Wednesday, August 26, 2015

အရည်အသွေး မပြည့်မီသည့် ပဲဆီ ၁၀ မျိုး ဈေးကွက်ရုပ်သိမ်းရန် ကြေညာ


 
အရောအနှောများပါဝင်သည့် ပဲဆီ ၁၀ မျိုး၏ အမှတ်တံဆိပ်များကို ဩဂုတ် ၂၂ ရက်၌ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး အဆိုပါဆီများကို ဈေးကွက်မှ အမြန်ဆုံးရုပ်သိမ်းပေးရန် ကြေညာလိုက် သည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဦးစီးဌာန၏ စစ်ဆေးမှုအရ မြေပဲဆီဟု တံဆိပ် ကပ်ထားသော်လည်း အရောအနှောများဖြင့် စံနှုန်းမညီသည့်အတွက် ဈေးကွက်မှရုပ်သိမ်းရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စိန်မမ၊ မော်ကွန်းသစ်၊ စိန်၊ Hi Plus၊ ရွှေအိုး၊ ရွှေပဒေသာ၊ ကံသာမြင့်၊ ရွှေတော်ဝင်၊ ပတ္တ မြားပဲဆီသန့်၊ သပြေ စသည့်ပဲဆီခြောက်မျိုးကို အရောအနှောပါဝင်သည်ဟုဆိုကာ ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်း ခိုင်းထားခြင်းဖြစ်ပြီး အကယ်၍ ထပ်မံရောင်းချပါက အမျိုးသားစားသောက်ကုန် ဥပဒေ ပုဒ်မ ၂၈(ခ) ဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါဆီများမှအချို့သည် အစပိုင်းတွင် အရည်အသွေးမှတ် ပုံတင်ထားကြသော်လည်း နောက်ပိုင်း ပြန်လည်စစ်ဆေးသည့်အခါ အရည်အသွေးမပြည့်မီတော့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောကြားသည်။

ဈေးကွက်အတွင်းရှိ ဆီများ ကို Market survey ပုံစံဖြင့် ထပ်မံစစ်ဆေးမည်ဖြစ်ကာ အရေးယူမှုများ ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

‘‘ထပ်စစ်ဦးမှာဆိုတော့ စားစရာဆီတွေ လျော့ကုန်မှာပဲ။ လျှော့စားကြတော့ ပိုကောင်းသွားမယ်။ ဆီမစား ကြပါနဲ့လို့ ပြောရင် နားမထောင်ကြဘူး’’ ဟု စားသုံးသူများသမဂ္ဂမှ ဒေါက်တာမောင်မောင်က ပြောကြား သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ