မြန်မာ လက်ရွေးစင် အသင်းကြီးသည် ယနေ့ညနေ ၆နာရီခွဲ အချိန်တွင် ဘန်ကောက်မြို့ ရာဇမင်္ဂလာ ကွင်းကြီးထဲတွင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များကို အွန်လိုင်းကနေ တဆင့် ကြိုတင်ဝယ်ယူနိုင်သလို ကွင်းလက်မှတ် ဂိတ်များတွင်လည်း နေ့လည် ၁နာရီကနေ စတင်ပြီး ၀ယ်ယူနိုင်ကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောကြားထားပါတယ်။ လက်မှတ်ခများကတော့ ဘတ် ၅၀၀၊ ၃၀၀၊ ၂၀၀၊ ၁၀၀ များ ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက +66 9556 22725 ကို ဆက်သွယ်ပြီး အချိန်မရွေး မေးမြန်းနိုင်ကြောင်း ပြောကြား ထားပါတယ်။ရုပ်သံများ ဖြစ်သည့် Skynet sport နှင့် MNTV တို့မှလည်း တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရပါသည်။
“ကျွန်တော်တို့ မြန်မာ ပရိသတ်တွေ အတွက် ဒီပွဲကို မြန်မာပြည်မှာ တိုက်ရိုက် ပြသနိုင်ဖို့ စီစဉ်ထားပြီး ပါပြီ။ ရိုက်ကူးပေးမယ့် အဖွဲ့က ဒီက နာမည်ကြီး ရုပ်သံ ကုမ္ပဏီ ဖြစ်တဲ့ True Vision ဖြစ်ပါတယ်။ သူတို့က ရိုက်ကူးပြီးတဲ့ Signal ကို ထိုင်းဂြိုဟ်တုက တစ်ဆင့် Sky Net ကို ယူလို့ရအောင် တင်ပေးမှာပါ။ ဒီလို လုပ်ဖို့ အတွက်လည်း MFF အနေနဲ့ IMG၊ Sky Net၊ True Vision တို့နဲ့ အသေးစိတ် ညှိနှိုင်းပြီး ပါပြီ။ ဒီပွဲကို ဒီနေ့ ညနေ ၆း၃၀ နာရီမှာ MNTV Free to Air နဲ့ Sky Net Sport Channel တွေက ပြသသွားမယ်လို့ သိရပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာနှင့် မြန်မာနေရှင်နယ်လိဂ် C.O.O ဖြစ်သူ ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။
မြန်မာ့သားကောင်း
No comments:
Post a Comment