ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိကကျသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ် သည့် အစီရင်ခံစာတစ်စောင်ကို ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်းပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)တို့နှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်း မည်ဖြစ်ကြောင်းလျာထားထည့် သွင်းထားသည်။
ယင်းအစီရင်ခံစာတင်သွင်းပြီးချိန်တွင် ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း အစီအစဉ်တွင်ထည့် သွင်းထားသည်။
အခြေခံဥပဒေပုဒ်မ ၄၃၆နှင့် ပုဒ်မ ၅၉(စ)တို့ အပါအ၀င်ပုဒ်မ အချို့ကို ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းကို ဇွန်လ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်းဥပဒေကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ အဓိကအကျဆုံးပုဒ်မဖြစ်သည့် ပုဒ်မ ၄၃၆၊ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် တားမြစ်ထားသည့် သမ္မတအရည်အချင်းသတ်မှတ်ချက်ပုဒ်မ ၅၉(စ)တို့ကိုအနည်းငယ်ပြင်ဆင်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ပြည်ထောင်စုအစိုးရထံမှ လုပ်ပိုင်ခွင့်ပိုမိုရရှိစေမည့် ပြင်ဆင်ချက်များပါဝင်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအမတ်များဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ် ၂၃၄ဦး၏ ထောက်ခံမှုဖြင့် ယင်းဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းလိုက်ခြင်းဖြစ် သည်။
ပြည်သူလူထုက ပြင်ဆင်ပေးရန် တောင်းဆိုထားသည့်ပုဒ်မ ၄၃၆နှင့် ပုဒ်မ ၅၉(စ)တို့ကို ပြင်ဆင်ပေးရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်းအဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ အဆို တင်သွင်းခဲ့ သည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းဇော်ကပြောသည်။
ပုဒ်မ ၄၃၆(က)၏ မူလပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတအရည်အချင်း သတ်မှတ်ချက် များအပါအ၀င် အဓိကကျသည့်ပုဒ်မပေါင်း ၉၀ ကျော်တို့ကို ပြင်ဆင်လိုပါက ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် သာပြင်ဆင်ရမည်ဟု ဖော်ပြထား သည်။
No comments:
Post a Comment