ရန်ကုန် သြဂုတ် ၃၀
၂၀၁၄ ခုနှစ်ပြည်လုံးကျွတ်အဆင့်လူဦးရေနှင့်အိမ်အကြောင်းအရာ
သန်းခေါင်စာ ရင်း ကောက် ယူခြင်းလုပ်ငန်းကို
ကြိုတင်ပြင်ဆင်ခြင်း ၊ စာရင်းကောက်ယူခြင်း ၊ စာရင်းဇယားပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍
အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ဒုတိယ အဆင့်ဖြစ်သော မြေပြင်ကွင်းဆင်း
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍ တတိယ အဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း
( Data Processing ) လုပ်ငန်းကို ဆက်လက်ဆောင် ရွက်လျက်ရှိပါသည်။
တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်းလုပ်ငန်းစဉ်တွင်
နိုင်ငံတစ်ဝန်း စာရင်းကောက်ကွက် အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော အိမ်ထောင်စု တစ်စုချင်းစီ၏
မေးခွန်ပုံစံ အချက်အလက် ကိန်းဂဏန်းများကို အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန်
ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း ၊ ပုံရိပ်ဖတ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းစသည့်
လုပ်ငန်း အဆင့်ဆင့်ကို အချိန်ယူဆောင်ရွက်ရသည်ဖြစ်၍
ပင်မ သန်းခေါင်းစာရင်းအချက်အလက်များကို ၂၀၁၅ ခုနှစ် မေလခန့်တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပင်မသန်းခေါင်းစာရင်းဆိုင်ရာ အချက်အလက်များ
မထုတ်ပြန်မီ နိုင်ငံတော်၏ စီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင်လည်းကောင်း၊ ဋ္ဌာနဆိုင်ရာများ၏ လိုအပ်ချက်အားလည်းကောင်း၊ အထိုက် အလျောက်အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင်အညီ ရှေ့ပြေး လူဦးရေစာရင်းကို ထုတ်ပြန်ရခြင်းဖြစ်သည်။
ရှေ့ပြေးလူဦးရေစာရင်းသည်
စာရင်းကောက်များမှ မြေပြင်ကောက် ယူဖြည့်သွင်း ထားသော နိုင်ငံတစ်ဝန်းရှိတိုင်းဒေသကြီး၊
ခရိုင်၊ မြို့နယ်ကောက်ကွက်အလိုက် အိမ်ထောင်စုလူဦးရေ၊ ကျားမအရေအတွက် စသည်တို့ကိုဖော်ပြထားသော
ကောက်ကွက်တစ်ခုချင်း၏ စာရင်းချုပ်မှ တွက်ချက်ထားခြင်းဖြစ်သည်။
သို့ပါ၍
ကောက်ကွက်တစ်ခုချင်း၏လက်ပေါင်းဇယားစာရင်းချုပ်မှကနဦးအဆင့်ရရှိထားသည့် ရှေ့ပြေး လူဦးရေစာရင်းအရ
မြန်မာနိုင်ငံနယ်နမိတ် အတွင်း ၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညသန်ခေါင်ယံ အချိန်၌ရှိနေကြသော
(ပြည်ပရှိ မြန်မာသံရုံးများမှ ၀န်ထမ်းများအပါအ၀င် ) မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁၄၁၉၄၂၀
ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်။
ရှေ့ပြေးလူဦးရေဆိုင်ရာ အသေးစိတ်အချက်အလက်များကို
၃၀ - ၈-၂၀၁၄ ရက်တွင် ရန်ကုန်မြို့၌ ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ပါသည်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်
No comments:
Post a Comment