Tuesday, June 3, 2014

စည်းလုံးကြပါ …တို့မြန်မာ….

စည်းလုံးကြပါ …တို့မြန်မာ….

အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆို ရင် ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ အနော် ရထာမင်းစောလက်ထက်၊ဒုတိယမြန်မာနိုင်ငံတော် ကိုတည်ထောင်ခဲ့တဲ့ ဘုရင်နောင်မင်းတရားကြီး လက်ထက်၊ တတိယမြန်မာနိုင် ငံတော်ကိုတည်ထောင်ခဲ့ တဲ့ အလောင်းဘုရား လက်ထက်တို့မှာသာ စုစည်း ညီညွတ်တဲ့ နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့ကြပါ တယ်. သို့သော် နောက်ပိုင်းခေတ်တို့တွင် မြန်မာနိုင်ငံမှာ ဟိုမှာမင်းတစ်ပါး ဒီမှာနယ်စားတစ်ဦး၊ ဒီမှာမြို့စား တစ်ဦးနဲ့ နိုင်ငံငယ်လေးအတွင်းမှာဘဲ ထီးတွေနန်းတွေ ဗိုလ်တွေဟာ မှိုလိုပေါက်လာခဲ့ရပါတယ်။ ထိုကဲ့သို့ဗိုလ်များရာကနေ သူတစ်လူငါတစ်မင်းနဲ့ အချင်းချင်းစိတ်ဝမ်းကွဲ ကာ နွားကွဲလျှင်ကျား ကိုက် အဖြစ်မျိုးကြုံရပြီး သီပေါမင်းပါတော်မူခဲ့ရသည်အထိ တိုင်းပြည်နွံနစ် ကျွန် ဖြစ်ခဲ့ရပါတယ်။
မြန်မာ့ရာဇ၀င်မှာ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် တွင် မေတ္တာနဲ့ရရှိခဲ့တဲ့ တိုင်းရင်း သားစည်းလုံး ညီညွတ်မှုကြီးကို ဥမကွဲ သိုက်မပျက်ဖြစ်အောင် ကြိုးစား စွမ်းဆောင်ပေး ခဲ့ပြန်ပါတယ်။ ယနေ့ အချိန်အခါ သည် မလုပ်တတ်မကိုင် တတ်လျှင် တိုင်းပြည်တစ်ဖန်နွံနစ် ကျွန်ပြန်ဖြစ်မည့်အရိပ် အငွေ့တွေလွှမ်းခြုံနေ ပါသည်။
ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီ အစ်ကိုမောင်နှမများအားလုံး စည်းလုံး ညီညွတ်ကြရမယ်။ အနော်ရထာ၊ဘုရင့်နောင်၊အလောင်းဘုရားတို့လက်ထက် ကကဲ့သို့ စည်းလုံး ညီညွတ်ကြရပါမယ်။ သူတစ်လူ ငါတစ်မင်းနဲ့ အချင်းချင်းပြိုင်ဆိုင် သတ်ဖြတ်နေရ လျှင် အင် အားကုန်ခန်းပြီး သူ့ကျွန်ဘ၀ကို တစ်ဖန်ပြန်ရောက် သွားမှာမျိုးကို မလိုလားပါ။
ဒီလိုဘ၀ဆိုးမျိုးကို ပြည်ထောင်စုကြီးဘယ်တော့မှ ပြန်ရောက်မသွားရအောင် ကြိုးစားဖို့တာဝန် မှာ နိုင်ငံသားတိုင်းရဲ့တာဝန်သာဖြစ်ပါ သည်။ မိမိနိုင်ငံ ၊မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ရာ မှာ နှလုံးရည်လိုလျှင် အဆင်သင့်ပေးနိုင်ကြရ မှာဖြစ် သလို လက်ရုံးရည်ကိုလိုလျှင်လည်း အဆင် သင့် ပေးနိုင်ကြရ ပါမယ်။ ဒါမှသာ အမိပြည်ထောင် စုမြန်မာနိုင်ငံကြီး အစိတ်စိတ်အမွှာမွှာကွဲပြိုသွားမယ့်ရန် က ကာကွယ်နိုင်မှာဖြစ်ပြီး အမျိုးဘာသာသာသနာ လည်း ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်…။
စည်းလုံးကြပါ …တို့မြန်မာ….
                                  ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ