Tuesday, August 11, 2015

ဒေါ်အောင်ဆန်းစုကြည်က အတွေ့ခံမှာ မဟုတ်ဘူး

သြဂုတ်လ (၇)ရက်နေ့က ပခုက္ကူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းစာရင်းနှင့်ပတ်သက်ပြီး ပါတီဝင်များက ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြခဲ့ခြင်း ကြောင်း သြဂုတ်လ (၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စီအီးစီအဖွဲ့ဝင်များက ပခုက္ကူ မြို့နယ်ရှိ ပါတီဝင်အချို့ကို ထုတ်ပယ်ခဲ့သည်။ အဆိုပါ ထုတ်ပယ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထုတ်ပယ်ခံရ သူများထဲမှ ပခုက္ကူခရိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစံဌေးအား The Messenger Media မှ ဆက်သွယ် မေးမြန်းချက်ကို ဖော်ပြထားခြင်း ဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်ပြီး ဦးစံဌေးတို့ အထုတ်ခံရတဲ့ ကိစ္စဘာများ ပြောချင်ပါသ လဲ ခင်ဗျ။ကျွန်တော်ဘာမှ ပြောစရာမရှိပါဘူး ခင်ဗျာ။ သူတို့လိုလို့ လုပ်တာနေမှာပါ။NLD ရဲ့ ကိုယ်စား လှယ်လောင်းတွေ ကန့်ကွက် ဆန္ဒပြတဲ့အထဲမှာ ပါခဲ့တာလား။ မပါပါဘူး။

ဒီလို မပါဘဲနဲ့ ထုတ်ခံရတဲ့အပေါ် မှာကော အန်ကယ့်အနေနဲ့ ဘယ်လို သဘောထား ရှိသလဲခင်ဗျ။ သူတို့ တာဝန်ရှိတဲ့ သူတွေပေါ်မှာ မူတည်ပါတယ်။ သူတို့မသိဘဲနဲ့ ဆုံးဖြတ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ သူတို့ဘာမှ အောက်ခြေလည်း မသိ၊ ကျွန်တော်တို့ကိုလည်း မမေးဘဲနဲ့ သူတို့ဟာ သူတို့၊ သူတို့ သဘောနဲ့ လုပ်တယ်လို့ အဲ့လိုပဲ မြင်ပါတယ်။

ပခုက္ကူမှာ NLD စီအီးစီကနေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို ဘယ်လို မြင်ပါသလဲ။ အမျိုးသား လွှတ်တော်က ဘာမှဖြစ်တာ မရှိသေးဘူး။ လုပ်ဆောင်ချက်လည်း ဘာမှ မမြင်ရသေးဘူး။ ပါတီမှာ လှုပ်ရှားတာလည်း မတွေ့သေးဘူး။ ကျွန်တော်တော့ မတွေ့ခဲ့ဘူး။ နက်နက်နဲနဲတော့ မတွေ့ဘူး။ ပြည်သူ့ လွှတ်တော်ကတော့ အရင် ဖြစ်ဖူးပြီးသား ဆိုတော့ သိကြပြီးသားပါ။

NLD မှာ ကိုယ်စားလှယ်လောင်း ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပခုက္ကူ အပါအ၀င် အချို့နေရာတွေမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာတာတွေနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ် ပြောကြားချင် ပါသလဲ။ဗဟိုဦးစီး စနစ်လို့ပဲ မြင်နေတယ်။ ဒီပုံအတိုင်းကတော့။ အောက်ခြေမှာ ဖြစ်တာတွေနဲ့ ကွဲလွဲနေတယ်ဆိုတော့ ဗဟိုဦးစီး စနစ်ပဲ။ အဲဒီလိုပဲ မြင်ပါတယ်။

ဦးစံဌေးတို့ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး စီအီးစီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်သလား။ မှားသလား။ ကျွန်တော့်ကို ဖြစ်တဲ့ကိစ္စတော့ မပြောလိုပါဘူး။ ဒါပေမဲ့ လေ့လာပြီးတော့မှ ဖြစ်ဖို့ကောင်းတယ်ဗျ။ ကျွန်တော်ဆိုလည်း ဘာမှမဟုတ်ဘဲ ကြေညာချက်မှာ ထည့်ထားတာ။ ကျွန်တော် ခရိုင်ဥက္ကဋ္ဌ တာဝန်ယူ ထားတာကို ခရိုင်အလုပ်မှုဆောင်ပဲ ထည့်ရေးတယ်။ အဲဒါတွေက ဘယ်လို ဒီက သတင်းပို့တဲ့သူတွေရဲ့ အာဘော် အတိုင်း ရေးတာလား။ ဗဟိုက စိစစ်ပြီးတော့ ရေးသလား ဆိုတာလည်း စဉ်းစားရ ခက်ပါတယ်။
ခုလို ဖြစ်ခဲ့တဲ့ အခြေအနေ ပေါ်မှာကော ဘယ်လိုမြင်ပါသလဲတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် မမြင်ဘူးဗျ။

NLD စီအီးစီရဲ့ လူထုအကျိုးကို မကြည့်ဘူး။ ပါတီအကျိုးကို ကြည့်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ၊ စီအီးစီတွေကို နုတ်ထွက်ပေးဖို့ ပြောနေကြတာတွေရှိတယ်။ အဲဒီအပေါ်ရော ဘာပြောချင်ပါသလဲ။ အဲဒါ တော့ ကျွန်တော်မပြောလိုပါ ဘူး ခင်ဗျ။ မဝေဖန်လိုပါဘူး။အထောက်အထားမရှိဘဲနဲ့ ထုတ်ပယ် လိုက်တယ်ဆိုတော့ အန်ကယ့်ရင်ထဲမှာ ဘယ်လိုခံစားရလဲ။

ကျွန်တော်တို့ စိတ်မကောင်းတာ ပေါ့ဗျာ။ တစ်လျှောက်လုံးလည်း ကောင်းကောင်းမွန်မွန် လုပ်ခဲ့တယ်။ ဘာမှ မဖြစ်ခဲ့ဘဲနဲ့ ဘယ်လိုဆုံးဖြတ်ချက်နဲ့လည်းဆိုတာ မသိရတော့ စိတ်ထဲ မကောင်းတာ ပေါ့။ဒေါ်အောင် ဆန်းစုကြည် ပခုက္ကူကို ရောက်လာခဲ့မယ်ဆိုရင် အထုတ်ခံရတဲ့ ဒီကိစ္စကို တင်ပြသွားဖို့ ရှိပါသလား။ကျွန်တော် တို့ ကတော့ မပြောတော့ပါဘူး။ သူကတော့ တွေ့ခံမှာလည်း မဟုတ်ပါဘူး။ ဘာမှ အောက်ခြေလည်းမသိ၊ ကျွန်တော်တို့ ကိုလည်း မမေးဘဲနဲ့ သူတို့ဟာ သူတို့သဘောနဲ့ လုပ်တယ်လို့ပဲ မြင်ပါတယ်။

Messenger News Journal

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ