Tuesday, August 11, 2015

MPT ဖုန်းသုံးစွဲသူများထံမှ ရေဘေးအလှူငွေ ကျပ်သိန်း ၂,၀၀၀ ခန့်ရရှိထား

မိုဘိုင်းဖုန်းအသုံးပြုသူများက လေးရက်အတွင်းရေဘေးအတွက် SMS ပေးပို့၍ လှူဒါန်းသည့် ငွေကျပ်သိန်း ၁,၈၀၀ကျော် ရရှိပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT က သတင်းထုတ်ပြန်သည်။ MPTအနေဖြင့်ရေဘေးသင့် ဒေသတွင် ကယ်ဆယ်ရေးနှင့်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိုဘိုင်းဖုန်းအသုံးပြုသူများ ပါဝင်လှူဒါန်းလိုပါက သြ ဂုတ် ၆ ရက်မှစ၍ ဖုန်းဘီလ်ထဲမှ SMS ပေးပို့ကာ လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပြီးနောက် လေးရက်အတွင်းအလှူငွေများ လက်ခံရရှိ ခြင်းဖြစ်သည်။

၎င်းတို့၏ထုတ်ပြန်ချက်အရ သြဂုတ် ၁၀ ရက် ညနေ ၅ နာရီအထိ နိုင်ငံတစ်ဝန်းရှိ MPT ဖုန်းအသုံးပြု သူများထံမှ ငွေကျပ် ၁,၈၅၅ သိန်းကျော် ရရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

MPT ဖုန်းအသုံးပြုသူများ အနေဖြင့် ရေဘေးအတွက် လှူဒါန်းလိုပါက ကုတ်နံပါတ် 2001 (သို့မဟုတ်) 500 ဟု ရိုက်နှိပ်ကာ တစ်ခါပို့ လျှင် ငွေကျပ် ၅၀၀ နှုန်း ဖြင့် မိမိနှစ်သက်သလောက် SMS ပေးပို့နိုင်မည်ဖြစ်ပြီး SMS ပေးပို့ခအတွက် ကောက်ခံမည်မဟုတ် ကြောင်း သိရသည်။

ရေဘေးအတွက် SMS မှ တစ်ဆင့် အလှူငွေကောက်ခံပေးသည့် အစီအစဉ်ကို ပြည်ပအော်ပရေတာ များဖြစ်သည့် အူရီးဒူးနှင့် တယ်လီနောတို့ကလည်း ပြုလုပ် လျက်ရှိသည်။

အက်စ်အမ်အက်စ်ပေးပို့ကာ လှူဒါန်းရန် နှိုးဆော်ထားစဉ်

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ