Sunday, August 9, 2015

နှစ်ငါးဆယ်ပြည့် စင်္ကာပူအမျိုးသားနေ့

နှစ် ၅၀ ပြည့် လွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့စင်္ကာပူမှာ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ ဆင်နွှဲ နေပါတယ်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂျက်တိုက်လေယာဉ်တွေလည်း ကောင်းကင်မှာဝဲပျံနေပြီး အမျိုးသားသီချင်းတွေလည်း လွင့်ပျံနေသလို ရထားနဲ့ကား အလကားစီးခွင့်လည်း ပေးထားပါတယ်။ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း တိုင်းပြည်ကို ပြောကြားတဲ့ ၁၅ မိနစ်ကြာ မိန့်ခွန်းထဲမှာတော့ ဆင်းရဲ မွဲတေမှုတွေကနေ အောင်မြင်တဲ့နိုင်ငံတနိုင်ငံဖြစ်အောင် ဆောင်ရွက်ခဲ့ပုံနဲ့ ဘာမှ လက်ဆုပ်လက်ကိုင် မရှိတဲ့အနေအထားကနေ ကမ္ဘာ့ဈေးကွက်မှာ အချက်အချာကြတဲ့ နေရတနေရာဖြစ်လာပြီး အလုပ်အကိုင် တွေ ဖန်တီးခဲ့ပုံကို ပြောကြားသွားခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ စင်ကာပူအမျိုးသားနေ့ကို တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ဝန်ကြီးချုပ် လီကာချင်းတို့ကလည်း ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် သံတမန် အဆက်အသွယ် စတင်ထားရှိချိန်ကစလို့ တရုတ်နိုင်နဲ့ စင်္ကာပူ အိမ်နီးချင်း ၂ နိုင်ငံအနေနဲ့ နိုင်ငံရေးအရယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြောင်းနဲ့ လူထုတွေအကြား နောက် ယဉ်ကျေးမှုအရပါ အပြန်အလည်ဖလှယ်တာ တွေကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီကနေ့ အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ - မြန်မာ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ