အင်တာမီလန်အသင်းသည် မိုနာကိုမှ ပြင်သစ်ကွင်းလယ်လူ ကွန်ဒေါ့ဘီယာကို ပြောင်းရွှေ့ကြေးယူရို ၃၅ သန်း ဖြင့် ခေါ်ယူရန် သဘောတူလိုက် ပြီဖြစ်သည်။
မန်ယူ၊ အာဆင်နယ်စသည့် ပရီးမီးယားလိဂ် အသင်းကြီးများက ချိတ်ဆက်ခဲ့သော်လည်း ကွန်ဒေါ့ဘီယာ သည် အင်တာနှင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကာ ထိုအသင်းက ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူ ခဲ့ခြင်း ဖြစ် သည်။
၎င်းသည် စပိန်ကလပ်ဆီဗီလာမှ ၂၀၁၃ ဩဂုတ်တွင် မိုနာကိုသို့ ပြောင်းခဲ့ပြီး ထိုအသင်းတွင် ၄၉ ပွဲ ပါဝင်ကစားခဲ့သည်။
၎င်းသည် အာဆင်နယ်နှင့် တွေ့ခဲ့သည့် ပြီးခဲ့သော ချန်ပီယံလိဂ် (၁၆) သင်းအဆင့် နှစ်ပွဲစလုံး တွင် ပါဝင်ခဲ့ပြီး အမ်းမရိတ်တွင် ကစားသော ပထမပွဲ၌ တစ်ဂိုးသွင်းယူပေးခဲ့သည်။
—Ref: BBC
No comments:
Post a Comment