Thursday, August 27, 2015

ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာ ဥက္ကဌ ဝါကာအူဒင်ကို ဘာစာပေးသလဲ??

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာ (ဘင်္ဂါလီ) များ အခွင့်အရေးကို ဆောင်ရွက်ပေး မည်ဟု ကတိပြုပြီး NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကူအညီပေးပါရန် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေး တက်ကြွဆောင်ရွက်သူ ပါမောက္ခ ဝါကာဥူဒင်ထံသို့ ပေးစာ

ချစ်ခင်လေးစားရပါသော ပါမောက္ခကြီးဝါကာဥူဒင် ရှင့်

ကျန်းမာပကတိ ချမ်းသာအတိ ရှိလိမ့်မယ်လို့ မျှော်လင်ပါတယ် ရှင့်

ကျွန်မက ဒီစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ တစ်ယောက်အနေနှင့်ရော ကော့မှူးမြို့နယ်ကိုယ် စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနှင့်ရော ကျွန်မရဲ့လုပ်ငန်းတာဝန် လုပ်ပိုင်ခွင့်များထဲကနေ ပါမောက္ခကြီးဆီ ရေးသားပေးပို့တာ ဖြစ်ပါတယ်ရှင့် လာမယ့် နိုဝင်ဘာလရွေးကောက်ပွဲကြီးမှာ ကျွန်မတို့ရဲ့ မူဝါဒကြေငြာစာတမ်းက မည်သည့်လူမျိုး၊ မျိုးနွယ်စု၊ ဘာသာဝင်ဖြစ်စေ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးတူညီမှု အတွက် တိုက်ပွဲဝင်သွားမည် ဆိုတဲ့အချက်နှင့် စတင်ထားပါတယ် ရှင့် ဘယ်နေရာမဆိုရှိနေတဲ့ အဂတိလိုက်စားမှု နှင့် ခွဲခြား ဆက်ဆံမှုတွေကို ကောင်းကောင်းရင်ဆိုင်သွားနိုင်မယ်လို့ ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ ယုံကြည်တယ်
ရှင့် ကျွန်မတို့ကြားက မတူညီခြားနားမှုတွေ လူမျိုးရေးကွဲပြားမှု ဘာသာရေးမတူညီမှု တွေပေါ့ရှင် အဲဒါတွေက ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံတဲ့အခါ မတရားသဖြင့်ပြုမူတာတွေ ဆိုးဆိုးဝါးဝါးဆက်ဆံတာတွေ ရှိစေမှာ မဟုတ်ပါဘူး ကျွန်မတို့ရဲ့ ခုခံစွမ်းအားအနည်းဆုံး လူနည်းစုရိုဟင်ဂျာတွေကို ကာကွယ်ဖို့အတွက် ကျွန်မတို့က တရားဥပဒေစိုးမိုးမှုကို တိုးမြှင့်ရမယ် ပိုပြီးခိုင်မာအောင် လုပ်ရပါမယ် ရှင့်

ကျွန်မတို့ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုတစ်လျှောက်လုံး NLD က တန်းတူညီမျှမှု၊ သည်းခံမှုနှင့် လူ့အခွင့်အရေးမြှင့်တင်မှုတို့ကို လုပ်ဆောင်သွားပါ့မယ်ရှင့် NLD က ရွေးကောက်ပွဲမှာ (တောင်ပြိုကမ်းပြို) အနိုင်ရခဲ့လို့ရှိရင် လူနည်းစုတွေကို လူမျိုးရေးခွဲခြားဆက်ဆံခြင်းတွေကို ကိုင်တွယ် ဖြေရှင်းသွားပါ့မယ် ရှင့် ကျွန်မတို့ လွှတ်တော်မှာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုနိုင်အောင် ကြိုးစားသွားပါ့မယ်ရှင့် အထူးသဖြင့်တော့ လူနည်းစုတွေဘက်ကပေါ့ရှင် အချင်းချင်းနားလည် သဘောပေါက်ပြီး လူမျိုးပေါင်းစုံ တန်းတူညီမျှရေး မဟာဗျူဟာကိုလည်း တည်ဆောက်သွားပါ့မယ် ရှင့် ကျွန်မတို့အနေနှင့် ရိုဟင်ဂျာလို လူနည်းစုတွေရဲ့ အခွင့်အရေးဘက်က ရပ်တည်သွားပါ့မယ် ရှင့် လူမျိုးရေး ဘာသာရေး အမုန်းပွားရာဇဝတ်မှုတွေကို တိုက်ဖျက်တဲ့ ဥပဒေတွေလည်း ပြဌာန်းသွားပါ့ မယ် ရှင့် ဒီဥပဒေမှာ ရိုဟင်ဂျာတွေကို အမုန်းပွားဖို့ သွေးထိုးတဲ့သူတွေကို နာနာကျည်းကျည်း ပြစ်ဒဏ်ပေးဖို့တွေ၊ လူမြင်ကွင်းမှာ နှိပ်ကွပ်ဖို့ တွေ လည်း ပါမှာပေါ့ ရှင်

NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မြန်မာ့အရေးကို ဂရုစိုက်တဲ့သူတိုင်းနှင့် မြန်မာလူထုရဲ့ အကူအညီအထောက်အပံ့ကို လိုအပ်နေပါတယ် ရှင့် ဒါ့ကြောင့်လည်း ကျွန်မက ပါမောက္ခကြီး နှင့် ARU ရဲ့ အကူအညီရဖို့ အပူကပ်ရတာပေါ့ ရှင် ကျွန်မတို့အနေနှင့် ပါမောက္ခကြီး နှင့် ARU ရဲ့ အထောက်အပံ့ကို ယုံကြည်အားထားလို့ရမယ်လို့ မျှော်လင့်မိပါတယ် ရှင့်

ပကတိအရင်းခံဖြင့်

အောင်ဆန်းစုကြည်


Oppositeyes.blogspot.comမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ