Thursday, June 12, 2014

မဟာသမယအခါတော်နေ့

မဟာသမယအခါတော်နေ့

၁၂.၆.၂၀၁၄ရက်နေ့သည် နယုန်လပြည့်နေ့ဖြစ်ပါသည်။ နယုန်လပြည့်နေ့သည် မဟာသမယ အခါတော်နေ့ဖြစ်ပါ သည်။ မဟာသမယ ဟူသည် အစည်း အဝေးဟုအဓိ ပါယ် ရ ရှိကာ ထိုတွင်ဟောကြားတော်မူသော တရားမှာ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်ကိုဖော်ပြခြင်းဖြစ်၏။ ငါးရာသော ရဟန္တာမထေရ်မြတ်တို့နှင့်တကွ အစည်း အဝေးကိုလာရောက်သော နတ်ဗြဟ္မာ အပေါင်းတို့ ၏ အမည်များကို ဖော်ပြရာဖြစ် သော မဟာသမယသုတ္တာန် တရားဒေသ နာတော်ကို မြတ်စွာဘုရားသခင်သည် သက္ကတိုင်း ကပိလ၀တ် နေပြည်တော်၏အနီး မဟာ ၀ုန်တော အရပ်တွင်အကြောင်းအလုံးစုံကိုသိပြီးဖြစ်သော မဟာသမယသုတ္တာန် ကို ဟောကြား တော် မူခဲ့ခြင်းဖြစ် ပါသည်။
၎င်းသုတ်တော်ကိုအမြဲ မပြတ်ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် နတ်ဗြဟ္မာများချစ်မြတ်နိုးကာ စည်းစိမ်ချမ်းသာ ရာထူး ဂုဏ်ရှိန်တိုးတက်မြင့်မားကြသည်ဟု ယုံကြည်ကြပါ သည်။ သက်သတ်လွတ်စားကာ ရွတ်ဖတ်လျှင်ဖြင့် ပိုမို တန်ခိုးအာနိသင်ထက်မြက်သည်ဟု လည်းဆိုကြပါ သည်။ သို့သော်...အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် မရွတ်ဖတ်နိုင်လျှင်သော်မှ နယုန်လပြည့်နေ့တွင် မဟာသမယသုတ်ကို ရွတ်ဖတ် ပူဇော်ခြင်းဖြင့် ကုသိုလ်သဒ္ဓါ ပွားများနိုင်ကြပါစေ…..

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ