Tuesday, August 25, 2015

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ မဖြစ်ကြစေရန် နိုင်ဂျီးရီးယားခရီးစဉ်တွင် အိုဘားမားပြောကြား။

အမေရိကန်သမ္မတ အိုဘားမားဟာ သူ့ ရဲ့ နိုင်ဂျီးရီးယားခရီးစဉ်နောက်ဆုံးနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လိုမဖြစ်စေဖို့ ပြောကြားလိုက်ပါ တယ်။ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ကျွန်တော်တို့ မျှော်လင့်ထားတာထက်ပိုပြီးပြောင်းလဲနိုင်ခဲ့သလို၊ ဒေါ်အောင်းဆန်းစု ကြည်အပေါ် မျှော်လင့်ထားခဲ့တာတွေဟာ အခုထိ ဘာတခုမှ ဖြစ်မလာခဲ့ပါဘူး။

ဒါအပြင် မြန်မာနိုင်ငံတွင်းမငြိမ်သက်မှု့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိဉာဏ်ကင်းမဲ့တဲ့ စကားလုံး တွေကြောင့်ဖြစ်တယ်လို့  နိုင်ငံတကာသုံးသပ်ချက်ထုတ်ပြန်ရာမှာ အမေရိကန်အမတ်တချို့နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသုံးသပ်ထားတာကိုတွေ့ရပါတယ်။

ဒါကြောင့်နိုင်ငံတစ်နိုင်ငံ ပြုပြင်ပြောင်းလဲနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လို “ အထင်သာကြီးတတ်ပြီး အမြင်မကြီးတတ်တဲ့ " လူပိုတွေမဖြစ်စေဖို့၊ မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ပေါင်းစည်းလိုက်ကြတဲ့ “ရခိုင် အမျိုးသားပါတီကို အတုယူကြဖို့” တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။


by pyisoemg

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ