမာမှု မရှိအောင်လုပ်ထားတယ်လို့ ဆိုပါတယ်။ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ် ရရှိထားတဲ့ ဘင်္ဂါလီရဲ့ မိသားစုဝင်တွေကိုပါ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးဖို့ လုပ်နေတယ် ဆိုတဲ့ သတင်း ထွက်နေတဲ့အပေါ်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အခုလို ပြန်တုန့်ပြန်ပါတယ်။ “မသမာတာ လုံးဝ လုပ်လို့မရဘူး။ အထက်က အဆင့်ဆင့်စိစစ်မှာ” လို့ သူကပြောပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေအတိုင်း ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တဲ့ နေရာမှာ မြို့နယ်၊ ပြည်နယ်၊ ဗဟို အဆင်ဆင့် စိစစ်မှာ ဖြစ်တဲ့အတွက် မသမာမှုကို လုပ်လို့ကို မရဘူးလို့ သူက ဆိုပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ သတ်မှတ်ပြီးတော့ နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းတွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အခြားမြို့တွေမှာလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment