Sunday, June 7, 2015

အဆင့်မြင့် ပညာရေးလိုချင်လျှင် ဒီချုပ်ကို မဲပေးရန် တက္ကသိုလ်ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ဒီမိုကရေစီအဆင့် မြင့်စံချိန်စံနှုန်းအရ အဆင့်မြင့်ပညာရေးလိုချင်ပါက ၎င်း၏ပါတီကိုမဲပေးကြရန် တက္ကသိုလ်ကျောင်းသားများအား ပြောကြား လိုက်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၇ ရက်က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်အဆင့်မြင့်ပညာရေးဥပဒေနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့နယ်ပေါင်း ၁၈ မြို့နယ် တက္ကသိုလ် ၁၅ ခုမှ ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး အား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘ဒီမိုကရေစီအဆင့်မြင့်စံချိန်စံနှုန်းအရ ပညာရေးအဆင့်မီချင်တယ်ဆိုရင် သူ့ပါတီကိုမဲပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်။ ကျောင်းသားတွေက စပြောတာပါ။ ဒေါ်စုပါတီကိုပဲ မဲပေးမှာ ပါလို့’’အဆင့်မြင့်ပညာရေးဥပဒေနှင့်ပတ်သက်၍ တက်ရောက်ဆွေးနွေးသော ချောက်နည်းပညာတက္ကသိုလ် မှ ကိုသက်မှူးလွင်က ပြောကြား သည်။

‘‘အဲဒီလိုပြောသွားတယ်။ အခုလက်ရှိအနေအထားက ဒီမိုကရေစီရဖို့က အရေးကြီးပါတယ်တဲ့။ သူ့ပါတီကို မဲပေးမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမယ်။ ဒီမိုကရေစီကိုရမယ်လို့ပြောသွားတယ်။ အရင်ဆုံး အရေးကြီးတာ က ဒီမိုကရေစီရဖို့အရေးကြီးပါတယ်တဲ့။ အဲဒါကြောင့် သူ့ပါတီကိုမဲပေးပါလို့ ပြောသွားတယ်’’ဟု ရွှေဘို ခရိုင်ဗကသကျောင်းသားများအ ဖွဲ့ချုပ်မှ ကိုဝသန်က ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေနှင့်အဆင့်မြင့်ပညာရေးဥပဒေတို့ ဆွေးနွေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်နှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများကို ခေါ်ယူ၍ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့ နေအိမ်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ