ဖွံ့ဖြိုးတိုးတက်လိုပါလျှင်
တာဝန်ရှိအဖွဲ့အစည်းတွေမှာ တာဝန်မရှိမဟုတ်။ ရှိပါ သည်။ လုံးဝရာနှုန်းပြည့်တာဝန်ရှိပါသည်။ ထို့အတူ ကျွန်မတို့ ပြည်သူတွေမှာလည်းရာနှုန်းပြည့်တာဝန်ရှိသည်။ နေရာတိုင်း၊အဖွဲ့အစည်းတိုင်းမှာ အောင်မြင်ခြင်းအတွက်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှောင်လွဲ၍မရနိုင်သည့် ဝေါဟာရ နှစ်ခုကိုပြပါဆိုလျှင်တာဝန်ရှိခြင်း(Responsibitity နှင့်တာဝန်ခံခြင်း (Accountability) ကိုပြသဖြစ် မည်ထင်ပါသည်။ ယခု တစ်လော ထုဝေါဟာရ နှစ်ခုကိုနေရာတိုင်းမှာမကြာခဏ ဆိုသလို ကြားနေရသည်။ ကြားဆိုမည်သည့်ရပ်ဝန်း၊ မည်သည့်နေရာဌာနအတွက်မဆို ယင်းဝေါဟာရ နှစ်ခု၏ သတ်ရောက်မှုက အရေးပါလှစမြဲပေကိုး။
တာဝန်ရှိခြင်နှင့်တာဝန်ခံခြင်း၊ တာဝန်ယူခြင်းတို့သည် အခြေခံအားဖြင့်တူုသယောင်ရှိ သော်ငြား လုပ်ဆောင်မှု အားဖြင့်ကွာခြားသည်ဟု ကျွန်မမြင်ပါသည်။ တာဝန်ရှိခြင်းမှာ မဖြစ်မနေလုပ်ဆောင်ရမည့် သဘော တရားတွေ ခိုဝင်နေပါသည်။ တာဝန်ခံခြင်းတွင် တော့ ထိုသို့မဟုတ်။ တာဝန်တစ်ခုကို မည်သူကမှ မပေးအပ် သည့်တိုင် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်း၏ လိုအပ် ချက် ကိုလိုက်၍ ကိုယ်ပိုင်အသိစိတ်ဖြင့် ၀င်ရောက် တာဝန်ယူဆောင်ရွက်ပေးခြင်းသည် တာဝန်ခံခြင်းပင်ဖြစ် သည်။
အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းတိုင်းမှာ တာဝန်ရှိသူတွေဖြင့် သာ ဖွဲ့စည်းထားခြင်းမဟုတ်။ ထို့အတူ အရေးကိစ္စတိုင်း သည်လည်း တာဝန်ရှိအဖွဲ့အစည်းတွေကချည်း တာဝန် ယူဆောင်ရွက်နေဖို့မဖြစ်နိုင်၊၊ ယုတ်စွအဆုံး မိသားစု တစ်ခုမှာတောင် မိဘအုပ်ထိန်သိမ်းသူတွေကချည်း က ကြီးမှ အ အထိလိုက်ပါ လုပ်ဆောင်နေဖို့မစွမ်းနိုင်။ သားသမီး၏သိတတ်မှုဖြင့် တာဝန်ခွဲဝေယူမှုသည် များစွာ အရေးပါပါသည်။ ဤသိုပင်လုပ်ငန်းတိုင်း၊ အဖွဲ့အစည်း တိုင်းတွင် တာဝန်ခွဲဝေယူငင် ဆောင်ရွက်တတ်သူတွေ အများကြီးလိုအပ်လှပါသည်။ တာဝန်ခံဆောင်ရွက်မည့်သူ၊ တာဝန်သိသူ၊ တာဝန်ယူ တတ်သူများ အမြောက်အမြားရှိမှ တာဝန်ရှိအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာအောင်မြင်မှာဖြစ်ပါသည်။ ကျွန်မတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် တာဝန်ရှိ အဖွဲ့ အစည်းများ၏နောက်တွင် တာဝန်ခံ ဆောင်ရွက် မည့်ပြည်သူများ၏အားသည် အဓိကလိုအပ် မည်ဖြစ်ပါ သည်။ သည်တာဝန်ကမည်သူကမှ မပေးအပ်ပါဘဲ ကျွန်မတို့ကိုယ်ပိုင်သိစိတ်ဖြင့် ထမ်းဆောင် ရမည့်တာဝန် ပါ။ ဤသည်က ပြည်သူထဲမှ ပြည်သူစစ်စစ်ဖြစ်သည့် ကျွန်မ၏အမြင်။
သည်အမြင်နိုးကြားဖို့တွန်းအားပေးသည်က ကျွန်မတို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ မေလ (၂၅) ရက်မှ (၂၇) ထိသွားရောက်ခဲ့သည့် မွန်ပြည်နယ်-ကရင်ပြည်နယ်ခရီးစဉ်မှဆိုလျှင်မမှား။
ဟိုးအရင်တစ်ချိန်ကမငြိမ်းချမ်းခဲ့သောနယ်မြေအချို့ကို ရောက်ပေါက်ရသည့်အခါ ငြိမ်းချမ်း မှုရောင်ခြည်ဖြာလင်းစအရပ်ဒေသ၏ သာယာသော အရိပ်အငွေ့ကို ခံစားရှုမြင်ရသည့်အတွက် ကြည်နူးမိရသကဲ့သို တစ်ချိန်က မငြိမ်းချမ်းမှု ၏နောက် ဆက်တွဲပုံရိပ်တချို့ကို တွေ့မြင်ခိုက်နွမ်းလျသောရင်သည် အတွေးဖြင့်မောရပါသည်။ တိုင်းပြည် အတွက်ခြေ လက် အင်္ဂါပေး လှူထားရသည့် တပ်မတော်သား များတွေ့မြင်ရ သကဲ့သို့ယုံကြည်ချက်ကြောင့် ခြေ/လက်အင်္ဂါ ပေးဆပ်ခဲ့ ရသူတွေအများကိုလည်း တွေ့မြင်ရသည့်အခါသည် နယ်မြေတွေ ၏ရရှိပြီးဖြစ်သောငြိမ်းချမ်းရေးကိုသက်တမ်း ရှည်စေလိုလှပါသည်။ နောက်တစ်ခါထပ်၍ မငြိမ်းချမ်းမှာ ကို စိုးရွံ့မိရသည်။
ယုံကြည်ချက်၊ ခံယူချက်၊ လိုအင်ဆန္ဒတွေ မတူညီခြင်း သည် မငြိမ်းချမ်းရခြင်း၏အကြောင်းရင်း ခံဆိုပါလျှင် ကျွန်မကတော့မတူညီသည့် အရာများကိုငြိမ်းချမ်း စွာသာ ညှိနှိုင်းစေလိုမိပါသည်။ ကျွန်မတို့ မှာရှိသည့် လက်ဖ၀ါး တစ်ဖက်မှာတောင် လက်ချောင်းတွေအတိုအရှည်မညီနိုင် ဘူးမဟုတ်ပါလား။ တိုရှည်မညီတိုင်းသာ လက်ချောင်း တစ်ချောင်းနှင့်တစ်ချောင်း ခိုက်ရန်ဖြစ်စေခဲ့လျှင် ထို လက်ဖ၀ါး တစ်ဖက်သည် အဘယ်မှာအသုံး ၀င်ပါတော့ မည်နည်း။ လက်ငါးချောင်းစုံမှလက်ဖ၀ါးတစ်ဖက်၏ လုပ်ဆောင်ချက်မှန်သမျှ ပြီးပြည့်စုံစေမှာမဟုတ်ပါလား။ လက်၏သရုပ်သည်လည်း ဤသို့မှသာလှပ ပီပြင်ချေမည်ပေါ့။
မတူညီတာတွေကိုပြေလည်အောင် ညှိဖို့မတတ်နိုင်သည့် တိုင် တာဝန်အသီးသီးကို ခွဲဝေယူငင်ရင်း ကိုယ်အပိုင်း မှအောင်မြင်အောင် ဆောင်ရွက်ကြလျှင် ကျွန်မတို့နိုင်ငံ မတိုးတက်ဘဲရှိပါ မည်လား။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်က တာဝန်ရှိအဖွဲ့ အစည်းတွေ ၏ အင်အားနှင့်ချည်း တည်ဆောက်၍ မရနိုင်။ ရပ်ရွာ၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှု အမှန် တကယ် လိုအပ်လှပါသည်။ ခရီးစဉ်တစ်လျှောက် တစ်နေရာရောက် တိုင်း ကျွန်မတို့ဝန်ကြီးမေးလေ့ရှိ သည့်စကားက “ ခင်ဗျာ တို့ရပ်ရွာမှာဘာတွေလို အပ်နေ လဲ၊ ဘာလုပ်ပေးရမလဲ၊ ပြောပါ “ ဆိုတာပင်။ ရပ်ရွာမှလို အပ်ချက်တွေ ဖွင့်ဟလာသည့် အခါတွင်လည်း လမ်းဆို လမ်း၊ ရေဆိုရေ၊ မီးဆိုမီးလိုအပ် ချက်ကိုလိုက်၍ လုပ်ဆောင်ပေး ခဲ့သည်ချည်းသာ။ ယခုတော့ပြည်သူတွေသည် ဟိုးယခင်ကလိုပြော သမျှခေါင်း ညိတ် ငြိမ်ဆိတ်စွာ လက်ခံတတ်သည့် အရုပ်လေးတွေမဟုတ်တော့။ ဆန္ဒကိုဖွင့်ဟရဲသည့်၊ လိုအပ်တာကို တောင်ဆိုရဲသည့်သတ္တိတွေရှိလာကြပြီ။ ပြောဆိုညှိနှိုင်းတတ်နေကြပါပြီ။
ဒီနေရာမှာ ကျွန်မမကြာခဏဆိုသလိုသတိထားမိခဲ့သည် က ကျွန်မတို့ပြည်သူတွေမှာထပ်ပြီး ရှိဖို့လိုနေသည့် အမြင်စိတ်လေးတစ်ခုကိုပါ။ မြို့ပြ၊ ကျေးရွာနှင့် ပတ် သက်သော လိုအပ်ချက်မှန်သမျှ သည် တာဝန်ရှိအဖွဲ့ အစည်းတွေ၏တာဝန်ဟု လုံးဝဥဿသုံ ရှုမြင်ခြင်းနှင့် ဆက်စပ်၍ ကျွန်မကတာဝန်ရှိ ခြင်းနှင့်တာဝန်ခံခြင်း သဘော တရားကို ဖွင့်ဟချင်လာမိတာဖြစ်ပါသည်။
တာဝန်ရှိအဖွဲ့အစည်းတွေမှာ တာဝန်မရှိမဟုတ်။ ရှိပါ သည်။ လုံးဝရာနှုန်းပြည့်တာဝန်ရှိပါသည်။ ထို့အတူကျွန်မ တို့ပြည်သူတွေမှာလည်း ရာနှုန်းပြည့်တာဝန်ရှိသည်။ မည်သူကမှတာဝန်မပေးပေမယ့် ကျွန်မတို့မှာ တာဝန် ခံဆောင်ရွက်ရမည့် ၀တ္တရားအမှန်တကယ်ရှိပါသည်။
ဥပမာ- ကျေးလက်ဒေသ မီးလင်းရေးဆိုပါစို့။ ကျွန်မတို့ တိုင်းပြည်ရှိ ကျေးရွာပေါင်း (၆၄၀၀၀)ကျော်မှာ ယခု (၂၀၁၃၂၀၁၄)ဘဏ္ဍာရေးနှစ်အထိမီးလင်းအောင်ဆောင် ရွက်ပေးနိုင်ခဲ့ သည်က ရွာပေါင်း (၂၄၉၂၃ )ရွာသာရှိ ပါသေးသည်။ ကျန်သည့်ကျေးရွာပေါင်း (၄၀၀၀၀) နီးပါး ဆက်လက်ဆောင်ရွက်ရပါဦးမည်။ လျင်မြန်စွာ လွှမ်းခြုံ မိလျှင်မကောင်းပေဘူးလား။ဝန်ကိုမျှထမ်းလျှင်ပိုပြီး ပေါ့ပါး မည်ဖြစ် သကဲ့သို့ပိုလည်းခရီးတွင်မည်ဖြစ်သည်။
ဝန်ကိုမျှမထမ်းကြသ၍ကျွန်မတို့တိုင်းပြည်ဖွံ့ဖြိုးမှုနှေးကွေးနေ ဦးမှာမလွဲ။ တာဝန်သိစိတ် နည်းပါးနေသေးသ၍ကျွန်မတို့ လိုရာခရီးပေါက်ဖို့ ကြန့်ကြာနေဦးမှာပင်။
ဆိုကြပါစို့။ လမ်းပေါ်ကအမှိုက်တစ်စသည် အမှိုက်သိမ်း သူကောက်မှ ပြောင်စင်ရမည်မဟုတ်။လမ်းသွား၊လမ်းလာ များမှာရော ကောက်ယူရှင်းလင်းလိုက်ဖို့တာဝန်မရှိပေဘူး လား။ လမ်းပေါက်တစ်ကွက်သည်လမ်းပြင်သူမှာ တာဝန် ရှိချေသည်မဟုတ်။ သည်လမ်းကို အသုံးပြုသူ၊ သည်လမ်း ကိုမှီပြီးတည်ရှိသည့် ရပ်ရွာမှာရောပြင်ဆင်ဖာထေးဖို့ တာဝန်မရှိပေဘူးလား။ ကျွန်မဆိုလိုချင် သည့်တာဝန် ယူခြင်း (Accountability) ဆိုသည်က ဒါပါပဲ။
ယင်းနှင့်ဆက်စပ်၍ နှစ်လို့ဖွယ်ရာ၊ အတုယူဖွယ်ရာ ပုံရိပ်လေးတစ်ခုကို သာဓကပြလိုပါ သေးသည်။“ ရွှေဂွန်း အထက “ ကျောင်းရှေ့ရောက်သွားကတည်းက ခရီးစဉ် လိုက်ပါလာသူမှန်သမျှတဖွဖွချီးမွမ်းခဲ့ရသည်ဆိုလျှင်မမှား။ အ၀င်မုခ်ဦးမှအစ အတွင်းထိတိုင်သပ်ရပ်လှပစွာ ဖွဲ့စည်း ထားသည့်ကျောင်းလေး၊ တရုတ်စကားပင်ရိပ်အောင်လှပ သည့် မုခ်ဦးအ၀င်မှသည် ကွန်ကရစ်လမ်းလေး တစ်လျှောက် လက်ဝဲဘက်ခြမ်းကျောင်းဆောင်ရှေ့တွင် အရောင်အသွေးစုံ လှပစွာဖူးပွင့်နေသည့် ပန်းဥယျာဉ် အလယ်မှာ ပညာအလင်းစာအုပ်ပုံလေးနှင့် ကျောက် တိုင်လေးက ပနံရလှပစွာတည်ရှိနေပါသည်။ ညာ ဘက်ခြမ်း မှာသပ်ရပ်သည့်မုန့်ဈေးတန်းလေးက အမိုးနှင့် အကာနှင့်။ ကလေးများအတွက် ကစားစရာကွင်းပြင် ကျယ်နှင့်။ သစ်ပင်ရိပ်လေးတွေအောက်မှာ ထိုင်စရာ အုတ်ခုံလေးတွေဖြင့် သပ်ရပ်စွာဖွဲ့စည်းထားသည်။ စတင်ပြုစု ပျိုးထောင်ခဲ့သူကို မှန်းဆချီးမွမ်း ရသကဲ့သို့ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ထားသည့် တာဝန် သိပုဂ္ဂိုလ်တွေကိုလည်း လေးစားမိ ရပါသည်။
အကောင်အထည်ဖော်ပြီးသည့်နောက် ဆက်လက် ထိန်းသိမ်းမည့်သူများမရှိခဲ့လျှင် သည် လုပ်ငန်းလေးတွေ ယခုလိုဖူးပွင့်နေနိုင်ပါဦးမည်လား။ ဥယျာဉ်သာနှင့်ကျောင်းတော်မဟာသည် ကျွန်မတို့ ယခုတွေ့ရ သလို သပ်ရပ်ခန့်ညားလှပနေဦးမည်လား။ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဆက်လက်တာဝန် ယူဆောင် ရွက်ခြင်းတာဝန်သိစိတ်သည် မည်မျှထိ အရေး ပါ ပါသလဲ။ ကျွန်မတို့နိုင်ငံ ၊ ကျွန်မတို့ လူမျိုးများဖွံ့ဖြိုးတိုး တက်ဖို့ဆိုပါလျှင် ကျွန်မတို့မည်သည့်အခန်းကဏ္ဍမှ ပါဝင် သင့်ပါသလဲ။ ကျွန်မတို့ စဉ်းစားကြည့်ကြဖို့ ကောင်းပါပြီ။
ကျွန်မပြောရဲပါ သည်။ လမ်းပေါ်ကအမှိုက်တစ်စကို ကျွန်မတို့ကျော်သွားနေသေးသ၍ လမ်းပေါက်တစ်ကွက် အတွက်တစ်စုံတစ်ရာကို ပြစ်တင်ရေရွတ်ရင်းလမ်းပေါက်မှ သည် ချိုင့်ခွက်ကြီးဖြစ် သည်ထိ ထိုင်ကြည့်နေကြသေး သ၍၊ လက်မလှုပ်ဘဲနှုတ်ကိုသာအသုံးချနေသေးသ၍၊ ဤသ၍တွေ များနေသေးသမျှဘယ်သူတွေဘယ်လောက် ပဲပံ့ပိုးပါစေ၊ကျွန်မတို့လိုရာခရီးနီးဖို့ ဝေးကွာ နေဦးမှာပါပင်။
တာဝန်ရှိခြင်းနှင့်တာဝန်ယူခြင်းကိုခွဲခြားသိစေချင်လှပါသည်။ ကျွန်မတို့တာဝန်သိစိတ်ဖြင့် တာဝန်ယူတတ်ဖို့၊ဆင်လည်း ဆင်အထွာ၊ ဆိတ်လည်း ဆိတ်အထွာဖြင့် တာဝန်ကိုယ်စီ မျှထမ်းကြဖို့လိုပါသည်။ကျွန်မတို့အားလုံးဖွံ့ဖြိုးတိုးတက်ချင် ကြသည်။ လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်ချင်ကြ သည်။ အခြားသောဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ သန့်ရှင်းသော လမ်းမများ နှင် တစ်တိုင်းပြည်လုံးထိန်ထိန် လင်းနေတာ မျိုးဖြစ်ကြသည်။ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွား ချင်ကြသည်။ ပညာရည်မြင့်မား ချင်ကြသည်။
သို့ ဆိုပါလျှင်------။
နိုမီကို (နည်းပညာ)
No comments:
Post a Comment