Wednesday, June 18, 2014

ရင်မှာပွင့်တဲ့ဆောင်းရာသီ



ရင်မှာပွင့်တဲ့ဆောင်းရာသီ
=============

သူငယ်ချင်းရေ……
ကဗျာဖွဲ့လို့ ပြောချင်ပါတယ်။
ချစ်တဲ့သူငယ်ချင်း ထိုထိုများမှ
သီတာရေလို ချမ်းမြကြည်တဲ့
ချစ်ချင်းညီမျှ မိသားစုနဲ့မောင်နှမတို့
စံပယ်ဖြူဖွေး မွှေးမွှေးကြူတဲ့
ဖြူစင်လှသော သူငယ်ချင်းချစ် ……
ဆုံးစမရှိသမုဒ္ဒသို့
ပင်လယ်ပြင်လိုနက်ရှိုင်းလှစွာ
ချစ်ခင်ကြတဲ့ ချစ်သူချစ် …..
ချစ်ခင်မှုကြားရှုပ်ထွေးလှစွာ
ဖြစ်စေတတ်သော အလွမ်းဖွဲ့များ
ခံစားလာရ မွန်းကြပ်မှုနဲ့
ခါးသီးလာသော နာကျင်မှုသာ
လက်ခံရရှိအပ်သော ထိုအရာ…..။
မြူအမှုန်ရဲ့ တစ်စက်လောက်သာ
ရရှိခဲ့သော ပျော်ရွှင်မှုထက် ထောင်သောင်းမက
ပူလောင်မှုသာ
ရင်ဝယ်ပိုက်မိ ချစ်တဲ့သူတွေကြောင့်ပဲပေါ့……။
 ချစ်တယ်ဆိုတာ…
ဖြစ်တည်ကိုယ်စိတ်
မုန်းစိတ်ဆိုလည်း
ကိုယ်ကိုယ်တိုင်သာ
မမြဲသောတရား သင်္ခါရကို
ခံစားလာမိ သည်အခါတွင်မှာ
ချစ်ခြင်းတွေကို ဥပက္ခာပြု
တွယ်တာမှုကို ခ၀ါချလိုက်ချင်ပါပြီ။
 အရောဝင်ကောင်းသော အရာမဟုတ်တဲ့
သံယောဇဉ်ကိုဖြေချင်လို့လည်း
တို့တတွေမှာ ရှေ့ခရီးဆက်ရင်း
အမုန်းတွေမပွားရအောင်
ဝေးဝေးကပဲချစ်နေတော့မယ်
သူငယ်ချင်းရေ…………….။

နန်းချယ်ရီခိုင်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ