Tuesday, June 23, 2015

ချီလီနိုင်ငံမှ ထွက်ခွာသွားသော နေမာ အသင်းကို တောင်းပန်

တိုက်စစ်မှူးနေမာ၏ လေးပွဲပယ်ပြစ်ဒဏ်ကို အယူခံမ၀င်ရန် ဘရာဇီးအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ပြီး ၎င်း မပါဝင်ဘဲ ကိုပါအမေရိကပြိုင်ပွဲကို ဖြတ် သန်းရန် စိတ်တုံးတုံးချလိုက်ပြီ ဖြစ်သည်။

ကိုလံဘီယာအား ရှုံးနိမ့်ခဲ့သောပွဲတွင် ဆိုးရွားသောအပြုအမူကြောင့် နေမာသည် အနီကတ်ပြခံရပြီး လေးပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော်ဘရာဇီးအသင်းက နောက်တစ်ပွဲတွင် ဗင်နီဇွဲလားကို ၂-၁ ဂိုးဖြင့် အနိုင်ကစားပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ဘရာဇီးအသင်းတည်းခိုနေရာ ဆန်တီယေဂိုမြို့ ရှယ်ရီတန်မိုတယ်မှ နေမာထွက်ခွာမည်ဟု ဘောလုံး အဖွဲ့ ချုပ်က ပြောသည်။ အသင်း၏အာရုံစူးစိုက်မှု မလျော့ပါးစေရန် ထွက်ခွာခြင်း ဖြစ်သည်ဟု နေမာကလည်းဆို သည်။

‘‘ဒီလိုအခြေအနေမျိုးရောက်အောင် လုပ်ခဲ့လို့ အသင်းဖော်တွေကို တောင်းပန်ပါတယ်။ ဒါဟာ ကျွန်တော့် ကစားသမားဘ၀ရဲ့ သင်ယူစရာဖြစ်လာမှာ သေချာပါတယ်’’ဟု နေမာက ပြောသည်။

7Day  Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ