Thursday, August 20, 2015

ဒီချုပ်အမတ်လောင်းများမီဒီယာများသို့ ဖြေကြားခြင်း၊ ဟောပြောခြင်းမပြုလုပ်ရန် ပါတီက တားမြစ်




လာမည့်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စား ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို သတင်းမီဒီယာနှင့် တွေ့ဆုံဖြေကြားခြင်း၊ ဆွေးနွေး ဟောပြောမှုများမပြုလုပ်ရန် ဗဟို အလုပ်အမှုဆောင်အဖွဲ့က ကြေ ညာချက်ထုတ်ပြန်သည်။
ကိုယ်စားလှယ်လောင်းများအနေဖြင့် ထုတ်ပြန် ပြဋ္ဌာန်းထားသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီထားသည့် ကျင့်ဝတ်များကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြုရွေးရန် တာ ၀န်ပေးအပ်ထားသော ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများ၊ အခြားသောသတင်းမီဒီယာများနှင့် ပြင်ပဟောပြောပွဲများတွင် ပုဂ္ဂလိက သဘောဖြင့်လည်းကောင်း၊ အဖွဲ့ချုပ်ကိုကိုယ်စားပြု၍သော်လည်းကောင်းဟော ပြောခြင်း၊ အပြန်အလှန်ဆွေးနွေး ခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ပြင်ပ ဆွေးနွေးပွဲများတွင် ပင်တိုင်ဆွေး နွေးသူအဖြစ် ဆောင်ရွက်ခြင်းစ သည်တို့မပြုလုပ်ကြရန် တားမြစ် ကြောင်း ကြေညာချက်တွင်ဖော်ပြ ထားသည်။
သြဂုတ် ၂၀ ရက်စွဲဖြင့်ထုတ် ပြန်ထားသည့် ယင်းကြေညာချက် ၌ ကိုယ်စားလှယ်လောင်း စိစစ် ခြင်း လုပ်ငန်းကိုလည်း ဆောင် ရွက်လျက်ရှိနေပြီး မကြာမီတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲများက အတည်ပြုကြေညာ တော့မည်ဖြစ်ကြောင်း  ဖော်ပြ ထားသည်။  
 ‘‘လိုအပ်လို့ ထုတ်တာပဲ။ အကုန်လိုက်နာရမှာပေါ့။ ဒီအချိန် က အရမ်းအရေးကြီးတဲ့အချိန်ဖြစ် နေတယ်။ ဥပဒေနဲ့အညီနေထိုင်ဖို့ လိုတယ်’’ဟု အထက်ပါထုတ်ပြန် ချက်ကို ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက သုံးသပ်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် လာမည့်ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃၂၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၆၇ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် ၆၅၉ ဦး၊ စုစုပေါင်း ၁၁၅၁ ဦးဖြင့် ကိုယ်စားလှယ်လောင်းဦးရေအများဆုံးဝင် ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်သွင်းထားသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ