Tuesday, June 17, 2014

အုပ်စု G ပွဲစဉ် အမေရိကန်နဲ့ဂျာမနီအနိုင်ရ


အုပ်စု G ပွဲစဉ် အမေရိကန်နဲ့ဂျာမနီအနိုင်ရ


ဘရာဇီးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု G - ပွဲစဉ်မှာ နာမည်ကြီး ဂျာမနီက ပေါ်တူဂီကို ဂိုးပြတ်နဲ့အနိုင်ရသွားပါတယ်။ Salvador မြို့မှာ တနင်္လာနေ့က ကစားခဲ့တာမှာ ဂျာမနီက ပေါ်တူဂီကို ၄ ဂိုး ဂိုးမရှိ နဲ့ အပြတ်အသတ်အနိုင်ရသွားတာပါ။ ဂျာမနီအတွက် ပထမဂိုးကို မူလာက ပယ်နယ်တီကနေ သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ Hummels က ခေါင်းတိုက်သွင်းခဲ့တာပါ။ အဲဒီနောက် ပေါ်တူဂီနောက်တန်းက ပေပေ (Pepe) မူလာကို ခေါင်းနဲ့သွားတိုက်တဲ့အတွက် အနီကဒ်ပြထုတ်ခံရပြီး နောက်ပိုင်းမှာ မူလာက နောက်ထပ် ၂ ဂိုးသွင်းပြီးတော့ ပွဲအပြီးမှာ ဂျာမနီက ၄ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ကိုယ်တိုင်တက်ရောက် အားပေးသွားခဲ့ပါတယ်။ အုပ်စု G က အမေရိကန် နဲ့ ဂါနာပွဲမှာတော့ အမေရိကန်က ဂါနာကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ အုပ်စု F က အီရန် နဲ့ နိုင်ဂျီးရီးယားတို့ကစားတဲ့ပွဲကတော့ ဂိုးမရှိသရေကျသွားပါတယ်။ ဒီအုပ်စုမှာ အာဂျင်တီးနားက ၃ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး အီရန်နဲ့ နိုင်ဂျီးရီးယားက ၁ မှတ်စီနဲ့ ဘော့စနီးယားနဲ့ ဟာဇီးဂိုဗီးနားက ၁ မှတ်မှ မရသေးပါဘူး။

VOA Myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ