Tuesday, September 2, 2014

ဘင်္ဂလား ရိုးသားဖို့ လိုသည်

● ဘင်္ဂလား ရိုးသားဖို့ လိုသည် ●
အစည်းအဝေး သဘောတူညီချက်က ဒါပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘင်္ဂလားနိုင်ငံခြားရေးအတွင်းဝန်ရဲ့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားချက်တွေမှာ မရိုးမသား လုပ်ဆောင်လာတာတွေ ပါရှိလာခဲ့ပါတယ်။
● နံပတ်(၁) ဒီဒုက္ခသည်တွေကို “ရိုဟင်ဂျာ” ဆိုပြီး သုံးနှုံးသွားတယ် ဆိုပြီး ဘင်္ဂလားမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီနိုင်ငံမှာ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြောထားပြီးသားပါ။ ရိုဟင်ဂျာဆိုတာ ဒီနိုင်ငံမှာ မရှိဘူး။ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြန်လည် ပြောကြားချက်အရ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုံးကို မသုံးစွဲခဲ့ဘူး လို့ သိရပါတယ်။ ဒါဆို ဘာဖြစ်လို့ ဒီအသုံးအနှုံး၊ ဒီစကားလုံးကို သုံးရသလဲ။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့၊ သံတမန်ရေးအရ ပျက်ပြားစေနိုင်တဲ့ ပြောကြားချက် ဖြစ်နေပါတယ်။
● နံပတ်(၂)အချက်-အစည်းအဝေးရလဒ်က ယခင်က အတည်ပြုပြီး (၂၄၁၅)ဦးကို ပြန်လက်ခံဖို့ ပြန်လည်စိစစ်မယ့် ပူးတွဲအဖွဲ့ကို ၂ လအတွင်း ဖွဲ့စည်းမယ် ဆိုတာဖြစ်ပါလျက်နဲ့ ၂ လအတွင်း ပြန်ပို့ဆောင်ဖို့ မြန်မာနိုင်ငံက လက်ခံလိုက်ပါတယ် ဆိုပြီး အတွင်းဝန်ရဲ့ ပြောကြားချက် ဖြစ်ပါ တယ်။ နိုင်ငံချင်းပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ ဒီလိုမျိုး ဟိုတစ်မျိုး ဒီတစ်မျိုး မပြောသင့်ပါဘူး။ နိုင်ငံတွေပါဝင်တဲ့ ကြေညာချက်တွေမှာ စကားလုံးတစ်လုံးနှစ်လုံးကအစ အထူး သတိထားရပါတယ်။ နှစ်နိုင်ငံ သဘောတူညီထားခြင်း မရှိတဲ့ အချက်တွေကို မီဒီယာတွေကို ထုတ်ဖော် ပြောကြားတိုင်း မြန်မာနိုင်ငံက သဘောတူ လက်ခံမှာလည်း မဟုတ်ပါဘူး။
● နံပတ်(၃)အချက် မြန်မာနိုင်ငံအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း စေ့စပ်ညှိနှိုင်းဖြေရှင်းနေတဲ့ အိမ်နီးချင်းကောင်း စိတ်ဓါတ်ကို ဘင်္ဂလားအနေနဲ့ လေးစားဖို့ လိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေဟာ ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေနိုင်ပါတယ်။ ဒါကို ဘင်္ဂလားအစိုးရအနေနဲ့ အထူး အလေးအနက်ထားဖို့ လိုပါတယ်။ အခု ပြီးခဲ့တဲ့အစည်းအဝေးမှာ “ပြန်လည်စိစစ်ဖို့ ပူးတွဲလုပ်ငန်းအဖွဲ့ ၂ လအတွင်းဖွဲ့မယ်” ဆိုတာဟာလည်း ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေအပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်စွမ်း အပြည့်အ၀ ရှိနေပါတယ်။
● ဘင်္ဂလီ ကိစ္စ
ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်မှု လက်မခံနိုင်သေးတဲ့ ဘင်္ဂလီတွေရဲ့ ပြဿနာတွေ ရှိပါသေးတယ်။ ဒီဘင်္ဂလီတွေကို နိုင်ငံသားစိစစ်ဖို့၊ စိစစ်တဲ့နေရာမှာ ပဋိပက္ခတွေ မဖြစ်ပေါ်စေဘဲ အေးအေးချမ်း ချမ်း ဆောင်ရွက်နိုင်ဖို့ ကြိုးစား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို စိစစ်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံသား ဟုတ်မှန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ မရှိဘူး၊ ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး ဆိုရင် မြန်မာနိုင်ငံထဲကို ခိုးဝင်လာတဲ့သူတွေအဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို နိုင်ငံသားစိစစ်မှုနဲ့ မကိုက်ညီရင် ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလို ထွက်ပေါ်လာတဲ့ နိုင်ငံသားမဟုတ်သူတွေရဲ့ ကိစ္စကို ဖြေရှင်းတဲ့အခါမှာတော့ UNHCR ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရော တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်လာမှာပဲ ဖြစ်ပါတယ်။ ဒီနေရာ ဒီဒေသမှာ ရှိနေတဲ့သူတွေဟာ မြန်မာနိုင်ငံသား မဟုတ်ဘူး ဆိုရင်တော့ ဘယ်နိုင်ငံသားလည်း အဖြေရှာဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားရောက် မြန်မာနိုင်ငံသားတွေကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးမှာ ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လည်း မြန်မာနိုင်ငံရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ရှိနေတယ် ဆိုရင်တော့ အတုံ့အလှည့်အနေနဲ့ ပြန်လည် စိစစ်ပြီး လက်ခံပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ UNHCR လို အဖွဲ့အစည်းတွေက ကူညီစောင့် ရှောက် ဖြေရှင်းပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
ခုလောလောဆယ်မှာ ဘင်္ဂလားနိုင်ငံခြားရေး အတွင်းဝန်က အစပြုပြီး ထွက်ပေါ်လာခဲ့တဲ့ မီဒီယာ သတင်းတွေကြောင့် ပြည်သူတွေအကြားမှာ အထင်မှား၊ အမြင်မှား ဝေဖန်ပြောကြားနေတာတွေ တွေ့ရှိရတဲ့အတွက် အခုလို ရှင်းလင်း တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
အဓိက ပေးလိုတဲ့ Message ကတော့ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရဟာ တချို့ ဝေဖန် ပြောကြားနေသလို ပျော့ညံ့စရာ အကြောင်းမရှိဘူး ဆိုတာပါပဲ။ နှစ်နိုင်ငံ သဘောတူညီချက်တွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေကိုတော့ လေးစားရမှာပါပဲ။ ဒီနေရာမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ နိုင်ငံသားများရဲ့ အကျိုးစီးပွား၊ ဂုဏ်သိက္ခာကို မထိပါးစေရ ဆိုတဲ့ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း အလေးအနက် တင်ပြလိုက်ရပါတယ်။
[မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယ၀န်ကြီး ဦးသန့်ကျော်၏ ရှင်းလင်းချက် ဖတ်ရှုရန် :http://www.president-office.gov.mm/zg/?q=issues%2Fid-6736]

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ