ကွယ်လွန်သွားသည့် မြို့နယ်ကြက်ခြေနီတပ်စုမှူးဦးကျော်ကျော်လင်း
ရန်ကုန်မြို့ လှိုင်တစ်ဖက် ကမ်းတွင် ရေဘေးကယ်ဆယ် ရေးလုပ်ဆောင်စဉ် ကမ်းပါးပြိုကျ ၍ မြစ်ထဲသို့ မျောပါပျောက်ဆုံးခဲ့ သည့် မြို့နယ်ကြက်ခြေနီတပ်စု မှူးဦးကျော်ကျော်လင်းအလောင်း ကို သြဂုတ် ၂၄ ရက်က ဗားကရာ ဗောတံတားအနီး ပြန်လည်တွေ့ ရှိခဲ့သဖြင့် သြဂုတ် ၂၅ ရက်နေ့ လယ်၌ ရေဝေးသုသာန်တွင် မီး သဂြုင်္ိဟ်ခဲ့ကြောင်း သတင်းရရှိ သည်။
သြဂုတ် ၉ ရက်က မှော်ဘီ မြို့နယ် ကြက်ခြေနီအသင်းခွဲမှစေ တနာရှင်လုပ်အားပေးများသည် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အထူး သောင်ကျေးရွာသို့ ရေများဝင် ရောက်လာ၍ အမျိုးသမီးများ၊ က လေးငယ်များနှင့်သက်ကြီးရွယ်အို များအား ရွှေ့ပြောင်းကယ်ဆယ် ရာမှ ရေစီးထဲသို့မျောပါပျောက် ဆုံးသွားပြီးနောက် ၁၆ရက်အကြာ ဗားကရာ ဗောတံတားအနီးတွင် သြ ဂုတ် ၂၄ ရက် ညကပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးခဲ့သည့် မြို့နယ် ကြက်ခြေနီတပ်စုမှူး ဦးကျော် ကျော်လင်း၏ ကျန်ရစ်သူမိသားစု အတွက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပ ရဟိတအဖွဲ့အစည်းများ၊ စေတ နာရှင်များက အလှူငွေများပေး အပ်ခဲ့ကြောင်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးစီးမှူး(ပထမတန်း) ဦးမျိုးမင်း နောင်ကပြောသည်။
‘‘တိုင်းဒေသကြီး ကြက်ခြေ နီအဖွဲ့တွေနဲ့ ပရဟိတအသင်းအ ဖွဲ့က ကူညီသူတွေစုပေါင်းပြီးလှူ ဒါန်းငွေကျပ်သိန်း ၄၀ ကျော် လောက်ရတယ်။ နောက်ထပ်လှူ ဒါန်းမှုတွေလည်း လုပ်ပေးဖို့လည်း ရှိပါတယ်။ အခုအလောင်းမြေကျ တဲ့အထိလည်း ကျွန်တော်တို့တာ ၀န်ယူဆောင်ရွက်ပေးပါတယ်။ သူ့ရဲ့ အသက်အာမခံကြေးတွေ ရရှိဖို့အတွက်လည်း လုပ်ဆောင် ပေးသွားမှာပါ’’ဟု ဦးမျိုးမင်း နောင်ကပြောသည်။
‘‘ဦးကျော်ကျော်လင်းက တော့ လှည်းကူးအနောက်သံမဏိ စက်ရုံအနီးမှာ ကျွဲကူးဆိပ်ကို မော်တော်ကပ်ပြီး လူနဲ့ပစ္စည်းတွေ ကမ်းပေါ်ရွှေ့ပြောင်းပေးတယ်။ ကလေးငယ်တစ်ဦးကို ကမ်းပေါ် ပို့ဆောင်အပြီးမှာ ကမ်းပါးပြိုကျ ပြီး ရေစီးထဲကျသွားခဲ့တာ။ က လေးနှစ်ယောက်နဲ့ အမျိုးသမီး ကျန်ခဲ့တယ်’’ဟု ဦးမျိုးမင်းနောင် ကပြောသည်။
ဦးကျော်ကျော်လင်းသည် အသက်(၃၄)နှစ်အရွယ်ရှိပြီး ငယ် စဉ်ကတည်းက ကျောင်းကြက်ခြေ နီဝင်တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါ ၀င်ဆောင်ရွက်ခဲ့သူဖြစ်ကာ သံမ ဏိစက်ရုံမှ ကျွမ်းကျင်အဆင့် (၄) ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း သိရ သည်။
သြဂုတ် ၁၈ ရက်ကစစ်ကိုင်း တိုင်း ကန့်ဘလူမြို့နယ်တွင်လည်း မိုးရွာသွန်းမှုကြောင့် လမ်းတံတား ပျက်စီးမှုအခြေအနေကို သွား ရောက်ကြည့်ရှုသည့် ရဲတပ်ကြပ် မျိုးမင်းဦးသည် ရေစီးထဲမျောပါ သေဆုံးခဲ့သည်။
အလားတူ ကောလင်းမီး သတ်တပ်ဖွဲ့မှ အသက် (၂၃)နှစ် အရွယ် ဒုတပ်ကြပ်ဝင်းချစ်ထူး သည်လည်း ယင်းနေ့ညနေမှာပင် ညောင်ကိုင်းရွာ အရှေ့ဘက်ဒုံး ဒုတ်မြိုင်၌ ရေထဲမျောပါနေသည့် ကားအတွင်းရှိ လူများကို ကယ် ဆယ်စဉ် ရေစီးနှင့်မျောပါသေဆုံး ခဲ့သည်။
No comments:
Post a Comment