တာဝန်ကိုယ်စီရှိကြသည်.
. . . .
ခင်လယ်လယ်ချစ် (မြန်/ ဂုဏ်)
လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုးံစံများ အသီးသီးရှိကြပါသည်။
မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို
မြတ်နိုးတန်ဖိုးထားထိန်းသိမ်းနိုင်မှသာမိမိနိုင်ငံမိမိလူမျိုးတို့၏အဆင့်အတန်း မြှင့်တင်နိုင်
မည်ဖြစ်ပါသည်။စာရေးသူတို့မြန်မာနိုင်ငံတွင်လည်းဟိုးရှေးကတည်းကပင်ကိုယ်ပိုင်ယဉ်ကျေးမှုစံနှုန်းများဖြင့်တင့်တယ်ဝင့်
ထယ်စွာနေထိုင်လာခဲ့ကြသည်။
ယဉ်ကျေးမှုဆိုရာတွင်ဝတ်စားဆင်ယင်မှု၊ရိုးရာဓလေ့၊အနုသုခုမပညာ၊
ပြောဆိုသုံးစွဲသောဘာသာစကား၊အသုံး အဆောင်ပစ္စည်းများ၊ အတွေးအခေါ်၊
နှုတ်ဟန်အမူအရာစသည်တို့အပြင် ... မြန်မာတို့သည်စိတ်ရှည်သည်။
သည်းခံခွင့်လွှတ်သည်။စိတ်ဆိုးလျှင်ခဏသာဖြစ်သည်။ကိုယ်ချင်းစာတတ်သည်။ရက်ရောသည်။ငြိမ်းချမ်းရေးကို
မြတ်နိုးတန်ဖိုးထားသည်။ခွင့်လွှတ်ကျေအေးလွယ်သည်စသည်ဖြင့် မြတ်နိုးတန်ဖိုးထားရမည့်မြန်မာစိတ်ဓာတ် သည်လည်းမှတ်ကျောက်တင်နိုင်လောက်သည့်စံနှုန်းများစွာရှိပါသည်။
မြန်မာယဉ်ကျေးမှုသမိုင်းကြောင်းကောင်းခဲ့သည်။ထို့ကြောင့်ဘိုးဘွားမိဘများသည်ရိုးရာယဉ် ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင်၊မတိမ်ကောရလေအောင်လက်ဆင့်ကမ်းအမွေများပေးခဲ့ ခြင်းဖြင့်
မြန်မာသမိုင်းကြောင်းကောင်းမွေ ကိုလူငယ်များဆက်လက်ထိန်းသိမ်းစေလိုသည်။စာရေးသူသည် မြန်မာ့မြေမှာကြီးပြင်းပြီး
မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်အောက် မှာနေထိုင်ကြီးပျင်းရသည်ကို ဂုဏ်ယူမိသည်။
စာရေးသူတို့ကတရုတ်နိုင်ငံနန်နင်းမြို့တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊တရုတ်နိုင်ငံလုံးဆိုင်ရာလူငယ်အဖွဲ့ချုပ် (All China Youth federation ) က
ကြီးမှူး၍ (Guangxi International Youth Institute ) ကွမ်ရှီး
နိုင်ငံတကလူငယ်အတွေ့အကြုံဖလှယ်ရေးသင်တန်းကျောင်းတွင် ဌာနမှစေလွှတ်ခဲ့သဖြင့်
နှစ်လတာ သင်တန်းတက်ရောက်ခွင့်ရရှိခဲ့ပါသည်။၎င်းသင်တန်းကျောင်းတွင်သင်ခန်းစာပို့ချခြင်း၊ လေ့လာရေးခရီးများ သွားရောက်ရခြင်းများအပြင်
စကားဝိုင်းဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ပါသည်။
ထိုစကားဝိုင်းဆွေးနွေးပွဲတွင်စာရေးသူတို့အဖွဲ့မှ မြန်မာနိုင်ငံအနေဖြင့်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ဆောင် ချက်များကို ဆွေးနွေးခဲ့ရပါသည်။စာရေးသူတို့အနေဖြင့်
မြန်မာ့ရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများကို အသေးစိတ်ရှုင်းလင်းခဲ့ပါသည်။
ပထမဦးစွာဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင်..ယနေ့ခေတ်လူငယ်များသည် ခေတ်ရေစီးကြောင်း အရ.. ခေတ်မီအ၀တ်အစားများကိုဝတ်ဆင်ကြသည်ဆိုသော်လည်းစိတ်ဓာတ်များမှာ မြန်မာ့ယဉ်ကျေးမှုဘောင်အတွင်းမှာ
မကျော်လွန်ကြပါ။ မိကြီးမိထွေး၊ ဘကြီးဘထွေးတို့၏ အုပ်ထိန်းမှုအောက်တွင်
ကြီးပြင်းလာခဲ့ကြသူများဖြစ်၍ ရိုးသားပွင့်လင်းကာအိနြေ္ဒသိက္ခာကိုတန်ဖိုးထားတတ်ကြကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်နေသောယနေ့ခေတ်ကြီးတွင် ခေတ်ရေစီးကြောင်းမှာအလိုက်သင့်စီးမျောသူများရှိသကဲ့သို့ ခေတ်ရှေ့ကို
ပြေးနေသောသူများလည်းရှိနေပါသည်။ အတိုအဟိုက်ကိုဝတ်မှ ခေတ်မီသည်။လှပဆန်းသစ်သည်ဟုထင်သူများရှိကောင်းရှိသော်ငြားလည်း မြန်မာ့ရိုးရာဝတ်စုံများ
ဝတ်ဆင်မှလှပတင့်တယ်သည်။ကျက်သရေရှိသည်ဟုထင်ကြသော
မြန်မာ့သမီးပျိုကလေးများလည်းရှိကြသည်မှာ ဂုဏ်ယူစရာကောင်းလှကြောင်းကိုလည်း
ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
စာရေးသူတို့ သင်တန်းသား (၃၀) ဦးတို့သည် တရုတ်နိုင်ငံတွင်
တူညီဝတ်စုံများဝတ်ချိန်မှလွဲ ကာကျန်သော အချိန်များတွင်
မြန်မာ့ရိုးရာဝတ်စုံများကိုသာဝတ်ဆင်ခဲ့ကြပါသည်။ မြန်မာဆန်ဆန်လှ နေသည့် မြန်မာ့အလှ။
မြန်မာဝတ်စုံများဖြင့်တင့်တယ်နေကြသူများကို မြင်သူတိုင်းကသမင်လည်ပြန်ကြည့်ကြရသည်။၏စာရေးသူတို့ အဖွဲ့တရုတ်နိုင်ငံတွင်
မိမိရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသူများအဖြစ်
ဂုဏ်ယူတက်စေခဲ့ပါသည်။
ယခင်က မြန်မာမလေးများသည်ချိတ်ထမီနှင့်ရင်ဖုံးအင်္ကျီဝတ်ရသည်ကိုရှက်သည်၊
ရှေးကျသည်ဟုထင်ခဲ့ကြသော်လည်း
မြန်မာနိုင်ငံအမျိုး
သမီးရေးရာအဖွဲ့ချုပ်ကြီးမှူး၍ နှစ်စဉ်ဇူလိုင်လ (၃) ရက်
မြန်မာအမျိုးသမီးများနေ့တွင် အမျိုးသားကဇာတ်ရုံ၌
ရိုးရာယဉ်ကျေးမှုပြပွဲပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းတို့ ကြောင့်
မြန်မာအမျိုးသမီးလေးများသည် ခေတ်မီဆန်းသစ်လှပသည့်မြန်မာ
ရိုးရာဝတ်စုံများကိုဝတ်ဆင်လာကြသည်။ မြန်မာရိုးရာဝတ်စုံသည်သာ
မြန်မာအမျိုးသမီးလေးများကိုအိနြေ္ဒရရ လှစေသည်ဆိုသည်ကိုသိသွားကြသဖြင့်
မြန်မာ့ရိုးရာဝတ်စုံများကို မြတ်မြတ်နိုးနိုးဆင်မြန်းလာခဲ့ကြကြောင်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ထို့အပြင် . . .ရှေးယခင်များလက်ထက်ကတည်းက မြန်မာ့ရိုးရာယဉ်ကျေးမှုကို
ထိန်းသိမ်းခဲ့ သကဲ့သို့ ယနေ့ခေတ်တွင်လည်း
မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြပွဲပြိုင်ပွဲများကျင်းပခြင်း၊ဆိုကရေးတီးပြိုင်ပွဲများကျင်းပခြင်းမှာ
မြန်မာတို့၏ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုစံနှုန်းများကိုမျိုးဆက်သစ်လူငယ်မားပိုမိုစိတ်ဝင်စားလာပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်လက်ဆက်ကမ်းထိန်းသိမ်းစောင့်ရှောက်
စေလိုသည့် စေတနာရည်ရွယ်ချက်ဖြင့်
ကျင်းပပေးခြင်းဖြစ်ကြောင်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ပါသည်။
အနာဂတ်၏ကြယ်ပွင့်များဖြစ်သောကြောင့်
လက်ရုံးရည်နှလုံးရည်ပြည့်ဝဖို့လိုသကဲ့သို့ အကျင့် စာရိတ္တကောင်းမွန်ရန်၊
ဇွဲသတ္တိရှိရန်၊ ရိုးသားဖြူစင်ရန်လည်း လိုအပ်ပါသည်။ ကမ္ဘာမှာမြန်မာဟု
ဝံ့ကြွားနိုင်ခြင်းများမှာလည်း အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားသောမြန်မာတို့၏
စိတ်ဓာတ်ကြောင့်ပင် မဟုတ် ပါလား။
ရှောင်လွဲ၍မရသည့်သဘာဝတရားကြီးတွင် လူငယ်များသည် အနာဂတ်တွင် အလွန်အရေးကြီး
သည့်အခန်းဏ္ဍများမှ ပါဝင်ထမ်းဆောင်ရမည့်သူများဖြစ်လာမည်။
နိုင်ငံတော်ကြီးရေရှည်တည်တံ့ခိုင်မြဲ ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ရန်မှာလည်း
မျိုးဆက်သစ်လူငယ်များ၏တာဝန်ပင်ဖြစ်ပါသည်။
ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြု ရေးသားပါသည်။
ခင်လယ်လယ်ချစ် ( မြန်/ ဂုဏ် )
No comments:
Post a Comment