၁။ အရမ်းသမ္မတဖြစ်ချင်နေတဲ့ စိတ်ကသူမအပေါ်မှာလွှမ်းမိုးနေတာကို တွေ့ ရပါတယ်။သမ္မတနေရာရောက် မှတိုင်းပြည်အတွက်အလုပ်လုပ်မှာလား?ဒါဆိုရင်တော့ကလေးဆိုးတချို့ လို`မင်းမုန့် ငါ့ကျွေးမှငါမင်းနဲ့ ဆော့မယ်´ဆိုတဲ့ပုံစံကြီးမဖြစ်နေဘူးလား?
သူမကနေနဲ့ လက်ရှိမှာသမ္မတကြီးဦးသိန်းစိန်ထက်ပိုပြီးပြည်သူအများစုအပေါ်လွှမ်းမိုးထားနိုင်ပါတယ်။(ဒါကလည်းဗိုလ်ချုပ်သမီး၊နိုဘယ်ဆုများပိုင်ရှင်၊နိုင်ငံတကာနှင့်ဝင်ဆန့် လို့ ဆိုတဲ့အချက်
တွေအပြင် ကျွန်တော်တို့ လူမျိုးတွေရဲ့  `သူရဲကောင်းဝါဒ´အစွဲတွေကလဲ အဓိကနေရာယူထားပါတယ်) ဥပမာ။ ။သမ္မတကြီးကနွား နို့ သောက်ပါ လို့ ပြည်သူတွေကိုပြောတာကိုလှောင်တဲ့ လူတွေရှိရင်ရှိလိမ့်မယ်၊ သူမ ပြောရင်တော့ နွားနို့ ကမြန်မာနိုင်ငံမှာရောင်းအားအကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ချင်ဖြစ်သွားပါလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာကိုမှ သူမကဘာဗျူဟာကိုမှထိထိရောက်ရောက်အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
၂။ ကလေးဆန်ပါတယ်။ ဆတ်ဆတ်ထိမခံ၊တစ်ခုခုဆို စိတ်ကောက်သလို၊စိတ်ဆိုးသလို နဲ့ လုပ်တာတွေက သူမရဲ့ အနေအထားနဲ့ မဖြစ်သင့်ပါဘူး။သမ္မတလုပ်ချင်နေသူအဖို့ တိုင်းပြည်မျက်နှာကိုသာကြည့်ရမယ်လို့ တော့ကျွန်တော်မြင်ပါတယ်။ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ရောမချသင့်ပါဘူး။
(သမ္မတကြီးဦးသိန်းစိန်ဆိုရင် သူမ ထက်ပိုပြီး မကောင်းပြောခံရပါတယ်။
(ကာတွန်းနဲ့ တစ်မျိုး၊ ဆောင်းပါးနဲ့ တစ်ဖုံ ဂျာနယ်တွေက ဖွပေမဲ့ ဆတ်ဆတ်ထိမခံ မတုန့် ပြန်ခဲ့ပါဘူး)
၃။စကားကိုမတင်မကျပြောတာတွေ၊မပြတ်မသားပြောနေတာတွေ၊မပြောသင့်တဲ့စကားတွေပြောနေတာတွေကလဲသူမရဲ့ အကြီးမားဆုံးအားနည်းချက်ပါပဲ။ဥပမာ။။ထိပ်တိုက်တွေ့ ဆုံရေး၊ အလုံးစုံပျက်သုဉ်းရေးတို့ ။တပ်မတော်သားတွေကအခွင့်ထူးခံလူတန်းစားတွေဆိုတာမျိုး(အန်တီစုရေကြမ်းကျွံရင် နှုတ်လို့ ရပါတယ်။ စကားကျွံရင်တော့...............)
၎။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ၄၃၆ ကို ပြင်ဖို့ တော်တော်လေးကို တက်တက်ကြွကြွ လုပ်ဆောင်နေတာကိုတွေ့ ရပါတယ်။(အဲဒီနေရာမှာ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုခုကို အခုလို အားကျိုးမာန်တက် နဲ့ ဆောင်ရွက်ရင်ပိုမကောင်းဘူးလားဗျာ။)
ခြေ/ဥ ကိုပြင်ဖို့ အတင်းကြီး လက်မှတ်လိုက် ထိုးခိုင်းနေတာကလဲ စိတ်ပျက်စရာပါ။
အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ ဘုန်းကြီးတွေ ပါမကျန် လက်မှတ်အတင်းထိုးခိုင်းပြီးတော့ ပြည်သူ့ ဆန္ဒ လို့ အော်နေတာက သိပ်တော့သဘာဝမကျပါဘူး။(လူထုကသာ အမှန်တကယ် ၄၃၆ ကိုပြင်ချင်တယ်ဆိုရင် အတင်းလက်မှတ်လိုက်ထိုးခိုင်းစရာမလိုပါဘူး)
၅။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့အချက်ကိုလည်း သူမက သိပ်ပြီးတော့ အလေးထားဟန်မတူ ပါဘူး။ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ သူမက ရခိုင်ပြည်အရေးမှာလက်ရှောင်နေတာတွေ၊ အစိုးရနဲ့  ၄ပွင့်ဆိုင်တွေ့ မယ်ဆိုပြီး ကျန်တဲ့ အင်အားသေးပါတီတွေကိုဂရုမစိုက်သလို လုပ်နေတာတွေက လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု အတွက် အက်ကွဲကြောင်းတွေ ပေးနေသလိုပါပဲ။
၆။မြန်မာနိုင်ငံရဲ့ သမ္မတလုပ်ချင်သူကသူမပါတီဝင်တွေကိုတောင် နိုင်အောင်မထိန်းနိုင်ရှာပါဘူး။အကုန်လုံးကလဲ သူ့ ထက်ငါ လူစွမ်းကောင်းတွေပါပဲ( ရိုက်မလား၊နှက်မလား၊ ဆူအောင်လုပ်မလား၊ မိုးမွှန်အောင်ဆဲ မလား...ကြိုက်တဲ့ဖက်ကစမ်းလို့ ရပါတယ်။)ဒါကလည်းပါတီထဲမှာလူများရင်ပြီးရောဆိုပြီးအရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးခဲ့လို့ nld ပါတီထဲမှာ အရည်အချင်းရှိသူတွေက မဆိုသလောက်သာရှိနေပြီး အုတ်ရောရော၊ကျောက်ရောရော တွေ၊ ယောင်နေသူတွေ၊ငါတို့ ကနိုင်ငံရေးသမားတွေကွဆိုပြီး ပေါ်ပင်ဖြစ်ချင်နေသူတွေကတော့ ဒင်းကြမ်းပါပဲ။ အဲဒီတော့ သူမသာ သမ္မတဖြစ်ခဲ့ရင် သူမနောက်လိုက်တွေကအရင်အာဏာရှင်တွေထက် လက်သံပိုပြောင်မယ်ဆိုတာတွေးကြည့်ရုံနဲ့ တင်ကြက်သီးထမိပါသည်။
၇။သူမ အကျယ်ချုပ်ကလွတ်လာတာကြာနေပါပြီ။အခုထိတိုင်းပြည်အတွက်၊ပြည်သူတွေအတွက်အကျိုးရှိတာ ဘာတွေများလုပ်ပေးခဲ့သလဲ?ကျွန်တော်သိတာကတော့သူမသမ္မတဖြစ်ရေးကိုပဲလုပ်ဆောင်နေပါတယ်။(သူမ မှာလုပ်ပိုင်ခွင့်မရှိဘူးလို့ တော့မပြောကြပါနဲ့ ဗျာ။ )
၈။ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့စိတ်ထားလေးကလဲ အန်တီစုမှာရှိတယ်ဗျ။
ဆက်ရေးရရင်စစ်တပ်နဲ့ ပြည်သူတွေကိုထိပ်တိုက်တွေ့ ခိုင်းတာတွေ၊အနောက်နိုင်ငံတွေပိုင်တယ်တယ်ဆိုပြီး ထစ်ခနဲဆို ဟိုအရေးယူ၊ဒီအရေးယူ လုပ်ခိုင်းတာတွေ၊ မြန်မာတစ်နိုင်ငံလုံးလေးစားတဲ့ ဗိုလ်ချုပ်ကို cover ယူတာတွေ၊ လမ်းပေါ်လူတွေထုတ်ပြီးရင် ဘာဆက်လုပ်မယ်၊ ဘယ်လိုတာဝန်ယူမယ်ဆိုတဲ့ Target မရှိတာတွေ၊ ......................................................................................................................................
စသည့်အချက်တွေကြောင့်ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သင့်ပါကြောင်း ၀င်ရောက်ဆွေးနွေး လိုက်ပါ သည်။
credit to myanmar express
No comments:
Post a Comment