မမေ့မေလျော့ မပေါ့မဆ အမျိုးသားရေး ဓမ္မ
“အပ္ပဒေန သမ္ပာဒေထ” ဟူသော မြတ်စွာဘုရားရှင်၏ စကားတော်ကို ဗုဒ္ပ္ဓဘာသာဝင်သူတော် စင်များကြား ဖူးကြသိရှိကြလိမ့်မည်ထင်ပါသည်။ “မမေ့ကြနဲ့”ဟူ ၍ အဓိပ္ပါယ်ရသည်။ယင်းစကားတော် သည် ခေမာသောင် ကမ်း နိဗ္ပ္ဗ္ဗါန်နန်းသို့ ကူးသွားနိုင်ရန် တွန်းအားတစ်ခုဖြစ် သကဲ့သို့ ပင် လောကီရေးရာတွင်လည်း လိုက်နာသူတိုင်း အား ချမ်းသာစေနိုင်ကြောင်း စကားတော်အစစ်ဖြစ်ပေ သည်။
နိုင်ငံရေး စီးပွားရေး လူမှုရေးတို့တွင် အသုံးချတတ်လျှင် အသုံးချတတ်သလောက် အရေးပါအရာ ရောက်သည့် လမ်းညွှန်ချက်ကောင်းတစ်ခုဖြစ်သည်။ ထိုမျှမက အမျိုး ဘာသာသာသနာတော်ကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းရာတွင်လည်းအသုံးဝင်လှသည်ဖြစ်ရာ မြတ်စွာ ဘုရားရှင်၏အထက်ပါစကားတော်ကိုဗုဒ္ပ္ဓဘာသာမြန်မာ လူမျိုးတိုင်း ဦးထိပ်ပန်ဆင်ထားကြရန်လိုပါသည်။
မိမိတို့မြန်မာနိုင်ငံတော်ကြီးသည် ပထ၀ီအနေအထားအရ အိန္ဒိယနိုင်ငံ၊တရုတ်နိုင်ငံ၊ လူနေထူထပ်၍လူဦးရေပေါက် ကွဲမှုနှုန်းမြင့်မားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိ မိတ်ချင်းထိစပ်နေကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေး အရ ကူးလူးဆက်ဆံမှုများ၊ သံတမန်ရေးရာဆက်ဆံမှု များအပြန်အလှန်ရှိသည်။ အိန္ဒိယ တရုတ်စသော အင်အားကြီးနိုင်ငံတို့၏အကြားတွင်တည်ရှိနေသည့် နိုင် ငံဖြစ် သည့်အတွက် ယင်းတို့၏ လွှမ်း မိုးသက်ရောက် မှုများမရှိစေရန် ကာကွယ်သတိပြုစောင့်ကြည့်နေ ကြရသကဲ့သို့ လူဦးရေမြင့်မားပေါက်ကွဲလာ နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်လူဝင်မှုများကိုလည်း သတိပြုနေရသည်။ တစ်ချိန်ချိန်တွင် အိမ်နီး ချင်းနိုင်ငံတို့ ၏ ၀န်ထုပ်ဝန်ပိုးများအားလုံး မိမိတို့နိုင်ငံအပေါ်ကျရောက် မလာနိုင်ဟူ၍မည်သူမျှအတတ်မပြော နိုင်ပါ။ ဖြစ်ပေါ်လာ နိုင်သည့်အန္တရာယ်တို့ကိုကာကွယ်တားဆီးရန်မှာ မိမိ တို့မြန်မာပြည်သူပြည်သားတိုင်း၏တာဝန်ဖြစ်ပါသည်။
ကိုလိုနီခေတ်မှစတင်ကာ မြန်မာနိုင်ငံသို့ တံခါးမရှိ ဓားမရှိ ၀င်ရောက်လာကြသော ပြည်ပမှ ၀င်ရောက် အ ခြေချသူ များသည် မြန်မာနိုင်ငံ အာဏာရှင်စနစ်အောက်ရောက် သည်အထိပင် တစိမ့်စိမ့်ဝင်လာ ဆဲဖြစ်ကြောင်းတွေ့ ရပါသည်။ အာဏာရှင်စနစ်အောက်တွင် နိုင်ငံရေး စီးပွားရေး ပညာရေးစသည်ဖြင့် အဘက်ဘက်မှချွတ်ချုံ ကျသွားခဲ့သော်လည်း ပြည်ပမှ တရားမ၀င်ဝင်ရောက် လာခြင်းများ ရပ်တန့်မသွားခဲ့။ နိုင်ငံအနေနှင့်ဆင်းရဲ တွင်းနက်နေခဲ့သည့်တိုင် အိမ်နီးချင်းနိုင်ငံများမှ လာရောက် ၍ အခြေချသူများမှာ သန်းနှင့် ချီ ၍ရှိခဲ့သည်။
ယခုအချိန်ထိလည်း လစ်လျှင်လစ်သလို ၀င်လာနေဆဲပင် ရှိနေပါသေးသည်။ ထိုသို့ဝင်ရောက်လာမှုများ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အများဆုံးဖြစ်နေကြောင်းတွေ့ ရသည်။ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့ကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအနာဂတ်မြန်မာနိုင်ငံတွင် ဖြစ်ထွန်း မည်ဆိုလျှင် သည်ထက်မက ၀င်ရောက်နိုင်ပြီး ၄င်းတို့ မှ ပေါက် ဖွားလာမည့် မျိုးဆက်ပေါင်းများစွာ သည် မြန်မာ လူမျိုးအား ကမ္ဘာပေါ်မှ ကွယ်ပျောက်စေပါလိမ့် မည်။
ဤသို့သောအချိန်မျိုးတွင် မြန်မာတို့အနေနှင့်အဓိကကာကွယ်ကြရမည်မှာ မြန်မာအမျိုးသမီးများ အရေးဖြစ် ပါသည်။ ဗုဒ္ပ္ဓဘာသာဝင်မြန်မာ အမျိုးသမီး များ ပြည်ပ မှတရားမ၀င်ဝင်ရောက်လာသူ ဘာသာခြား လူမျိုးခြားများ၊၄င်းတို့၏မျိုးဆက်များနှင့်အကြောင်းပါကာ ကိုးကွယ်ယုံကြည်မှု ၊ ဘာသာယဉ်ကျေးမှုများအား အဓမ္မ သိမ်းသွင်းခံလိုက်ရလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံမှ ဖယ်ပေးလိုက်ရမည်မှာ ဧကန်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် မြန်မာအမျိုးသမီးတို့သည် မြန်မာနိုင်ငံတော်၏ နိုင်ငံဝန်ထမ်းများဖြစ်ကြပြီး မြန်မာ့မျိုးဆက်အဆက်ဆက်သည် ဗုဒ္ပ္ဓယဉ်ကျေးမှုနှင့်တည်ဆောက်ထားသော အဖွဲ့ အစည်းဖြစ်သောကြောင့် ဖြစ်သည်။နိုင်ငံ့ဝန်ထမ်းများ ပြိုပျက်ကုန်လျှင် နိုင်ငံသည်လည်း အလိုအလျောက် အင်အားနည်းသွားရစမြဲ။ကွယ် ပျောက်သွားရ စမြဲဖြစ်ကြောင်း ကမ္ဘာ့သမိုင်းကိုလှန်လှောကြည့်က သိနိုင်ပါသည်။
တစ်နည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏အသက်သည် မြန်မာအမျိုးသမီးထု၏အပေါ်တွင် မူတည် သည်။ အနာ ဂတ်မြန်မာလူမျိုးနှင့်မြန်မာပြည်ကိုသော်လည်းကောင်း၊ မြန်မာ့ဘိုးဘေးစဉ်ဆက် ယုံကြည် ဆည်းကပ်ကိုး ကွယ်လာခဲ့သော ဗုဒ္ပ္ဓသာသနာတော်နှင့် ဗုဒ္ပ္ဓဘာသာ ယဉ်ကျေးမှုတို့ကိုသော်လည်းကောင်း ကမ္ဘာ တည်သရွေ့ တည်တံ့နေစေလိုလျှင် မြန်မာ့အမျိုးကောင်းသမီးတို့အား စနစ်တကျကာကွယ်ပေးထားကြရ မည်ဖြစ် သည်။ အမျိုးဘာသာသာသနာရေးနှင့်ပတ်ငက်လာလျှင် မိမိတို့အနေနှင့်ရပ်တည်ချက်ခိုင်မာပြတ်သား ကြရပါမည်။
ကိုယ့်အမျိုးဘာသာသာသနာကို အဘက်ဘက်မှ ဖျက်ဆီးနေပါလျက် ပေါ့ပေါ့ဆဆနှင့်လျစ်လျှူရှုနေကြ ဦးမည်ဆိုပါက မိမိတို့အတွက် အန္တရာယ်များစွာရှိသည်။ အမျိုးဘာသာသာသနာရေးတွင် မေ့လျော့နေခြင်းမှာ သမိုင်းအမှားတစ်ခုကျူးလွန်ရန် ကြမ္မာ ဖန်နေခြင်းဖြစ်ကြောင်း သိရှိရန်လိုပါသည်။ မိမိတို့ အနေဖြင့် သမိုင်းအမှားကိုကျူးလွန်ခဲ့လျှင် ယင်း၏ အကျိုးဆက်အဖြစ် မိမိတို့၏ သားသမီး များမြေးမြစ် များပါနစ်နာကြရမည် ခဏ်ခံကြရမည်ဖြစ်သည်။
တောင်အာဖရိကမှ အင်ဂိုလာနိုင်ငံ၊ သြစတြေးလျ၊ စင်ကာပူစသော ကမ္ဘာ့နိုင်ငံများသည် မိမိတို့နိုင်ငံ ၏ အမျိုးသားရေးနှင့်ပတ်သက်လာလျှင် ရပ်တည်ချက် ခိုင်မာပြတ်သားခဲ့ကြကြောင်းတွေ့ရသည်။ လွတ်လပ်ရေးဖ ခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည်လည်း မင်္ဂလာဒုံစစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောခဲ့စဉ်က ကိုယ့်အမျိုးသားတို့၏ အကျိုးကိုလာရောက်ထိပါးလာလျှင် အတွင်းလူဖြစ်စေ၊ အပြင်လူဖြစ်စေသုတ်သင် ရမည်ဖြစ်ကြောင်း ဘယ်သူ ဘယ်လူမျိုးမို့ ဟူသော တော်လှန်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားတို့ ၏အကျိုး၊ တိုင်းပြည်၏အကျိုးကို ထိပါးလာသောကြောင့် သာ သုတ်သင်တော်လှန်ရခြင်းဖြစ်ကြောင်းပြောပြခဲ့ ဖူးပါသည်။
မည်သို့ပင်ဆိုစေ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည်။ မိမိတို့အမျိုးဘာသာ သာသနာတော် အား ကာကွယ်စောင့်ရှောက်နိုင်ရန်အားထုတ်ခြင်းကိုပင် အချို့ချို့သောသူတို့အမြင်စောင်းကြသည်။ကဲ့ရဲ့ကြသည်။ သို့ဖြစ်ရာ မဟာဗောဓိမြိုင်ဆရာတော်ကြီး နိမိတ်ဖတ်ခဲ့ သလိုပင် အမျိုးဘာသာကာကွယ်ရေးသည် ယခုအချိန် အထိ မလွယ်သေးသောအနေအထားတွင် ရှိနေပါ သည်။ မြန်မာလူမျိုးများ စည်းလုံးမှုမရှိသေးသ ၍ နွားကွဲ ကကျားဆွဲမည်ဆိုသည့်စကားပုံမှာ နေရာရနေဦးမည်ဖြစ် သည်။ ပထ၀ီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အချိန်မရွေးချောက်ထဲကျသွားနိုင်ပြီး လူမျိုးဘာသာ သာသနာ သည်လည်းအဖတ်ဆည်မရအောင် ပျက်ပြား သွားနိုင်သည်။သို့ဖြစ်သည့်အတွက် မြန်မာလူမျိုးတို့စည်း လုံးသင့်ကြပြီ။အမျိုးဘာသာသာသနာအရေးတွင် ညီညီညွတ်ညွတ်ဖြင့် ၀ါယမစိုက်ထုတ်သင့်ကြပြီဖြစ် သည်။
တာဝန်သိသူတိုင်းအတွက် တာဝန်ရှိပါသည်။ သမိုင်း စာမျက်နှာထက်တွင် မြန်မာနိုင်ငံနှင့်မြန်မာလူမျိုး၊ယုံကြည် ကိုးကွယ်ရာဘာသာတို့ ဆက်လက်တည်တံ့နိုင်ရေး သည် မြန်မာတို့အတွက်သမိုင်းပေးတာဝန်တစ်ခုဖြစ်သည်။ ပြိုအောက်ဖျက်မည့်သူများ၊ ပျက်အောင်ဖျက်မည့်သူများ၊ နစ်အောင်နှစ်မည့်သူများပတ်ပတ်လည်ဝန်းရံလျက်ရှိသည့် ပတ်ဝန်းကျင်တွင် အမျိုး ဘာသာသာသနာကိုမည်သို့ ထိန်းသိမ်းကာကွယ်ကြပါမည်နည်း။ ဗုဒ္ပ္ဓဘာသာ ၀င်မြန်မာ လူမျိုးတိုင်းတွေးဆ ဆင်ခြင်ကာအကောင် အထည်ပေါ်အောင် အားပေးသင့်ကြပါသည်။နိုးနိုး ကြားကြား တက်တက်ကြွကြွရှိဖို့လိုသည်။ အနာ ဂတ်မြန်မာနိုင်ငံတော်၏အမျိုးဘာသာ သာသနာတို့ ဆက် လက် ၍ ဣနြေ္ဒရရ လှပနေစေရန်ကြိုးပမ်းကြရ မည်ဖြစ်ချေ သည်။
ထို့ကြောင့်မမေ့မလျော့ကြပါနှင့်..။
ကဘော်အရှင်အာယု
သာကီသွေး အတွဲ(၁)၊ အမှတ်(၂၂)မှဖော်ပြသည်။
No comments:
Post a Comment