Thursday, August 27, 2015

မဲပေးမည့်သူများ ဖတ်ဖို့

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသား တိုင်း မဲပေးခွင့်ရမှာပါ။ ရွေးကောက်ပွဲနေ့ကျ ဘယ်သူကို ဘယ်လို မဲပေးရမယ်၊ ဘယ်နှစ်ကြိမ်မဲပေးရမယ် ဆိုတာကို သေချာမသိတဲ့သူတွေအတွက် မျှဝေခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လွှတ်တော် သုံးရပ်ရှိပါတယ်။ ပြည်သူလွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တို့ ပဲဖြစ်ပါတယ်။ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ် တော် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုတာရှိပေမယ့် တကယ့်တကယ် မဲပေးရမှာက ခုဏပြောတဲ့ လွှတ်တော်သုံးရပ်ကပြည်သူလွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦးနဲ့ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း၃ဦးကို  မဲ ပေးရမှာပါ။

ဒါပေမယ့် မိမိဟာ တိုင်းရင်းသားလူမျိုးစုတစ်စုဖြစ်ပြီး မိမိနေထိုင်တဲ့ဒေသမှာ မိမိရဲ့တိုင်းရင်းသားမျိုးနွယ်စုက ၀ ဒသမ ၁ရာခိုင်နှုန်းထက် ကျော်လွန်ပြီးနေထိုင်တယ်ဆိုရင် တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စား လှယ်အတွက်ကို မဲပေးခွင့်ရမှာပါ။

မြန်မာနိုင်ငံမှာ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရပါဘူး။ အဲဒီအတွက် နိုင်ငံကို အုပ်ချုပ်မယ့်၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ဘ၀တွေအဆင်ပြေစေဖို့  ပေါ်လစီကောင်းတွေချမှတ်ပြီး မောင်းနှင်မယ့် သမ္မတကို မိမိတို့မဲပေးရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြန်ပြီးရွေးချယ်ပေးကြမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ မဲပေးရွေးချယ်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ရွေးချယ်ကြဖို့ က အရေးကြီးဆုံးပါ။

သက်ထားဆွေ
Oppositeyes.blogspot.com

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ