Sunday, August 30, 2015

မန္တလေးတွင် တည်ဆောက်မည့် ကဇာတ်ရုံ ပန္နက်တင်အခမ်းအနား သမ္မတဦးသိန်းစိန် တက်ရောက်

နိုင်ငံတော်သမ္မတသီးသန့်ရန်ပုံငွေဖြင့် မန္တလေးမြို့တွင် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံ (အနုပညာဗ ဟိုဌာန)ပန္နက်တင်အခမ်းအနား ကို သြဂုတ် ၃၀ ရက်က ကျင်းပခဲ့ပြီး သမ္မတဦးသိန်းစိန်တက် ရောက်ခဲ့သည်။
မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံတည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လကုန်၌ သမ္မတဦးသိန်းစိန်က မြို့ခံအနုပညာရှင်များအားပြောကြားခဲ့သည်။ ယင်းသို့ အသိပေးပြီး တစ်လအတွင်း အဆောက် အအုံတည်ဆောက်ရန် ပန္နက်တင်ခြင်းဖြစ်သည်။

ယဉ်ကျေးမှုအနုပညာအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် အနုပညာပြပွဲများ ကျင်းပရာတွင် နိုင်ငံတကာနည်းတူ ခမ်းနားသည့်အဆောက်အအုံရှိရန် အနုပညာဗဟိုဌာန အဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သမ္မတ ဦး သိန်းစိန်က ပြောသည်။

နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံ(အနုပညာဗဟိုဌာန)အဆောက်အအုံများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တည်ဆောက် ခြင်းဖြစ်ပြီး အစိုးရသက်တမ်းမကုန်မီ အပြီးတည်ဆောက်ပေးမည်ဟု သမ္မတက ဆိုသည်။

မန္တလေးမြို့တွင် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံ(အနုပညာဗဟိုဌာန) အဆောက်အအုံ ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာ မန္တလေးစီမံကိန်းအနီး၊ ၇၃ လမ်း နှင့် ၇၈ လမ်းကြားရှိ မြေ ၈ ဒသမ ၅ ဧက အကျယ်ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ ကဇာတ် ရုံအဆောက်အအုံများကို ခုနစ်ထပ် အမြင့်အဆောက်အအုံအဖြစ် တည်ဆောက်မည်ဖြစ်ပြီး အထပ်တိုင်းတွင် ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ ခန်းမများ၊ အနုပညာပြခန်းများ ပါဝင်မည်ဖြစ်ကာ လဟာပြင်ကဇာတ်ရုံများ၊ ကားပါကင်များနှင့် စားသောက် ခန်းမများ ပါဝင်တည်ဆောက်မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှသတင်းရရှိသည်။ အဆောက် အအုံများ တည်ဆောက်စရိတ်ကို နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲကာ တည်ဆောက် ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆောက်အအုံများတည် ဆောက်ပြီးပါက အနုပညာတင်ဆက်မှုများ၊ ပြခန်းများ၊ သင်တန်းများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်ပြီး အဆောက်အအုံများကို အနုပညာရှင်များက အုပ်ချုပ်မှုအဖွဲ့များ ဖွဲ့စည်းပြီး တာဝန်ယူဆက်လက် စီမံထိန်းသိမ်းရမည် ဟု သမ္မတက ပန္နက်တင်အခမ်းအနားတွင် ပြောသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ