ကိုယ့်လူမျိုးတွေ`ရိုး´ကြသည်။ ရိုးလွန်းသဖြင့် `အ´ကုန်သည်။ ရွေးကောက်ပွဲနီးချေပြီ။ မည်သူ့ကို အဖေ ခေါ်ရမှန်းမသိ။ ဖြစ်ကြချေပြီ။ လက်ထဲမြင်ရာ နီးစပ်ရာစကားတို့တွင် ယုံကြည်ကြတော့သည်။ သမ္မတကြီး ထိုကြားထဲ သဘာဝဘေးနှင့် ရင်ဆိုင်ကြရသည်။ နိုင်ငံကို အုပ်ချုပ်နေရသော သမ္မတကြီး မျက်ကလဲ ဆန်ပြာဖြစ်ချေသည်။ ဥပမာပေးရလျှင် သားငယ်လေးသစ်ပင်ထိပ်ဖျားက ပြုတ်ကျခါနီးတွင် သားကြီး ရထားလမ်းပေါ်တက်ဆော့နေသကဲ့သို့တောင်ပြေးကြည့် မြောက်ပေးကြည့်ဖြစ်ရသည်။ ဇူလိုင်မိုးပြင်း ကြောင့် ပြည်နယ်နှစ်ခု တိုင်းတစ်ခုကလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းအားလုံး ရေဘေးကိုခံစားကြသည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ကျော် ရေဘေးကြုံကြရသည်။
သြဂုတ်လ (၂၁)ရက်ထိ လူဦးရေ (၁၁၈)ဦးစာရင်းအရ ရေဘေးကြောင့် ဆုံးပါးသွားကြသည်။ မြန်မာနိုင်ငံ၏ သမ္မတကြီး ပြန်လည်ထူထောင်ရေးအတွက် အပူတပြင်းဆောင်ရွက်နေရှာကြောင်း သတင်းများအရ သိရသည်။ ထီးလေးဆောင်းပြီး ရှိုးမပေးဖြစ်၊ တောစီးဖိနပ်ကိုစီးကာ သူ၏ပြည်သူတွေကို နှစ်သိမ့်စကား ပြော၊ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ အစီအစဉ်တကျဖြစ်ဖို့၊ အပျက်အစီးနည်းအောင် ၊ ကုန်ဈေးနှုန်း တင်သင့်အောင်၊ ရေလွှမ်းသွားတဲ့လယ်တွေ အချိန်မီစပါးပြန်စိုက်နိုင်ဖို့၊ပူပန်နေတဲ့ သမ္မတကြီးမျက်နှာကို မြင်ရသည်မှာ စိတ်မကောင်းဖြစ်မိပါသည်။ ထို့ပြင် အခြားရှုထောင့်မှာတော့ဖြင့် ငြိမ်းချမ်းရေး ဆိုသောလက်မှတ်ထိုးပွဲကြီးများ၊ လက်နက်ကိုင် တိုင်းရင်းသားများနှင့် သင့်မြတ်ရေး၊ တို့အပြင် သခွပ်ပင်က မီးတကျည်ကျည်ကိစ္စများအား ပူပန်နေပြီး၊ ဆုံးဖြတ်စရာရှိ ရဲရဲဆုံးဖြတ် ၊ ရဲရဲပြတ်သားတဲ့ သမ္မကြီးရဲ့ မျက်နှာက မြင်ရသာအခါ လေးစားရပါသည်။ ထိုကဲ့သို့ အလေ့အကျင့်များ၊ ပြည်သူကို ချစ်တတ်သော၊ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော စနစ်တကျလုပ်ဆောင်နိုင်တတ်သော အလေ့အကျင့်များကို စနစ်တကျ ဖွဲ့စည်းထားသည့် တပ်မတော်ကြီးမှ သင်ကြားပေးလိုက်သည်။ မည်သူကပင်ဆဲဆဲ၊ မည်သူ ကပင်နာမည်ဖျက်ဖျက် သူများတွေလို မဲဆွယ်ဖို့အချိန်မရှိ၊ အယောင်ပြထူထောင်ရေး လုပ်ခြင်းလဲမဟုတ်၊ သမ္မတကြီးရဲ့ စေတနာတရားကို ပြည်သူများ ခံစားနားလည်သိရှိနေပါပြီ။
အန်တီစုဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအား အသက်ကယ်လှေများ၊ ဆန်အိတ်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့သည်။ ထိုလှူဒါန်းမှုနှင့်အတူ ပြောသည့်စကား
များလည်းရှိနေသေးသည်။ ဥပမာပေးရလျှင် လိုရာတစ်ခုတည်းကိုပုံမှန်ပြောတတ်သော ကလေးအမေကဲ့သို့ပင်၊ကလေးတွေ၏ လိုအပ်ချက်ထပ်သူမ၏လိုအပ်ချက်ကို ရှေ့တန်းတင်သောအမေ ကဲ့သို့ပင်။ တစ်နေ့တော့ ကလေးတွေကိုခေါ်ကာ အမေစကားပြောတော့ ``ဒီမှာ သားတို့သမီးတို့´´ ထိုအခါ ကလေးတွေက တစ်ညီတစ်ညာတည်း ``အမေ နောက်အိမ်ထောင်ပြုတော့မယ်… သားတို့ သမီးတို့ ဘ၀ပြောင်းလဲဖို့ အမေနောက်အိမ်ထောင်ပြုမှရမယ်၊ အမေ့ကိုယုံကြပါ၊ အမေ့ရဲ့နောက်အိမ် ထောင်က သားတို့သမီးတို့ကို နှိမ်မယ့်ပထွေးမဟုတ်ပါဘူး´´ ကလေးတွေက အမေ့ရဲ့စကားကို အလွတ်ရလို့ ပြန်ပြောကြတော့သည်။
နောက်အိမ်ထောင်က သားသမီးတွေကို အဖေရင်းကဲ့သို့ဘယ်လောက်ထိ ကောင်းပေမည်နည်း။ မည်သည့် အာမခံချက်ဖြင့် သားသမီးတွေက နောက်ပထွေးကိုယုံရမှာနည်း၊ အမေနှင့် နောက်ပထွေးတို့၏ အချစ်ဇာတ်လမ်းကိုလဲ မျက်မြင်မြင်နေရသည်။ နောက်ပထွေး ဘာသာတရားတို့၏ လူမဆန်မှုတို့ကို ကလေးတို့မြင်နေရပြီ။ မည်ကဲ့သို့အမေ့အား နောက်အိမ်ထောင်ပြုစေချင်မည်နည်း။
အခုလဲ ``လူကိုမကြည့်ပဲ မဲပေးပါ၊ ပြောင်းလဲမှုကို လိုချင်လျှင်မဲပေးပါ၊ အာဏာရှင်လက် အောက်ရောက်ခဲ့ တာ နှစ်ပေါင်း(၅၀)ရှိပါပြီ၊ မြန်မာပြည်ကြီးက အချမ်းသာဆုံးကနေ အဆင်းရဲဆုံး အခြေအနေကို ရောက်နေပြီ၊ ဒါကြောင့်ပြောင်းလဲဖို့လိုအပ်ပါတယ်´´ ထိုစကားကို ပြည်သူအားလုံး အလွတ်ရပါပြီ။ (သူမ၏ ပါတီကိုမဲပေးစရာမလိုပါ။ သူမ၏ ပါတီသည် နဂိုမဲတွေများပါသည်။ မဲနေသောပါတီအား မဲပေးစရာမလို။)
ထို့ပြင် နေရာအနှံ့မှိုင်းမိနေကြသည်။ ရေကြီးတာ အစိုးရကြောင့်၊ မင်းမကောင်းလို့၊ အရင်ကသွားလာခဲ့တဲ့ လမ်းတွေပြင်ပြီးတော့လဲ သူတို့ပြင်ရမှာလေ၊ တာဝန်ရှိနေတာပဲ။ နိုင်ငံတော် ဘတ်ကျပ်ကို နလပိန်းတုံး အချို့က သူတို့ရှာထားတဲ့ငွေဟုထင်ကြသေးသည်။ လမ်းဖောက်တော့လဲ သူတို့ ပိုက်ဆံကုန်သွား သယောင်ယောင် ပြောကြသည်။ ထိုပြောသည့်သူများ နိုင်ငံတော်အခွန်ကို ဘယ်လောက် ဆောင်ဖူးပြီလဲ မေးချင်ပါသည်။ ထိုစကားများမြစ်ဖျားခံရမှာလည်း သူမပင်ဖြစ်နေတော့သည်။
ပဲခူးတိုင်းပျဉ်ပုံကြီးတွင် သူမက
``ကျွန်မတို့နိုင်ငံမှာ ရာသီဥတုကြောင့် ကပ်ဆိုက်နေတဲ့နေရာတွေရှိပါတယ်၊ ကယ်ဆယ်ရေးတွေလုပ်ဖို့ ကြိုးစားနေပါတယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ လက်တွဲပြီးလုပ်ပါတယ်၊ ``တကယ်တော့အစိုးရ လုပ်ရမယ့်ကိစ္စပါ´´
ထိုစကားတွေထဲတွင် အားလုံးအစိုးရလုပ်ရမည် ။ မည်သို့ဆိုစေကာမှု အစိုးရလုပ်ရမည်ဖြစ်နေအတွက် သည် အစိုးရပဲတာဝန်ရှိသည်။ ဒါဆို ရေဘေးသွားကူညီ လှူဒါန်းတဲ့ ဘုန်းတော်ကြီးတွေ၊ ဦးပဇင်းတွေက အစိုးရတွေလား၊ ထိုပုဂ္ဂိုလ်၏ သဒ္ဒါတရားကို မည်သို့ အမည်တပ်မည်နည်း။ လူပုဂ္ဂိုလ်တွေက အစိုးရတွေလား၊ လမ်းမှာကားတိုက်လဲ အစိုးရတာဝန်၊ အစိုးရနှင့်ကြေးညှိနေလျှင် မလုပ်တာကောင်းပါဦး မည်။ ထို့ကြောင့် သူမ၏အဟောအပြောတွင် ကျသည့်လူပုဂ္ဂိုလ်အချို့သည် ဒါလား အစိုးရတာဝန်၊ အစိုးရလုပ်ရမှာ၊ စစ်သားတွေစစ်တိုက်တာ ``ငါတို့က သူတို့ကိုလစာပေးထားတာ .. စစ်သားတွေက သူ့တာဝန်သူလုပ်တာ´´
မည်သူက စစ်သားတွေလစာပေးထားသနည်း ၊ စစ်သားတို့၏ အသက်တွေစတေးဖို့ မည်သူက တာဝန် ပေးထားပါသနည်း။ တွေးကြည့်လျှင် အတိုက်အခံစကားက ရင်နာဖို့ကောင်းလှပါသည်။ မည်သူကောင်းလဲ ချင့်ချိန်ချင်လျှင် ယနေ့မှ စ ကာ လုပ်ရပ်များကို စာအုပ်ထဲချရေးထားကြပါ။ ယနေ့ သမ္မတကြီး ဘယ်သွား ဘာလုပ် သည်။ အမေဘယ်သွားဘာလုပ်သည်၊ ဘာပြောသည်ဆိုသည်များပေါ့။
မြန်မာတွေ၏ ရိုးအမှုသည် အင်မတန်မှ အံ့သြဖို့ကောင်းသည်။ လက်ထဲစာရွက်တစ်ရွက်ရောက်လာပြီး ``ဤစာရွက်အား ခုနှစ်ရွက်ကူးပြီးဝေပါ။ ဝေခဲ့သော်ထီပေါက်မည်၊ မဝေခဲ့သော် မီးလောင်မည် ´´ ဆိုသည်တို့ကို ယုံစားကြတုန်းရှိသေးသည်။
ထို့ကြောင့် ရိုးအမှုမှ လွတ်မြောက်ရန် တိုက်တွန်းရေးသားပါသည်။
---------------------------------------------------------
ရွှေရုပ်
စာရေးသူ - Oppositeye myanmar
No comments:
Post a Comment