Karrot အမည်ဖြင့် ကိုယ်ပိုင်အမှတ်တံဆိပ်အင်္ကျီ အဝတ်အစားများထုတ်လုပ်ရန်အစီအစဉ်ရှိပြီး ယခုလ အတွင်း အကောင်အထည်ဖော်သွားမည် ဟု ဘန်နီဖြိုးကပြောကြားသည်။
‘‘ကျွန်တော်က ဆိုင်သီးသန့် မဖွင့်ဘဲ အဝတ်အစားဆိုင်တွေမှာ ကောင်တာတွေလိုက်ဖွင့်မယ်။ လာမယ့် တစ်ပတ်အတွင်းမှာ ကိုဖြိုးလေးရဲ့ကျောက်မြောင်းက Genius ဆိုင်မှာ ပထမဆုံးကောင် တာဖွင့်မယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပထမဆုံးရောင်းချမှုအဖြစ် တီရှပ်နှင့် ဆန်ခါပေါက်ဦးထုပ်များ ရောင်းချမည်ဖြစ်ပြီး ဒီဇိုင်း များကိုလည်း သူငယ်ချင်းတစ်ဦးနှင့်ပေါင်း၍ လုပ်ကိုင်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။
‘‘ကျွန်တော့်ကိုယ်ပိုင် Brandတစ်ခုအနေနဲ့ ကိုဖြိုးလေးတို့၊ ကိုနေဝင်းတို့ ကိုယ့်လူတွေလည်း ရှိနေတော့ ဒီစီးပွားရေးထဲမှာလုပ် ဖြစ်တာ။ စီးပွားဖြစ်ကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ဝါသနာနဲ့ ကိုယ် နဂိုကတည်းက ဒီဇိုင်းလည်း ဆွဲတော့ ကိုယ်ပိုင်ဒီဇိုင်းအနေနဲ့ လုပ်ချင်တဲ့စိတ်နဲ့လုပ်ဖြစ်သွား တာ’’ဟု ဘန်နီဖြိုးကပြောကြားသည်။
ဘန်နီဖြိုးသည် ဇွန်လ ၃ ရက်က အမေရိကန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိခဲ့ပြီး ခရီးစဉ်မှအပြန် လေယာဉ်ကွင်းတွင် လာရောက်ကြိုဆိုခဲ့သည့် ၎င်း၏ အမာခံပရိသတ်များကို ကျေးဇူးတင်ကြောင်းပြောသည်။
‘‘သူတို့က ဘယ်တော့ပြန် ရောက်မလဲမေးတော့ အချိန် အတိအကျမသိသေးဘူး။ ဇွန်လ ၂ ရက်ညပိုင်းတော့ ပြန်ရောက် မယ်ထင်တယ်လို့ပြောထားတာ။ လာကြိုမယ်ထင်မထားဘူး။ ရောက်တော့လည်း ဓာတ်လှေ ကားကဆင်းလာတော့မတွေ့ သေးဘူး။ စိုင်းနဲ့စကားတွေပြော နေတာ။ လှေကားအောက်ရောက် မှ ဘန်နာလေးတွေထောင်ထား တာကိုတွေ့တာ။ ရုတ်တရက် တော့ကြောင်သွားတယ်။ ပြီးတော့ ပျော်လည်းပျော်တယ်။ ဒါက ပထမဆုံးကိုယ့်ကို လာကြိုတာကြုံရတဲ့အတွက် ပျော်လည်းပျော်တယ်။ အရမ်းလည်း ဝမ်းသာ တယ်။ သူတို့ကိုလည်း ကျေးဇူး တင်တယ်’’ဟု ဘန်နီဖြိုးကပြောသည်။
အမေရိကန်ခရီးစဉ်သည် ၎င်းတို့ရည်မှန်းထားသည်ထက် အောင်မြင်မှုရရှိခဲ့ပြီး ပျော်စရာကောင်းသည့် ခရီးစဉ်ဖြစ်ခဲ့ကြောင်း၎င်းကပြောသည်။
‘‘လူပျိုလှည့်တေး ဒီဗီဒီက တော့ ဖြန့်ဖို့နောက်ဆုံးအဆင့် Master ဆွဲတာတွေတော့လုပ်နေ တယ်။ ဒါပေမဲ့ အခုမှခရီးကပြန် ရောက်တာဆိုတော့ နေ့တွေ၊ ညတွေမှားနေလို့ ပြန်မှန်အောင် လုပ်နေရတယ်’’ဟု ၎င်းကပြော သည်။
No comments:
Post a Comment