Monday, June 23, 2014

သဘာဝကပေးတဲ့ အဖိုးတန်စားစရာ ကန်စွန်းဥ


သရေစာအဖြစ်သော်လည်းကောင်း၊ ဟင်းချက်စရာအဖြစ်သော်လည်းကောင်း စားသုံးလေ့ရှိတဲ့ ကန်စွန်းဥဟာ အရသာရှိရုံသာမကပဲ ဈေးသက်သက်သာသာနဲ့ဝယ်နိုင်ပြီး အာဟာရလည်းပြည့်ဝတာကြောင့် ကျန်းမာရေးအတွက် ဘာတွေအထောက်အကူပြုသလဲ သိထားသင့်လို့ဖော်ပြပေးလိုက်ပါတယ်။
ဗီတာမင် B6 ပါဝင်တာကြောင့် ရုတ်တရက် နှလုံးဒုက္ခပေးတာမျိုးတွေကို ကာကွယ်နိုင်ပြီး ဗီတာမင် C လည်းပါတဲ့အတွက် အရိုးနဲ့သွားကျန်းမာရေးကို အထောက်အကူပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် D ကြောင့် ကိုယ်ခံအားကောင်းစေပြီး ရာသီဥတုကြောင့် နေမကောင်းဖြစ်တာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သံဓာတ်ပါဝင်တာကြောင့် သွေးဖြူဥ၊ သွေးနီဥဆဲလ်များအတွက် အကျိုးပြုတဲ့အပြင် စိတ်ဖိစီးမှုတွေ လျော့နည်းဖို့၊ ကိုယ်ခံအားစနစ် အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပေးပါတယ်။
ဗီတာမင် A လည်းပါဝင်တဲ့အတွက် ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး နေရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေ ပျက်စီးတာတွေနဲ့ မျက်စိကျန်းမာရေးအတွက်ပါ ကောင်းကျိုးပေးတယ်လို့ ကျန်းမာရေး သုတေသနပြုချက်တွေက ဆိုထားပါတယ်။ ပြုတ်စား၊ ကြော်စား၊ မီးကင်စား၊ ပေါင်းစား၊ ဟင်းချက်စားလို့ရတဲ့ ကန်စွန်းဥက ခန္ဓာကိုယ်ကျန်းမာရေးအပြင် အသားအရေ၏ကောင်းခြင်း၊ ခံပင်၏ကောင်းခြင်းတွေကိုလည်း အကျိုးပြုတာကြောင့် ကန်စွန်းဥပေါ်တာနဲ့ မလွတ်တမ်းစားဖို့စဉ်းစားရတော့မှာပါ။

Ref : www.naturalnews.com

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ