မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရသည် ဆိုတုန်းက လူ့အခွင့်အရေးဖြင့် အကြောင်းပြက စိုးရိမ်ကြောင်း ပြောခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် နဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှစိုးရိမ်ကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်ခင်ဝိုင်းကြည်၊ ဆရာတော်ဦးဝီရသူနဲ့ဦးဆန်းလွင်တို့ဥပဒေမဲ့ခြိမ်းခြောက်ခံနေရတာကိုတော့ ဒေါ်စုနဲ့ဒဲရစ်မစ်ချယ်တို့ နှုတ်ပိတ်နေကြကြောင်း တွေ့ရပါတယ်။
လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာအဆိုတင်သွင်း ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။ဒ်ါခင်ဝိုင်းကြည်ကိုတယ်လီဖုန်းနဲဆက်သွယ်ခြိမ်းခြောက်တာ၊လွှတ်တော်အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်း တရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ် လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။“ဖုန်းကနေတစ်ဆင့်ကိုယ်ရေးကိုယ်တာတွေမိသားစုအရေးကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။အန်တီက နေပြည်တော်မှာရှိနေပေမဲ့ရန်ကုန်ကမိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်ကလို့ ဥပဒေစိုးမိုးမှု ရှိဖို့လိုအပ်ကြောင်း မပြောခဲ့ပါဘူး။ ဒေါ်ခင်ဝိုင်းကြည် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့တဲ့ တပ်ကုန်းမှ ဦးဆန်းလွင်ကို နေအိမ်ရှေ့ထိ လာရောက် အော်ဟစ် ဆဲဆိုခြိမ်းခြောက် မှုတွေရှိနေပြီး ဆရာတော်ဦးဝီရသူကိုလည်း မွတ်ဒေါင်းပါတီလို့မိန့်ခဲ့စဉ်ကခြိမ်းခြောက်မှုတွေဆက်တိုက်ကြုံခဲ့ ရကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာဒီမိုကရေစီရပြီဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုအခက်တွေ့အောင်PRစနစ်လွှတ်တော်မှာ တင်သူ၊အရှက်ရအောင်လုပ်သူနဲ့မွတ်ဒေါင်းဟု ပြောဆိုသူများခြိမ်းခြောက်ခံနေရခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေခိုင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ လူအများက ယုံကြည်နေကြပါတယ်။
credit to myanmar express
No comments:
Post a Comment