Monday, June 22, 2015

ခရီးသွားမော်တော်ယာဉ် ၁ စီးအား RCSS/SSA အဖွဲ့မှ မိုင်းထောက် ဖောက်ခွဲမှုကြောင့် ဒေသခံခရီးသွားပြည်သူ များ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်၊ ပင်လုံ-လဲချားကားလမ်း၊ ၉ မိုင်တိုင်အနီး၌ ဇွန်လ ၁၈ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ ခရီးသွားမော်တော်ယာဉ် ၁ စီးအား မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ယင်းဒေသခံ ပြည်သူများ ထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ပင်လုံ-လဲချားကားလမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ် ၁ စီးအား ၉ မိုင်တိုင်အနီး၌ အဝေးထိန်းမိုင်း ၂ လုံးဖြင့်ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရ သည်။

“မိုင်းကွဲတဲ့အချိန်ကတော့ ဂျိမ်းခနဲပဲ၊ ကားကိုတော့လာမထိဘူး၊ ကားနောက်မှန်တော့ ကွဲသွားတယ်၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်တယ်ဗျ၊ လန့်လို့ ဘေးတောင်စောင်းနေမှာ ဆင်းပြီးပုန်းနေတာ၊ ၁၅ ချက် လောက် ပစ်ပြီးတော့ မပစ်တော့ဘဲ ရပ်သွားတယ်”ဟု ယာဉ်မောင်းကပြောကြားသည်။အဆိုပါ မိုင်းဖောက်ခွဲမှုဖြစ်စဉ်ဖြစ်ပွားမှုကြောင့် လူထိခိုက်ဒဏ်ရာမရရှိဘဲ၊ ယာဉ်၏ဘယ်ဘက်အခြမ်းတွင် လက်နက်ငယ်ကျည် ၂ ချက်ထိမှန်၍ ကားနောက်မှန် ကွဲခဲ့ကြောင်း သိရှိရသည်။

“ဒီလိုမျိုး ခရီးသွားပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်တာတော့ မဖြစ်သင့်ဘူးဗျ၊ ဒီမှာက ဒီလမ်းခရီးမှာပဲ သွားလာနေကြတာ၊ ဒေသခံတိုင်းရင်းသားတွေက ဒီလမ်းမှ မသုံးရင် ဘယ်လိုလုပ်ရမလဲ၊ ခရီးသွားဖို့တောင် ထိတ်လန့်နေကြပြီ”ဟု ပင်လုံမြို့မှစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ အသုံးပြုနေသော ကားလမ်း ပေါ်တွင် မိုင်းထောင်ဖောက်ခွဲမှုမှာ တရားလွန်သောလုပ်ရပ်ဖြစ်ကြောင်းနှင့် ဒေသခံတိုင်းရင်းသားတို့မှာ ၎င်းတို့ ကောက်ခံသမျှ ဆက်ကြေး၊ ရိက္ခာ၊ လူသစ်များပေးနေရသည့်အပြင် အပြစ်မဲ့ပြည်သူများကို ငြိမ်းချမ်းရေးကိုခုတုံးလုပ်၍ ၎င်းတို့အကျိုးစီးပွားအတွက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပင်လုံမြို့ခံ ကျောင်းဆရာတစ်ဦးကပြောကြားသည်။

စိုင်းအောင်လင်း
Shan

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ