Wednesday, June 25, 2014

အခြေခံဥပဒေပြင်ဆင်ရာမှာ အဆင့်တွေကိုကျော်တက်သင့်ရဲ့လား


အခြေခံဥပဒေ ပြင်ဆင်မည်ဆိုလျှင် အောက်ပါအတိုင်းတစ်ဆင့်ခြင်းသွားရပါသည်။၄၃၃။ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်လိုပါက အောက်ဖေါ်ပြပါ သတ်မှတ်ထားသောနည်းလမ်း အတိုင်းဆောင်ရွက်ရမည်-
(က)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေ မူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်၊
(ခ)ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ၊
၄၃၄။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း ရမည်။
၄၃၅။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိကိုယ်စားလှယ်စုစုပေါင်း၏ ၂၀%က တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနွေး ရမည်။
။၄၃၆။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အာားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊
(ခ) ပုဒ်မခွဲ (က)တွင်ဖေါ်ပြထားသည့် ပြဌါန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း မှ ပုဒ်မ ၄၃၆ ဖြစ်ပါသည်။
အထက်ဖေါ်ပြပါ အကြောင်းအချင်းရာများကိုကြည့်ခြင်းအားဖြင့် ပထမအဆင့်အနေဖြင့် မူကြမ်းရေးဆွဲရ မည်ဖြစ်သည်ယင်းအဆင့်ကို ပေါ်ပေါက်လာစေဖို့လွှတ်တော်မှာပြည်ခိုင်ဖြိုးပါတီမှအခြေခံဥပဒေ   ပြင်ဆင် နိုင်ရေးအတွက်မူကြမ်းရေးဆွဲဖို့အရေးကြီးအဆို တင်သွင်းပြီးခဲ့ပြီ။
လွှတ်တော်မှာလည်း ပြင်ဆင်ရေးတွေကို ယင်းပါတီမှပဲ ဦးဆောင်ဆွေးနွေးနေသည်။ထိုမှတစ်ဆင့် မူကြမ်း ကို ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုလွှတ်တော်ရှိကိုယ်စားလှယ်စုစုပေါင်း၏၂၀%ကတင်ပြရမည်။ ထိုအဆင့်ကိုတော့လွှတ်တော်မှာ ဆောင်ရွက်ရမည်ဖြစ်သည်ထိုအဆင့်ဆောင်ရွက်ပြီးပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အာားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည် ဖြစ်ရာ ပြည်သူတွေရဲ့ထောက်ခံလက်မှတ်မှာ နောက်ဆုံးအတည်ပြုအဆင့်တွင်ဖြစ်သည်။
ဤသို့ဆိုလျှင်ပြင်ဆင်ရေးအတွက် ပထမအဆင့်မှာပြီးမြောက်ခဲ့ပြီး ဒုတိယ အဆင့်မှာဆောင်ရွက် ဖို့စီစဉ်နေကြပြီ ထိုမှတစ်ဆင့် တတိယ အဆင့်ကိုဆက်လက်လုပ်ဆောင်ပြီး စတုတ္ထအဆင့်ကို သွားကြရမည်ဖြစ်ပေရာ ဒုတိယ အဆင့်နှင့် တတိယအဆင့်ကို ချန်လှပ်ကာ စတုတ္ထအဆင့်ကိုကျော် တက်ချင်နေကြတာလည်းဟု တွေးမိနေပါသည်။
အောင်ရဲစိုး(ဥပဒေ)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ