သယံဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို Golden Land လို့ပင် တင်စားခေါ်ဝေါ်လျက်ရှိပါတယ်။ တကယ် လည်းမြေပေါ်မြေအောက်သယံဇာတ ပေါကြွယ်လှတာကြောင့် နယ်ချဲ့အင်္ဂလိပ်လက်အောက် ကျရောက် စဉ် မြန်မာနိုင်ငံရဲ့မြေပေါ်မြေအောက် သယံဇာတတွေကို အမြောက်အမြားထုတ်ယူသွားခဲ့သော်လည်း လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ သယံဇာတများထွက်ပေါ်နေဆဲပဲဆိုတာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု ဖြစ်ပေါ်လာဖို့ အတွက် အစိုးရအဆက်ဆက်ကမြေပေါ်မြေအောက်သယံဇာတတွေကို ထုတ်ယူကာ နိုင်ငံအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းခဲ့ရပါတယ်။ သို့သော်လည်း နည်းပညာတိုးတက်မှုအားနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတို့ရဲ့ သဘာဝအတိုင်း မိမိနိုင်ငံကထွက်ရှိတဲ့ သယံဇာတတွေကို ကုန်ကြမ်းအဆင့်သာ ပြည်ပသို့တင်ပို့နိုင်တဲ့ အတွက် သယံဇာတကရရှိတဲ့ဝင်ငွေဟာ ထင်သလောက်မရရှိခဲ့တာတွေ့ရပါတယ်။ ထို့အပြင် စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံခဲ့ရတာကြောင့်လည်းနိုင်ငံတကာဈေးကွက်ကို ဝင်ဆန့် နိုင်ခြင်းမရှိဘဲ သယံဇာတများကို အိမ်နီးချင်းနိုင်ငံများကိုသာ အဓိကတင်ပို့နိုင်ခဲ့တဲ့အတွက် နိုင်ငံခြား ဝင်ငွေလျော့နည်းခဲ့ရပါတယ်။
သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဟုဆိုသော်လည်း လက်ရှိအခြေအနေမှာ သစ်တောသယံဇာတကတော့ သိသိသာသာနည်းပါးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း သစ်တောရေးရာဝန်ကြီးဌာနက ပြည်ပသို့ သစ်အလုံး
လိုက်တင်ပို့မှုနဲ့ သစ်အချောထည်တင်ပို့မှုတို့ကို စနစ်တကျထိန်းချုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလို သစ်တောသယံဇာတလျော့နည်းသွားခြင်းဟာ ခေတ်အဆက်ဆက်အစိုးရများ၏ သစ်တောသယံဇာတမှ နိုင်ငံခြားဝင်ငွေရရှိရေးဆောင်ရွက်ရာတွင် ထိန်းချုပ်မှုလျော့နည်းခြင်းကြောင့်ဆိုသည်မှာ မှန်သင့် သလောက်မှန်သော်လည်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ အိမ်နီးချင်းနိုင်ငံများသို့ သူခိုးဈေးဖြင့် ပေါပေါလောလောတရားမ၀င်ထုတ်လုပ်ရောင်းချမှုများကြောင့်လည်း၊ သစ်တောသယံဇာတများ အလျင်အမြန်လျော့ပါးသွားခဲ့ရခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ရသော လက်နက်ကိုင်သောင်းကျန်းမှုများဟာ ကနဦးမှာ အဆိုပါအဖွဲ့အစည်း ခေါင်းဆောင်များရဲ့ နိုင်ငံရေး၊ လူမျိုးရေးဝါဒ အယူအဆများကြောင့်ဖြစ် သော်လည်း နောက်ပိုင်းမှာတော့ မိမိအဖွဲ့အစည်း ရေရှည် တည်တံ့ရေးလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ မိသားစုများနှင့် ဆွေးမျိုးများကြွယ်ဝ ချမ်းသာရေးနှင့် အာဏာတည်မြဲရေးတို့က အဓိက ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေး ကို အစစ်အမှန်ရယူလိုမှုမရှိသည့် အဖွဲ့အများစုမှာ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက် သယံဇာတ ပေါကြွယ်ဝရာနေရာများရှိ လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဆေးဝါးစိုက်ပျိုးမှုဖြစ်ထွန်းပြီး အစိုးရပြည်သူ လူထုနှင့် ဆက်သွယ်မှုကင်းကွာနေသော နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း တွေ့ရှိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် မူးယစ်ဆေးဝါးကို ကမ္ဘာသိထုတ်လုပ်ဖြန့်ဖြူးနေသော အဖွဲ့များ မှာ "၀" ၊ ကိုးကန့်နှင့် မိုင်းလားအဖွဲ့မှဖြစ်ပြီး ဒုတိယမူးယစ်ဆေးဝါး ပြည်တွင်း၊ ပြည်ပသို့ ထုတ်လုပ်ရောင်းချနေသောအဖွဲ့မှာ KIA အဖွဲ့ပဲဖြစ်ပါတယ်။ KIA ဖန်တီးတဲ့စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်များ များပြားနေသော်လည်း KIA ခေါင်းဆောင်ကြီးများကတော့ လက်နက်မှောင်ခို၊ တရားမ၀င်သစ်ထုတ်လုပ်ငန်း၊ တရားမ၀င် ကျောက်စိမ်း၊ ရွှေ၊ ပယင်း တူးဖော်ရေး လုပ်ငန်းများအပြင် ဘိန်းထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုမှရရှိသော ၀င်ငွေများဖြင့် တစ်ဖက်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ကာ ၁၀ သက်တာစားမကုန်အောင်ကြွယ်ဝချမ်းသာနေကြပြီလည်းဖြစ်ပါတယ်။ KIA ခေါင်းဆောင်များဟာ ကချင်တိုင်းရင်းသားများကို ဗမာလူမျိုးကြီးဝါဒမှိုင်းရိုက်သွင်း၍ ၎င်းတို့အဖွဲ့အစည်း အင်အားတောင့်တင်းအောင်ဆောင်ရွက်ခဲ့သော်လည်း ပွင့်လင်းမြင်သာ
လာသည့် လက်ရှိကာလမှာတော့ ၎င်းနည်းဖြင့် အင်အားဖြည့်တင်း၍ မရနိုင်မှန်းသိလာခဲ့ကြပါတယ်။ ဒါ့အပြင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ သယံဇာတအများဆုံးထွက်ရှိရာ ကချင်ပြည်နယ်ကြီးမှ ရရှိပြီးတဲ့ စည်းစိမ်ချမ်းသာမှုများကို မစွန့်လွှတ်နိုင်၍ ၀မ်ပေါင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှခွဲထွက်လိုရေး အိမ်မက်မက်ခဲ့ကြ
ပါတယ်။ ဒါကြောင့်လည်း KIA လက်နက်ကိုင်အဖွဲ့ အင်အားတောင့်တင်းရေးအတွက် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုးများအား နည်းမျိုးစုံဖြင့် အတင်းအဓမ္မလူသစ်စုဆောင်းခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ကြွယ်ဝချမ်းသာလိုစိတ်နဲ့ တရားဝင်ရွှေမှော်၊ ကျောက်မှော်များ၊ တရားမ၀င် ရွှေမှော်၊ ကျောက်မှော်များမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက တိုင်းရင်းသားတွေဝင်ရောက်အလုပ်လုပ်ကိုင် နေကြပါ တယ်။ ဒါ့အပြင် ကုမ္ပဏီများက စွန့်ပစ်မြေစာပုံတွေမှာ သက်စွန့်ဆံဖျား ကျောက်ရှာဖွေနေတဲ့ ရေမဆေးလုပ်
သားများလည်း များစွာရှိနေပါတယ်။ သူတို့တွေဟာလည်း မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့ အပြားကလာတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ ကချင်ပြည်နယ်က ရေမဆေးကျောက်ရှာဖွေသူတွေဟာ ကံတရားအရ သိန်း(ဆယ်၊ ရာ၊ ချီ) တန်တဲ့ကျောက်တွေကို အမြဲတမ်းမရနိုင်ပေမယ့် တစ်ရက်မှာ နေ့ တစ်ပိုင်းအလုပ် လုပ်ရုံလောက်နဲ့ နှစ်သောင်း၊ သုံးသောင်းတန် ထမင်းစား၊ ကျောက်တစ်လုံးတော့ တစ်ရက်ခြားရပါတယ်။ အဲဒီလိုငွေရှာရလွယ်သလို ငွေကုန်ဖို့၊ ငွေဖြုန်းဖို့ကလည်း အရမ်းကိုလွယ်ပါတယ်။ ရွှေမှော်၊ ကျောက်မှော် တွေအနီးမှာ KIA ရဲ့ခွင့်ပြုမိန့်နဲ့ဖွင့်ထားတဲ့ ဘိန်းခန်း၊ အနှိပ်ခန်း၊ ပြည့်တန်ဆာခန်း စုံနေအောင်ရှိပြီး ကျောက်တူးသမားများရဲ့ လုပ်အားခတွေဟာ KIA ခေါင်းဆောင်ကြီးတွေဆီကို နည်းမျိုးစုံနဲ့ ရောက်ရှိခဲ့ ပါတယ်။
အေးမြစိုစွတ်တဲ့ ရာသီဥတုအခံနဲ့ KIA ရဲ့ကောင်းမှုနဲ့ ဖောဖောသီသီရတဲ့ ဘိန်းကိုသုံးစွဲမိသူ တွေဟာ ဘိန်းမစားရရင်အလုပ်မလုပ်နိုင်ဖြစ်ကာ ပိုက်ဆံရဖို့အတွက် အကျင့်စာရိတ္တတွေပျက်ပြားပြီး ဘိန်းစားသူခိုးဖြစ်လာပြန်ပါတယ်။ KIA ခေါင်းဆောင်ကြီးများကလည်း မီဒီယာလွတ်လပ်ခွင့်ကိုအသုံးချ ကာ ၎င်းတို့အနေနဲ့ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်အောင် ဆောင်ရွက်နေကြောင်း၊ Online မှတစ်ဆင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးအရေးယူနေကြောင်း ဝါဒဖြန့်ကြပါတယ်။ ဒါ့ အပြင် ကချင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ၊ ကချင်ပြည်နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကိုခေါ်၍ အစည်းအဝေးပြုလုပ်ခြင်း၊ KIA တပ်ဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ခြင်းများ ဆောင်ရွက်၍လည်း မူးယစ်ဆေးဝါးနှိမ်နင်း ကြောင်းဝါဒဖြန့်ကြပါတယ်။ ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး၊ အဆင့်များသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို သေဒဏ်၊ ထောင်ဒဏ်၊ငွေဒဏ်စသဖြင့် အပြစ်ပေးစီရင်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ မိမိတို့ကချင်လူငယ်မောင်မယ်များသာဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း အစိုးရအဆက်ဆက်မှ ကချင်ပြည်နယ်လူမျိုးများအား အသိအမြင် ဗဟုသုတနိမ့်ကျစေရန် မူးယစ်ဆေးဝါး များအခမဲ့ ဖြန့်ဝေပေးခြင်းကြောင့်ဖြစ်ကြောင်း၊ ဝါဒဖြန့်ခဲ့ရာ တစ်ဆင့် စကာား၊ တစ်ဆင့်နားဖြင့် ကြားရသူတို့ အဖို့ KIA ခေါင်းဆောင်ကြီးများ၏ ဝါဒဖြန့်မှုဟာ ရယ်စရာကြီးဖြစ် နေပါတော့တယ်။
KIA အဖွဲ့အတွင်း ရောက်ရှိနေသူလူငယ်များဟာ ဘိန်းစွဲနေသူများကို အတင်းအဓမ္မဖမ်းဆီး လူသစ်စု ဆောင်းထားသူများ ဖြစ်ပါတယ်။ ဒါ့အပြင် KIA အဖွဲ့အတွင်းရှိ ခေါင်းဆောင်ငယ်များဟာ ကိုယ်ကျိုးစီးပွား အတွက် ၎င်းတို့လှုပ်ရှားရာနယ်မြေအလိုက် ကချင်လူငယ်များကို အစိုးရစစ်တပ်သတင်း ပေးများအဖြစ် အမာခံမွေးမြူကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချစေခြင်းများ ဆောင်ရွက်ခြင်းနှင့် ပြန်ပေးဆွဲ၊ ဓားပြတိုက် ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ယခုလိုသာ KIA ခေါင်းဆောင်ကြီးများ၏ ဘိန်းကိုကိုယ်ကျိုး စီးပွားအတွက် ဖြန့်ဖြူးရောင်းချခြင်း၊ ဘိန်းဖြင့်မြှူဆွယ်၍ လူသစ်စုဆောင်းခြင်း၊ လက်အောက်တပည့်များကို ဘိန်းခန်းများထောင်၍ စီးပွားရှာခြင်းများဟာ နောင်အနာဂတ်ကချင် ပြည်နယ်အတွင်းက လူငယ်မောင်မယ် တို့အတွက် လူညွန့်တုံးစေမယ့်အရေးရင်လေးစရာပဲဖြစ် ပါတယ်....
မနောမောင်(မိုးညှင်း)
No comments:
Post a Comment