သူတို့ရေးလို့ ၊ သူတို့ပြင်သည် ၊ အသင် ဘာပြောချင်သေးသနည်း
မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အထွေထွေ အားနည်း ချက်များကြောင့် ပြည်သူလူထု၏ စိတ်မကျေနပ်မှုများ၊ ခြိုးခြံဆင်းရဲမှုများရှိလာခဲ့သည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကြောင့် စီးပွားရေး တိုးတက်မှု မရှိခြင်း၊ သုံးစွဲလျက်ရှိနေသည့်ငွေစက္ကူများကို တရားမ၀င် အဖြစ်ကြေညာခြင်း၊ အလုပ် လက်မဲ့ပြဿနာတိုးပွား နေခြင်း၊ အပြောကြွယ်သလောက် လက်တွေ့အကောင် အထည်ဖော်မှုအားနည်းသည့် စီမံကိန်းများကြောင့် အစိုးရ အပေါ် ယုံကြည်မှုနည်းပါးလာခြင်း စသည့် နှစ်ပေါင်းများစွာ အောင့် အည်းထိန်းချုပ်ခဲ့ရသည့် မကျေနပ်မှုများကြောင့် ၁၉၈၈ ခုနှစ်တွင် ဆူပူမှုဖြစ်လာပြီး နိုင်ငံ တော် အာဏာကို မယူမဖြစ် ယူလိုက်ရသည်။
နိုင်ငံတော်အာဏာကို ရယူပြီးသောအခါနိုင်ငံတော်၏ရှေ့ ခရီးအတွက် အလေးအနက်ထားကာ စဉ်းစားရတော့ သည်။ ပြည်သူများ၏ သဘောဆန္ဒနှင့် ကိုက်ညီမည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ရန် လိုအပ်မည်ဟု သဘောရကြ သည်။ သို့သော် ချက်ခြင်းဆောင်ရွက်၍ကား မဖြစ်သေး။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိရန်လိုသေးသည်။ တည် ငြိမ်အေးချမ်းမှုမရှိဘဲနှင့် ဒိုကရေစီစနစ်ကို သွား၍ မရ။ ပြည်သူများ၏အတွေးအခေါ်အယူအဆများ ပြောင်းပစ် ရန်လည်းလိုပေသေးသည်။ တိုင်းပြည်အင်အားရှိရန်၊ တည်ငြိမ်အေးချမ်းမှုရှိရန်၊ ညီညီညွတ် ညွတ်မျှမျှတတ ရှိစေရန် တပ်မတော်အစိုးရအနေဖြင့် အစဉ် တစိုက်ဆောင်ရွက်ခဲ့သည်။
တပ်မတော်အစိုးရသည် ၁၉၉၀ ပြည်နှစ်တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အာ ဏာလွှဲပေးရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီက အာဃာတ တ ရားများ ကို အခြေခံ၍ ထုတ်ဖော် ပြောဆို စီမံမှုများပြုလုပ်ခဲ့သည်။ တပ်မတော်ကို” ခေါင်းဖြတ်ပြီးကိုယ် ကိုပဲယူထားမယ်” ဟူသည့် အပြောမျိုး ၊ တပ်မတော်အင်အားချိနဲ့အောင် လုပ်မည့်အကြံမျိုး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များကို နေရာပေးမည့်သဘောမျိုးများရှိလာခဲ့ သည်။ ထိုသို့ဖြစ်လျှင်တိုင်း ပြည်ပြိုကွဲ သွားနိုင်သဖြင့် အာမခံချက်တစ်ခုရရှိရေးအတွက်တပူတပြင်းစီစဉ်ရတော့ သည်။
ထိုအာမခံချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ် သည်။ ၁၉၄၇ ခုနှစ်ဥပဒေသည် ၁၉၆၂ ခု နှစ်တွင် ပျက်ပြယ်ခဲ့သည်။ ၁၉၇၄ ခုနှစ်ဥပဒေမှာလည်း ဆိုရှယ် လစ်စီးပွားရေးစနစ်နှင့် တစ်ပါတီစနစ်ကို အခြေပြုရေးဆွဲ ထားခြင်း ဖြစ်သောကြောင့် ဆက်လက်ကျင့်သုံးရန် မသင့်လျော်တော့ပေ။ ထို့ကြောင့်ဖွဲ့စည်ပုံအခြေခံ ဥပဒေ သစ် ရေးဆွဲရမည်၊ ရေးဆွဲပြီးလျှင်အာဏာလွှဲ ပေးမည်ဟုစီ စဉ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုအမျိုးသားညီလာခံ ခေါ် ယူရေးဆွဲခဲ့ကြသည်။ ရေးဆွဲနေ စဉ်ပင် မညီညွတ်မှုများ၊ မမျှတမှုများ၊ ပေါင်းစပ်ညှိနှိုင်းမရမှုများကြောင့် ခေတ္တရပ် ဆိုင်းခဲ့ကာ အချိန်ကြာမြင့်ခဲ့ရသည်။
အဖျက်အမှောင့်များကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့သော အမျိုးသားညီလာခံကိုမူဝါဒလမ်းစဉ်(၇)ရပ်၏ပထမအဆင့် အနေဖြင့် ၁၇-၅-၂၀၀၄တွင် ပြန်လည်ခေါ်ယူခဲ့သည်။ ညီလာခံကို(၄)ကြိမ်ခွဲ၍စဉ်ဆက် မပြတ် ကျင်းပခဲ့ရာ ၃-၉-၂၀၀၇တွင် အောင်မြင်စွာပြီးမြောက်ခဲ့သည်။ အမျိုးသားညီလာခံ ကိုယ်စား လှယ်အများစုမှာ ပြည်ခိုင်ဖြိုး အသင်းအဆင့်ဆင့်မှ အလုပ်အမှုဆောင်များဖြစ်ကြပြီး ညီလာခံကြီး အောင်မြင်ရေးအတွက် အသင်းအဆင့် ဆင့်၏ ဦးဆောင်မှုဖြင့် နိုင်ငံအ၀ှမ်း ၂၀၀၆ခုနှစ် ဇန်န၀ါရီ လတွင် လူထုအစည်း အဝေးကြီးများကျင်းပ ကာ ထောက်ခံ ခဲ့သည်။
ညီလာခံကိုယ်စားလှယ်များ၏ စုစည်းညီညွတ်အား၊ ခိုင်မာသည့်ဇွဲလုံ့လ၊ မှန်ကန်သည့်စေတနာ များနှင့် တက်ညီလက်ညီ ဆောင်ရွက်မှုကြောင့်လည်းကောင်း၊ ပြည်ခိုင်ဖြိုးအသင်းအဆင့်ဆင့်၏ စည်းရုံးဦးဆောင်မှုဖြင့် နိုင်ငံအ၀ှမ်းတွင်ပြုလုပ်ခဲ့သော အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အားကြို ဆိုထောက်ခံ ပွဲများကြောင့်လည်းကောင်း ၂၀၀၇ စက်တင်ဘာ၃ရက်နေ့တွင် ပြည်ပပယောဂနှင့် ပြည်တွင်း ပုဆိန်ရိုးများ၏ အနှောက်အယှက်များကြားမှ အမျိုးသား ညီလာ ခံကြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
အမျိုးသားညီလာခံကြီးက ရေးဆွဲချမှတ်ခဲ့သော အခြေခံ မူနှင့် အသေးစိတ်အခြေခံရမည့် မူများအပေါ်မူတည်၍ တိကျခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အဖွဲ့ဝင်(၅၄)ဦး ပါဝင် သောဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်က ရေးဆွဲခဲ့သည်။
ရေးဆွဲပြီးသော ဥပဒေကို ပြည်သူတစ်ရပ်လုံး၏ သဘော ဆန္ဒကို ရယူရန်အတွက် ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နှင့် ၂၄ ရက်နေ့များတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ကျင်ပပြုလုပ်ခဲ့သည်။ ယင်းဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ၂၇၂၈၈၈၂၇ - ဦး၏ ၉၈.၁၂% ဖြစ်သော မဲပေးသူ ၂၆၇၇၆၆၇၅ ဦးရှိသည့်အနက် ထောက်ခံသူ ၂၄၇၆၄၁၂၄ ဦးရှိသဖြင့် ရာနှုန်းအားဖြင့် ၉၂.၄၈ % ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား အတည်ပြုနိုင်ခဲ့သည်။
၂၀၀၈- ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် လည်းကောင်း၊ အတည်ဖြစ်လာအောင် ကြိုးပမ်းရာ တွင်လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအနေဖြင့် အချိန်အခါ အရ ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်သော လုပ်ငန်းတစ်ရပ် အဖြစ်ဆောင် ရွက်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုပြီးနောက် အသင်းမှ ပါတီအဖြစ်သို့ ကူးပြောင်းခဲ့သည်။ ၂၀၁၀ ပြည်နှစ်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ၊ ၇၆.၄ % ဖြင့် Land Slide အောင်နိုင်ခဲ့ရာ Ruling Party ဖြစ်လာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်အစိုးရ လက်ထက် တွင် ရေးဆွဲခဲ့သောဥပဒေဖြစ်ပြီး၊ ပါတီစုံ စနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည် သည်။ အတည်ပြုပြီးနောက်ဖြတ်သန်းခဲ့ရသည့် ပါတီစုံဒီမို ကရေစီ နှင့် ဈေးကွက်စီးပွားရေးအတွေ့အကြုံများအရ ပြန် လည် လေ့လာဆန်းစစ် သုံးသပ်ရန်မှာလည်း ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်သောလုပ်ငန်းတစ်ခုဖြစ်လာပြန်ပါ သည်။ ထိုလုပ်ငန်းကို ဆောင်ရွက်ရန် တာဝန်အရှိဆုံး မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပင် ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးအဆိုကို ပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့်က အဆိုတင်သွင်းပြီး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က ထောက်ခံခဲ့ သည်။ လွှတ်တော်ကကန့်ကွက်သူမရှိ အတည်ပြုပေး ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာရေး ပူးပေါင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ရာ မိမိတို့ပါတီမှ လွှတ်တော်ကိုယ်စား လှယ် (၅၂) ဦး ပါဝင်ခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်၍ ပြောင်းလဲလာသည့် ခေတ်နှင့်အညီပြင်ဆင်ရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်၍ ပါတီ၏သဘောထား ကြေညာ ချက်ကို ၅-၁-၂၀၁၄ နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေးစိတ် အပြန်လှန်လေ့လာ၍ အချိန်အခါနှင့်အညီ ပြင်သင့်ပြင် ထိုက် သောပုဒ်မများ၊ အကြောင်းအရာများကိုဖော် ထုတ်ကာ ပါတီဗဟုကော်မတီအစည်းအဝေးခေါ် ယူပြီး ဆွေးနွေးခဲ့ကြသည်။ အကြံပြုချက်များ ရယူခဲ့ကြသည်။ ပါတီဗဟိုကော်မတီဒုတိယအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လေ့လာပြင်ဆင်သုံးသပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တိုင်းရင်းသားများအရေး၊ နိုင်ငံသားများ အရေးနှင့်ပတ်သက်၍လည်းကောင်း၊တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အခွင့်အရေး နှင့်သက်ဆိုင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လည်းကောင်း၊နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေး ပါတီ များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးညှိနှိုင်း၍ ပါတီ၏ သဘောထားကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
ပါတီဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ပြင်ဆင်သင့်သည်ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အစားထိုးခြင်း (၁၂) ချက်၊ ဖြည့်စွက်ခြင်း (၁၃) ချက်၊ ပယ်ဖျက်ခြင်း (၅) ချက်၊ ဇယား (၂) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းတွင် ဖြည့်စွက်သင့် သည့်ကိစ္စရပ်များ (၁၁) ချက်နှင့် အခြေအနေ အချိန်အခါ အရ ပြင်ဆင်သင့်သည့်အချက်များအဖြစ် (၆) ချက်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဆက်လက် တင်ပြနိုင်ခဲ့ပါသည်။
ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက်အစီရင်ခံစာကို ၃၁-၁- ၂၀၁၄ နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော်န၀မပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့ရာ အစီရင်ခံစာပါ အကြောင်းအရာများကိုဆက်လက်ဆောင် ရွက်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ၃-၂- ၂၀၁၄ နေ့ တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၃၁) ဦးဖြင့်ဖွဲ့စည်းပေးခဲ့ရာကော်မတီ၏ အခြေခံဆောင်ရွက်ရ မည့် ဦးတည်ချက်များမှာ-
(၁) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်တံခိုင်မြဲမှု၊ တည်ငြိမ်းအေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ် စနစ်နှင့်လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊
(၂) တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှု ခိုင် မာသော အမျိုးသားစည်းလုံး ညီညွတ်မှုကို တည်ဆောက် နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေး ကို ဖော်ဆောင်ရေး၊
(၃) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုတ်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေး တို့ဖြစ်ပါသည်။
ယင်းကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးနန္ဒကျော်စွာ က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးအေးမောင်က အတွင်းရေး မှူး အဖြစ်လည်းကောင်း၊ ကိုယ်စားလှယ် (၁၄) ဦးက အဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းခံ ခဲ့ရပါသည်။ ပထမ အကြိမ်ကော်မတီအစည်းအဝေးကို ၁၁-၂-၂၀၁၄ နေ့တွင် ကျင်းပနိုင်ခဲ့ပြီး ဆက်လက်ဆောင် ရွက် ရမည့် လုပ်ငန်းစဉ်များအတွက် သင့်လျော်သည့် လုပ်ငန်းလမ်းညွှန်မှုရရှိရန်လိုအပ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်နာယကထံ အခြေခံမူများ ချမှတ်ပေးရန် တောင်းခံခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်နာယကအနေဖြင့် ကြား သိ တွေ့မြင်နေရသည့် ပြည်သူများ၏အသံ၊ ဆန္ဒအမှန် များ ကို အလေးထားသတိပြုလျက် အဘက်ဘက် မှ လေ့လာသုံးသပ်ပြီး ကော်မတီလုပ်ငန်းများ ဆောင်ရွက် ရာတွင် အောင်မြင်အစဉ်ပြေရေးအတွက် လုပ်ငန်းဆိုင်ရာ အခြေခံမူများပေးပို့ခဲ့ပါသည်။ ၎င်းတို့မှာ -
- ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအကြောင်းအရာကို ဦးစွာလေ့လာသုံးသပ်အကြံပြုရန်၊
- တပ်မတော်၏လက်ရှိပါဝင်မှုအခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင် သည့် နည်းလမ်းများလေ့လာသုံးသပ်ရန်၊
- ဗဟုဦးစီးစနစ်များလွန်းနေသည့်ကိစ္စများကို လျော့ချရန်၊
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူ ညီမျှမှုအခွင့်အရေး ရရှိရေးအတွက် လိုအပ်ပါက ပြင်ဆင် နိုင်ရေးလေ့လာသုံးသပ်ရန်၊
- ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေသော ကိစ္စရပ်များနှင့် ဆက်စပ်နေသည့် ပြဋ္ဌာန်းချက်အချို့ ကို ပြင်ဆင်နိုင်ရေးလေ့လာသုံးသပ်ရန်၊
-နိုင်ငံတော်သမ္မတ၊ဒုတိယသမ္မတများနှင့် ပြည်ထောင်စု ၀န်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေး၍ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှုနှင့် ညီညွတ်မှုရှိစေရေး စဉ်းစားသုံးသပ်ရန်၊
- ဖော်ပြပါလုပ်ငန်းဆိုင်ရာအခြေခံမူများနှင့်အညီဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ရာ တွင်၂၀၁၅ခုနှစ်ရွေးကောက်ပွဲမကျင်ပမီအနည်းဆုံးခြောက် လ အလိုတွင် ပြင်ဆင်သင့်သည့်အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယားသတ်မှတ်ဆောင်ရွက်ရန်- ဟုပါရှိပါသည်။
ယင်းကဲ့သို့ နိုင်ငံ၏လိုအင်၊ ပြည်သူ၏ဆန္ဒနှင့် အညီ ပြည်ထောင်စုလွှတ်တော်နာယက (ပါတီဥက္ကဋ္ဌ) က လမ်းညွှန်ချက်ချမှတ်ပေးလိုက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် နိုင်ရေး လုပ်ငန်းဆိုင်ရာအခြေခံမူများ သည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် လိုအပ်သောလမ်းပြမြေပုံနှင့် ကာလသတ်မှတ် ချက်ဖြစ်ပေ ရာ ပါတီကပေးအပ်သည့် ခိုင်မာသော အမာခံချက်လည်းဖြစ်ပေသည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူများအတွက် အထူး အလေးအနက်ထားဆောင်ရွက်အပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ပါတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါး ထင် ထင်မြင်တွေ့နိုင်ပြီဖြစ်ပါသည်။ ဤသည်ကို မင်းသားကြီး မလုပ်ရ၍ ပတ်မထိုး ဖောက်ခြင်သူများ၊ အဆိုးမြင်သမား များ၊ ကပျက်ယပျက်သမားများ၊ ငါ့စကား နွားရပြောတတ် သူများ၊ အမေကျော် ဒွေးတော်လွမ်းတော်လွမ်းတတ် သူများ၊ ယောယောယောင်ယောင် အမောင်တောင်မြောက် မသိသူ များအတွက် တစ်ခွန်းတည်းသော စကားကို ဆိုလိုက်ချင်ပါသည်။
သူတို့ ရေး လို့
သူတို့ ပြင် သည်
အသင် ဘာပြောချင် သေးသနည်း။ ။
ကျော်ကျော်(ပညာရေး )
No comments:
Post a Comment