Thursday, June 4, 2015

ကွမ်းရွက်နှင့်ပျောက်ကင်းသောရောဂါများ

နှလုံးရောဂါ(Heart Attack)

နံနက်ရေချိုးပြီးတိုင်း ရင်ဘတ်နှလုံးတည့်တည့်နေရာ လက်ဝဲဘက်ရင်အုံမှာ နေ့စဉ်ကွမ်းရွက်တရွက်ကပ်ပါ နှလုံးနှင့်ဆိုင်သောရောဂါမှန်သမျှ အကောင်းဆုံးစက်လေးတလုံး တပ်ထားသလိုကို အကောင်းဆုံးကာကွယ် ပေးပါတယ်။

မျက်စိရောဂါနှင့်ရေတိမ်ရောဂါ

ညတိုင်းကွမ်းရွက်ကပ်ရင် ( ၈ ) လနှင့်(၁၄ ) လအတွင်းမျက်မှန်ချွတ်နိုင်ပါသည်။ မျက်လုံးထောင့်များ၌ လက်မခွံအရွယ်ကွမ်းရွက်ကို ရေစွတ်၍ကပ်ပါ။အဓိကမှာ မျက်လုံးနှင့်နှာခေါင်းဘက်ထောင့်နှစ်ခုကို ဂရုပြု့ ကပ်ပါ နေ့အခါလဲကပ်နိုင်ပါတယ် computer ကြည့်သူTv ကြည့်သူများ Fb သုံးသူများလဲ ကပ်သင့်ပါ သည်။

မျက်လုံးအလုံးလိုက်ကိုက်သောရောဂါ

ရေတိမ်ရောဂါ၊ မှုန်တဲ့ရောဂါ၊ မူးတဲ့ရောဂါနှင့် နုသောတိမ်များပျောက်ကင်း၏။နားထိုင်း ၊ နားလေးရောဂါ
ကွမ်းရွက်ကို ဒင်္ဂါးဝိုင်းပမာဏခန့်ဆုပ်ယူပြီး ခပ်လုံးလုံးလေးလုပ်ကာ နားဝတွင်းထည့်ပေးလျှင် နှစ်လမျှ ထည့်ပေးရုံနှင့် သိသိသာသာပျောက်ကင်း၏။

သတိပေးလိုသည့်အချက်မှာ

နားကို မြက်ထိပ်၊ သတင်းစာ၊ ဂွမ်းတုတ် စသည်တို့နှင့်အယားဖြေတာမျိုးမလုပ်ပါနှင့်။ လုပ်လျှင်အကျင့် ပါသွားပြီး ဆက်ကာဆက်လုပ်ဖြစ်သွားကာ ဧကန်နားပင်းတော့မှာဖြစ်ပါ၏ ။အဘယ်ကြောင့်ဆိုသော် နားထဲမှ အာရုံခံအသံကြားအမျှင်လေးများ ပျက်စီးသွားသောကြောင့်ဖြစ်သည်။အာခေါင်မှာ အပူဖုတွေ ဖြစ်လာလျှင် လက်နှစ်လုံးလောက်ကွမ်းရွက်ကို ကပ်ပြီး လျှာနှင့်ထိန်းထားပါ ။တစ်နေ့တစ်ညသာသာနှင့် ရောဂါပျောက်၏။
လျှာမှာ နာကျင်ပူလောင်နာဖြစ်ခဲ့လျှင်လည်း အထက်ပါနည်းအတိုင်း ပြု့လုပ်ပါပျောက်ကင်း၏။

သွားဖုံးခုံးထပြီးနာလျှင် ကွမ်းရွက်ငုံ ကွမ်းရွက်ကပ်ပါ။နားထင်တွင် ကွမ်းရွက်ကပ်ပါ။ ခေါင်းကိုက်ပျောက်၏။
ကွမ်းရွက်၏ကောင်းကျိုးများစွာ ရှိပါသည်။ ဆက်လက်ဖေါ်ပြပါမည်။

မှတ်ချက်
 
ဆရာကြီးမှဝေမျှသော မသိသူကျော်သွား သိသူဖေါ်စား စာအုပ်မှ ဖေါ်ပြပါကြောင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ