ဦးဆန်းဆင့်တာဝန်က ရပ်စဲတဲ့ကိစ္စ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် တရားဝင်ရှင်းပြီ
========================================
========================================
ငွေကြေးအလွဲသုံးစာမှုနဲ့အမှုဖွင့်စစ်ဆေးခံနေရတဲ့သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့် ကိုတာဝန်ကရပ်စဲလိုက်တဲ့ကိစ္စကို နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ
ရှင်းလင်း ခဲ့တာဖြစ်ပါတယ်။
ဦးဆန်းဆင့်က မဟာသန္တိသုခ ကိစ္စအပါအဝင်
နိုင်ငံတော်သမ္မက တာဝန်ပေးတဲ့ အလုပ်တွေမှာ လုပ်ပိုင်ခွင့် ထက်
ကျော်လွန်လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အခုလို
အရေးယူရတာလို့ ဦးရဲထွဋ်ကဆိုပါတယ်။ငွေကြေးအလွဲသုံးစာမှုနဲ့ပတ်သက်လို့ဦးဆန်းဆင့်ရဲ့မိသားစုဝင်တွေ၊သူနဲ့ပတ်သက်သူတွေရဲ့
နေအိမ်တွေကို ဝင်ရောက် စစ်ဆေးနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
အကြီးတန်း အရာရှိတစ်ဦးက အတည်ပြု ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက
စစ်ဆေးတွေ့ရှိချက် အပေါ်မူတည်ပြီးတော့ ဦးဆန်းဆင့်ကို အရေးယူ မှု
ပြုလုပ်မယ်လို့ အကြီးတန်း အရာရှိတစ်ဦးက ဆက်ပြောပါတယ်။
ငွေကြေးအလွဲသုံးစား ပြုမှုဖြင့် ဦးဆန်းဆင့်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စသုံးလုံး)ညွှန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ အမှုဖွင့်ထားတယ်လို့ နေပြည်တော် ဥတ္တရသိရီမြို့နယ် ဘုရားကုန်းရဲစခန်း မှုခင်းလက်ခံဌာနက ရဲတပ်ကြပ်ကြီး ဇော်ဝင်းက အတည်ပြုပါတယ်။ ဦးဆန်းဆင့် ကို ပြည်ထဲရေး ဝန်ကြီးဌာနမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက အတည်ပြု ထားပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သာသနာရေး
ဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေ တောင်းခံတဲ့ စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့လယ်ဝေးမြို့နယ်ယက်ကန်းစင်တောင် ကျေးရွာမှာ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ
စေတီတော်ကို မိသားစု အလှူတစ်ရပ် အဖြစ် လှူဒါန်းခဲ့တဲ့ နေရာမှာ ဌာနပိုင်ငွေ၊
မော်တော်ယာဉ်၊ စက်သုံးဆီနဲ့ ဝန်ထမ်းတွေကို ဌာနလုပ်ငန်းနဲ့ သက်ဆိုင်ခြင်း
မရှိဘဲ ကိုယ်ကျိုးသုံးစွဲခဲ့ပါတယ်။
အဲလို သုံးစွဲခဲ့တဲ့အပြင် ဝန်ကြီးဌာန ငွေစာရင်းကိုလည်း မမှန်မကန် စာရင်းပြတယ်လို့စစ်ဆေး ပေါ်ပေါက်တဲ့ အတွက် ဦးဆန်းဆင့်နဲ့ အပေါင်းအပါ ကိုးဦးကို ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/ ၁၀၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ အဲဒီရဲစခန်းက အတည်ပြုပါတယ်။

myanmar express
No comments:
Post a Comment