ကျောက်တံတားရဲစခန်းက လုံခြုံရေး လာရောက်ထိန်းသိမ်းခဲ့ရ
=================================================
ရန်ကုန်၊
ပန်းဆိုးတန်းအလယ်ဘလောက်ရှိ မိုဘိုင်း ဖုန်းဆိုင် တစ်ဆိုင်တွင် မြန်မာ့ဆက်သွယ်ရေး ဆင်းမ်ကတ်များ ရောင်းချသည့် ကိစ္စနှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်းများနှင့် ဆင်းမ်ကတ်ဝယ်ယူမည့် ပြည်သူ တချို့ ပဋိပက္ခအနည်းငယ်ဖြစ်ပွားခဲ့သောကြောင့် ကျောက်တံတားရဲစခန်းမှ လုံခြုံရေးအရ လာရောက်ထိန်းသိမ်းပေးခဲ့ရကြောင်း ကျောက်တံတားရဲစခန်း မှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ရက် နံနက် ၁ဝနာရီခန့်တွင် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ မိုဘိုင်း ဖုန်းဆိုင်တွင် MPT ဆင်းမ်ကတ် ၈ဝဝခန့်ကို ငွေကျပ် ၁၅ဝဝဖြင့် ရောင်းချမည်ဟု တရားဝင်ကြေညာ ပြီးမှ ဆင်းမ်ကတ် ကိုးကတ်ခန့်သာ ရောင်းချပြီး ဆင်းမ်ကတ်ကုန်ပြီဆို သည့်စာတန်းကပ်ကာ ဆိုင်ပိတ် လိုက်သဖြင့် ဆင်းမ်ကတ်ဝယ်ရန် တန်းစီစောင့်ဆိုင်းနေသူများနှင့် ဆိုင် ဝန်ထမ်းတို့ အနည်းငယ်ပဋိပက္ခဖြစ် ပွားရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး လူတချို့က သည်းမခံနိုင်ဖြစ်ကာ ဆိုင်ဝန်ထမ်းများကို ဆဲဆိုခြင်း၊ ခဲဖြင့် ပစ်ရန် ကြိုးပမ်းခဲ့ခြင်းများကြောင့် ကျောက်တံတား ရဲစခန်းမှ နှစ်ဖက် ပဋိပက္ခမဖြစ်စေရန် ယခုကဲ့သို့ လုံခြုံ ရေးအရ ကြီးကြပ်ခဲ့ရခြင်းဖြစ်သည်။
ကျောက်တံတားရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ''နှစ်ဖက်အခြေအ နေဆိုးဆိုးရွားရွားမဖြစ်အောင် ကျွန် တော်တို့စခန်းအနေနဲ့ လာရောက် ထိန်းသိမ်းတာပါ။ ကျောက်တံတား စခန်းက ရဲတပ်ဖွဲ့ဝင်တချို့က ဒီအ ခြေအနေကို ဝင်ရောက်ထိန်းသိမ်း ပေးတာပါ။ လူအုပ်က မနက်ကနေ ညနေ ၄နာရီလောက်ထိ များနေ တုန်းပဲ'' ဟု ပြောသည်။
ယင်းနှင့်ပတ်သက်၍ အဆိုပါ ဖုန်းအရောင်းဆိုင်အား မေးမြန်းစုံ စမ်းရန် ကြိုးစားခဲ့သော်လည်း ဆိုင် တံခါးကို ပိတ်ထားခြင်းကြောင့် မေး မြန်း၍ မရခဲ့ပါ။
MPT ဆင်းမ်ကတ်အား တစ် ကတ် ၁၅ဝဝနှင့်ဝယ်ယူရန် တန်းစီ စောင့်နေသူ အမျိုးသမီးတစ်ဦးက ''မနက် ၈နာရီလောက်ကနေ ဒီဆိုင် မှာ MPT ဆင်းမ်ကတ် ၈ဝဝကို ၁၅ဝဝနဲ့ ရောင်းမယ်လို့ ကြေညာ ထားတာ။ မရတဲ့သူ မရှိစေရဘူးလို့ လဲ ဆိုင်ကဝန်ထမ်းတွေက ပြော တယ်။ ငါးယောက်တစ်တွဲတန်းစီဖို့ ပြောတယ်။ ဒါနဲ့ သံဃာတော်ကိုးပါး လောက်ကိုပဲ ဆင်းမ်ကတ်ရောင်းပြီး ဆင်းမ်ကတ်ကုန်ပြီဆိုပြီး ဆိုင်မှာ စာကပ်တယ်။ ပြီးတော့ ဆိုင်ပိတ်ပြီး ဘယ်ထွက်သွားကြမှန်း မသိဘူး။ပြည်သူတချို့က ဒီလိုလုပ်သွားတာ ကို ဒေါသဖြစ်ပြီး ပေါက်ကွဲကုန်ကြ တာ။ တချို့ဆို ခဲနဲ့ပစ်မယ်တောင် လုပ်တယ်။ အဲဒီဆိုင်ဝန်ထမ်းတွေကို ဆဲဆိုနေတဲ့သူတွေလဲ အများကြီးပဲ။ တချို့ဆို ညအထိ ထိုင်စောင့်မယ် တောင် ပြောတယ်။ အဲဒီဖုန်းဆိုင် ရှေ့မှာလဲ နည်းတဲ့ လူအုပ်ကြီးမဟုတ် ဘူး။ မနက်ကတည်းကစုနေကြတာ။ ရဲတွေက ပြဿ နာမဖြစ်အောင် လာ ထိန်းကြတာ'' ဟုပြောသည်။
YMG
No comments:
Post a Comment