တစ်ဦးတည်းသောသားလေးကို ငဲ့ညှာသည့်အနေဖြင့် အနုပညာအလုပ်များ ဆက်လက်လှုပ်ရှားခြင်း မရှိတော့ဟု သရုပ်ဆောင် ချောရတနာက ပြောသည်။
‘‘သားလေးမွေးပြီးနောက်ပိုင်းမှာ သားလေးအတွက်ကိုပဲ အချိန်ပေးဖြစ်တော့တယ်။ ဒါကြောင့် အနုပညာ လှုပ်ရှားမှုတွေ နည်းနေတာပါ။ သားလေးက အခုချိန်မှာ အမေမရှိလို့မရဘူး။ သူက အမေပဲကပ်တာလေ။ ရတဲ့အချိန် ကြိုးကြားလေးမှာပဲ မဂ္ဂဇင်းဓာတ်ပုံရိုက်တာလောက်ပဲလုပ်တယ်’’ဟု ချောရတနာက ပြောသည်။
အသက်တစ်နှစ်ကျော်အရွယ်သာရှိသေးသည့် သားငယ်အတွက် အကောင်းဆုံးပံ့ပိုးပေးရန်သာ အစီအစဉ်ရှိ သည်ဟု ၎င်းက ဆိုသည်။
မင်းသမီးလူရွှင်တော်များဖြင့် ထူးထူးခြားခြားတင်ဆက်သော ယခုနှစ် မြန်မာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုသည့် အကယ်ဒမီရွှေပန်းချီအငြိမ့်၌ ချောရတနာသည် အကမင်းသမီးနေရာမှ ပါဝင်ပေးခဲ့သဖြင့် အနု ပညာနှင့်ဝေးကွာနေသော်လည်း ၎င်း၏ ပရိသတ်များထံမှ အားပေးမှုပြန်လည်ရရှိခဲ့သည်။
‘‘အမျိုးသမီးရေးရာပွဲတွေဆိုရင် နှစ်တိုင်းကနေကျပါပဲ။ ကလေးမွေးတဲ့တစ်နှစ်တော့မက ဖြစ်ခဲ့ဘူး။ ဒီနှစ်ပွဲက တော့ မင်းသမီးတွေကပဲ လူရွှင်တော်လုပ်ကြတာဆိုတော့ ထူးလည်းထူးခြား တယ်’’ဟု ချောရတနာက ပြော သည်။
သားဦးလေးပိုင်ဆိုင်ထားပြီဖြစ်သော်လည်း နောက်ထပ်ရင် သွေးတစ်ဦးထပ်မံရရှိလျှင်လည်း လိုချင်သေး သည် ချောရတနာက ပြောသည်။
လက်ရှိတွင် ဇာတ်ကားရိုက်ကူးမှုများ ဆောင်ရွက်ခြင်းမရှိသော်လည်း ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အနုပညာနှင့်သက်ဆိုင်သည့် ဖျော်ဖြေရေးများ၌ အလှူငွေ များ ပါဝင် ကောက်ခံပေးနေသည်။
7Day Daily
No comments:
Post a Comment