လူငယ်အဆိုတော်
ဘန်နီဖြိုး၏ ချစ်သူဖြစ်ပြီး ကြော် ငြာနှင့် ဖက်ရှင်ဓာတ်ပုံများရိုက်
ကူးနေသည့်
လူငယ်မိတ်ကပ် ပညာရှင် Hanna Yuri က ၎င်း၏ ပထမဆုံးအတွေ့အကြုံအဖြစ် ကျော်သူ၊ ရန်အောင် စသည့် ဝါရင့်သရုပ်ဆောင်ကြီးများအ တွက် သရဲဇာတ်ကောင်မိတ်ကပ် အထူးပြုလုပ်ချက်ကို ဇာတ်ကား တစ်ကားစာ တာဝန်ယူပြင်ဆင် ပေးခဲ့ကြောင်း သတင်းရရှိသည်။
‘‘မိတ်ကပ်ပညာကို ဘန် ကောက်မှာသွားရောက်သင်ယူခဲ့ တာပါ။ မိတ်ကပ်ပြင်တယ်ဆိုရင် အများစုက နဂိုရုပ်ထက်ပိုလှတာ ကိုပဲပြင်ကြတာ။ ညီမက ရိုးရိုး မိတ်ကပ်ပညာရော ခပ်ဆိုးဆိုး သရဲဇာတ်ကောင်လိမ်းခြယ်ခြင်း ကိုပါ သင်ယူထားတယ်။ သရဲ ဇာတ်ကောင်လိုမျိုးလိမ်းခြယ်ပေး ရတာကိုလည်း ညီမက ဝါသနာပါ တယ်လေ’’ဟု Hanna Yuri က ပြောသည်။
‘‘ဒါရိုက်တာ ဦးဝင်းထွန်း ထွန်းရိုက်မယ့် ဝိညာဉ်စိမ်းဇာတ် ကားအတွက် ဦးကျော်သူနဲ့ ဦးရန် အောင်ကို ပိုစတာရိုက်ဖို့အတွက် အစမ်းပြင်ပေးထားပါတယ်။ ရိုးရိုး လှအောင်လိမ်းရတဲ့မိတ်ကပ်နဲ့ မတူဘူးပေါ့။ သရဲမိတ်ကပ်က ကြောက်စရာကောင်းပြီး ရုပ်ဆိုး အောင်ပြင်ပေးရတာဆိုတော့ ကိုယ့်ရဲ့အိုင်ဒီယာနဲ့လည်းဆိုင် သွားတယ်။ ဆန့်ကျင်ဘက်လည်း ဖြစ်တော့ အသေးစိတ်လိမ်းပေးရ တာပေါ့’’ဟု Myanmar Media 7 မှ စီစဉ်သော ‘ဝိညာဉ်စိမ်း’ဇာတ် ကားတစ်ကားလုံးစာအတွက် သရဲဇာတ်ကောင်များကို တာဝန်ယူပြင်ပေးခြင်းနှင့် ပတ်သက်၍ လည်း ၎င်းက ပြောသည်။
အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် သရုပ်ဆောင်များဖြစ် သော မင်းမော်ကွန်း၊ မြင့်မြတ်၊ ဟိန်းဝေယံနှင့် ကျော်ကျော်ဗိုတို့ ကိုလည်း သရဲဇာတ်ကောင်များ အဖြစ် ၎င်းက မိတ်ကပ်လိမ်းခြယ် ပေးမည်ဖြစ်သည်။
မိတ်ကပ်အမျိုးအစားစုံလိမ်း ခြယ်ခြင်းဆိုင်ရာများကိုလည်း စက်တင်ဘာလဆန်းတွင် ကိုယ် ပိုင်သင်တန်းကျောင်းဖွင့်လှစ်ပြီး သင်တန်းသားများအား ပြန်လည် သင်ပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘မိတ်ကပ်ပညာကို အရမ်း ဝါသနာပါလို့ သင်ယူဖြစ်ခဲ့တာပါ။ ကျောင်းစစတက်တော့ အိမ်က သဘောမတူဘူး။ မယုံကြည်ဘူး ပေါ့။ ကိုဘန်နီဖြိုးကတော့ အား ပေးတယ်။ ကျောင်းတက်ဖြစ် အောင်လည်း သူပဲအားပေးခဲ့တာ။ အခု မိတ်ကပ်စတူဒီယိုကိုလည်း သူပဲအစအဆုံး လိုက်ကူညီပေး တယ်’’ဟု Hanna Yuri က ပြော သည်။
7 day

No comments:
Post a Comment