Sunday, August 23, 2015

ပင်လယ်ပြင်ဆီယိုဖိတ်မှုများကို နိုင်ငံတကာနှင့် အတူ မြန်မာပါဝင် ဖြေရှင်းမည်

ပင်လယ်ပြင်ရေပိုင်နက် အတွင်းဆီယိုဖိတ်မှုဖြစ်ပွားပါက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဆီယိုဖိတ်မှုပူးပေါင်း တုံ့ပြန်ဆောင်ရွက်ရေးသဘောတူညီချက်(OPRC-Convention) တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးမည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံရေပိုင်နက်အတွင်း ပင်လယ်ပြင် ဆီယိုဖိတ်မှု ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်ရန်နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားပြီဖြစ်ရာ အာဆီယံသာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် ဆီယိုဖိတ်မှု ပူးပေါင်းတုံ့ပြန် ဆောင်ရွက်ရေးသဘောတူညီချက်(OPRC-Convention) ကိုလက်မှတ်ရေးထိုးရန်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ဆီယိုဖိတ်မှုဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည့် နည်းပညာများရရှိမည့်အပြင် အိမ်နီးချင်းဒေသတွင်းနိုင်ငံများနှင့်ပါ ပူးပေါင်း ဖြေရှင်းနိုင်မည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ဆိပ်ကမ်းများ များပြားလာသည့်အလျောက် သင်္ဘောကြီးများ ပိုမိုဝင်ရောက်လျက်ရှိရာ ဆီယိုဖိတ်မှုဖြစ်နိုင်ခြေမြင့်မားလာ၍ ထိရောက်သည့် ပြင်ဆင်မှုများ စီစဉ်ထား သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ပင်လယ်ပြင် ဆီယိုဖိတ်မှုဖြစ်စဉ်သည် မြန်မာနိုင်ငံတွင်ဖြစ် ပွားခြင်းမရှိသေးသော်လည်း ရွှေသဘာဝ ဓာတ်ငွေ့ကဲ့သို့သောစီမံ ကိန်းများကြောင့် နိုင်ငံတကာ၌ ဖြစ်ပွားနေသကဲ့သို့ ပင်လယ်ပြင်ဆီယို ဖိတ်မှုဖြစ်စဉ်မျိုးဖြစ်ပွားနိုင်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်များက ပြောကြားခဲ့ သည်။

ပင်လယ်ပြင်တွင်ဆီယိုဖိတ်မှုဖြစ်စဉ်ဖြစ်ပွားပါက ယင်းနေရာ၌ နေထိုင်ကျက်စားသည့် ရေနေသတ္တ၀ါများ အသက်ဆုံးရှုံးနိုင်ပြီး ပင်လယ်တွင်နေထိုင်သည့် ငှက်များမှာလည်းတောင်ပံကို ဆီထိခြင်းကြောင့် မပျံသန်းနိုင်တော့ဘဲသေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်များက ပြောသည်။

7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ