ဒေါ်လာဈေးမြင့်တက်နေပြီး မြန်မာကျပ်ငွေဈေးနှုန်းကျဆင်းလာ၍ ပြည်သူများစိုးရိမ်နေသဖြင့် ပြည်ထောင်စုအစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းနေသည်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို ခေါ်ယူ၍ အရေးပေါ်ဆွေးနွေးခဲ့သည်။
‘‘ဒီနေ့ ဆွေးနွေးပွဲမှာ ဒေါ်လာဈေးတက်လို့ ပြည်သူတွေစိတ်ပူနေကြတယ်။ ဘယ်လိုကိုင်တွယ်ကြမလဲ ဆိုတာ ဆွေးနွေးကြတယ်။ အစိုးရရော၊ ဗဟိုဘဏ်ကရော ဒီကိစ္စကို ကိုင်တွယ်ဖို့ အတွေ့အ ကြုံမရှိဘူး ဖြစ်နေတယ်။ ဗဟိုဘဏ်ကလုပ်မယ့် နည်းလမ်းနှစ်ခု၊သုံးခုလောက်ချပြသွားတယ်’’ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသူများအသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကပြောသည်။
ဒေါ်လာဈေးနှုန်းမြင့်တက်လာမှု၊ မြန်မာ့ကျပ်ငွေဈေးနှုန်းကျ ဆင်းလာမှုနှင့် ပတ်သက်၍ ယနေ့ မွန်းလွဲ ၃ နာရီကဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ လွှတ်တော်ရေးရာကော်မတီများနှင့်သက် ဆိုင်ရာဝန်ကြီးဌာန များမှ တာဝန်ရှိသူများဆွေးနွေးအဖြေရှာဟု အထက်ပါဆွေးနွေးပွဲအကြောင်းကို လွှတ်တော်နာယက သူရဦးရွှေ မန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ယင်းဆွေးနွေးပွဲတွင် လွှတ်တော်ငွေကြေးလုပ်ငန်းဆက်စပ်သည့် ကော်မတီများမှဥက္ကဋ္ဌများ တက်ရောက် ခဲ့ပြီး အစိုးရဘက်မှဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တို့ တက်ရောက်ခဲ့သည်။ ဒေါ်လာဈေးမြင့်တက်ခြင်းကိုထိန်းချုပ်ရန် လွှတ်တော်မှ ၀င်ရောက်ထိန်းညှိလို သော်လည်း ဗဟိုဘဏ်ကတင်ပြသော နည်းလမ်းများကိုသဘောတူခဲ့ကြောင်း ဒေါက်တာဝင်းမြင့်က ပြော သည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးတည်ငြိမ်စေရန် ပထမဦးစားပေးအနေဖြင့် ပုဂ္ဂလိကဘဏ်များကိုသာမက သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းရှင်များနှင့် အခြားဒေါ်လာလိုအပ်သည့်နေရာများတွင် ဒေါ်လာတိုက်ရိုက် ရောင်းမည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောခဲ့ ကြောင်း ဒေါက်တာဝင်းမြင့်က ဆိုသည်။
7Day Daily
No comments:
Post a Comment